သီချင်း ၁၇၂
နိုင်ငံတော်ကိုရှေးဦးရှာလေ
(မဿဲ ၆:၃၃)
၁။ ကြောင်းရာတစ်ခုမှာယေဟောဝါ၊
စိတ်ရွှင်လန်းဝမ်းမြောက်စေပါ
နိုင်ငံတော်အုပ်စိုးခရစ်ယေရှု၊
ကြောင်းစုံကိုဖြောင့်စင်းပေးမှု
ပရောဖက်များ ယုံကြည်မျက်စိ၊
နိုင်ငံတော်ကိုမြဲတွေ့ရှိ
တို့ကိုယခုဦးဆောင်ယေရှု၊
နှိုးဆော်မှုတော် ထပ်တူပြု
၂။ မှုဆောင်သူတို့ခွင့်ထူးလှပါ၊
နိုင်ငံတော်ကြွေးကြော်မှုမှာ
ပါဝင်ဆောင်ရွက်ခွင့်ရေးရထား၊
တို့ဂရုပြုဆောင်ရွက်သွား
ဘာကြောင့်စိုးရိမ် နက်ဖြန်နေ့ဖို့၊
သင်တို့ဆာငတ်မည်အဖို့
ပြင်ထားငါတို့ဘုရားလုံးဝ၊
နိုင်ငံတော် ရှေးဦးထားက
၃။ ဤအစီစဉ်ဆုံးရှုံးတော့မှာ၊
ဘုရားစီစဉ်ရောက်သောခါ
ထိုခါချီးမွမ်းမှာ ယေဟောဝါ၊
မြေကြီးပရဒိဖြစ်လာ
နိုင်ငံတော်သတင်းကိုကြေညာ၊
သိုးလိုစိတ်ထား သူမြင်လာ
သူတို့အားထားရာယေဟောဝါ၊
ကိုယ်တော်သီအိုကရေစီသာ
(ထပ်ဆိုရန်)
နိုင်ငံတော်ကိုရှေးဦးရှာလေ၊
ရှင်ယေဟောဝါ ဖြောင့်မတ်ပေ
နာမတော်လုပ်ငန်းထင်ရှားပေ၊
သစ္စာရှိစွာ ဆောင်ရွက်လေ