သီချင်း ၁၇
များစွာသောလူမျိုးများထဲမှ ယေဟောဝါ၏ “နှင်းပေါက်များ”
၁။ နံနက်နှင်းပေါက်သို့လှပသူ၊
သတို့သမီးကျန်ကြွင်းသူ
ကိုယ်တော်မျက်လုံးတွင်းဖိုးထိုက်လှ၊
အထံတော်တွင်စုရုံးကြ
၂။ မြောက်မြားလှသူတို့အတွင်းမှ၊
သစ္စာကျွန်များနှင်းတမျှ
သူတို့သည် သိမ်မွေ့လန်းဆန်းနေ၊
ငြိမ်းချမ်းရေး စဉ်ကြိုးကုတ်ပေ
၃။ ဖော်မွန်များကျန်ကြွင်းအားဖေးမ၊
ဤနေ့နိုင်ငံ အားကြီးလှ
သိုးအခြားလည်း နှင်းပေါက်တမျှ၊
တူမှုဆောင်ရာ ထူးရွှင်ပျ
၄။ စေတနာနှင့် မှုဆောင်သူတို့၊
တိုက်ပွဲနွှဲယေဟောဝါဖို့
တို့အားလုံးလည်း နှင်းပေါက်အဆင်း၊
ကြေညာနိုင်ငံတော်သတင်း