သီချင်း ၁၄၄
ယုံကြည်ခြင်း ရှိရမည်
၁။ ကြိမ်ဖန်များစွာမိန့်တော်မူခဲ့ရှေးချိန်က၊
မြေကြီးပေါ်ရှိကိုယ်တော် ပရောဖက်များမှ
နောက်ဆုံးမူကားကောင်းကင် သားတော်ဖြင့် မိန့်ကြား၊
နားထောင်လိုက်နာခြင်းဖြင့် လုံခြုံမှုတို့ရ
(ထပ်ဆိုရန်)
၂။ ပြောဆိုခွင့်ရေးမထီလေးစားမပြုရာ၊
သင်ကြားပေးရာရဲရင့် စိတ်ထားမျိုးလိုပါ
ယုံကြည်ခြင်းနှင့် ခြေရာတော်ခံလျှောက်ပါက၊
ယေဟောဝါရှင် လက်တော်မှ ဆုလာဘ်ကိုရ
(ထပ်ဆိုရန်)
၃။ ဖျက်ဆီးခံကြောက်ရွံ့သူတန်းစားမဟုတ်ပါ၊
ကိုယ်တော်အသုံး ပြုမည့် ယုံကြည်သူများသာ
မြောက်မြားရန်သူ ငါတို့တစ်ဖက်ရှိသော်မှ၊
ယုံကြည်ခြင်း ယေဟောဝါ၌ မြဲရှိကြောင်းပြ
(ထပ်ဆိုရန်)
ကျမ်းစာဖြစ်ပွားစေသော ယုံကြည်ခြင်းမျိုးရှိရ၊
ကပ်ကျော်လိုက ထိုသို့သောယုံကြည်ခြင်း ရှိရ
ရှိပါသလား အကျင့်ပါသောယုံကြည်ခြင်း၊
သက်ရှင်ခွင့် ရစေသောဤယုံကြည်ခြင်း