သီချင်း ၁၂၂
“အငယ်ဆုံးသောသူ” ကဲ့သို့ ကျင့်ကြပါစို့
၁။ ဘုရားညွှန်ကြားဂရုပြုသူများ၊
ယနေ့မျက်နှာသာရထား
ဘုရားအားထား လုပ်ဆောင်သူများ၊
ကျိုးမြတ် ကောင်းချီးတော်ခံစား
မစုံလင်ခြင်း အမွေရထား၊
ဆင်းရဲခြင်းများ ခံရငြား
နှိမ့်ချစွာ တို့သင်ယူဖို့လို၊
ကျိုးနွံရာ မြတ်ဘုရားကို
၂။ ‘အငယ်ဆုံးသူကဲ့သို့ကျင့်ကြံ’၊
ခရစ်ယေရှုအားပေးထောက်ခံ
စည်းလုံးခြင်းနှင့်ငြိမ်သက်ရှိစေ၊
ဤသည်စင်စစ်ခမ်းနားပေ
ကိုယ်တော်ထား ကောင်းမွန်လှ စံပြ၊
ကိုယ်တော် ကြီးစွာနှစ်သက်လှ
ကျိုးနွံနာခံ ဘုရားမြတ်ထံ၊
အမှုဆောင်ထမ်း ပြည့်ဝမှန်
၃။ တို့လိမ္မာစွာဦးဆောင်လမ်းပြ၊
အချင်းချင်း တို့လေးစားကြ
နှလုံးတွင်ပိုက်ထားယေရှုသေ၊
တို့ညီအစ်ကိုအတွက်ပေ
ဘုရားနှင့်ဆိုင်ညီအစ်ကိုများ၊
တစ်ဦးစီရင်းနှီးပေးထား
ထို့ကြောင့် ငယ်ဆုံးကဲ့သို့ကျင့်စို့၊
ဝိညာဉ်ရေးရာ မျှတဖို့
၄။ အကြီးအမှူးခေါင်ဆောင်မှုမှာ၊
သိမှတ်စိတ်ကိုထောက်ကူရာ
မည်သို့ကိုယ်ကိုမျက်ကွယ်ပြုထား၊
မေတ္တာစိတ်ထားတို့ဖိအား
ဘုရား ဝိညာဉ်တော် အကျိုးမှာ၊
မလဲစေရာကူမပါ
ဘုရားနှင့်ဖွဲ့ မိတ်သဟာယ၊
ထိန်းပေးနှိမ့်ချ ထာဝရ