သီချင်း ၆၁
“ငါသည်ယေဟောဝါပင်”!
၁။ ခုကြားစေ မိစ္ဆာနိုင်ငံ မင်းများ၊
ပယ်ထား ယေဟောဝါဘုရားအား
ချုပ်ခြာအာဏာရှင် သိမှတ်ဖွယ်မရွေးချယ်၊
ကိုယ်တော်.တန်ခိုးစွမ်းအားကို ငြင်းပယ်
သူတို့ ဗိုလ်ပါ ဘယ်သူ ဖြုတ်ချခဲ့သနည်း၊
ဘယ်ရှက်ဖွယ် ရှုံးနိမ့်ပျောက်ကွယ်ခဲ့ပြီနည်း
မည်သူ့လက်တွင် သူတို့ကြွားဝါ နှုတ်ပိတ်ခဲ့၊
သူ့ရွေးချယ်မျိုးနွယ်အား အောင်ပွဲပေးခဲ့
(ထပ်ဆိုရန်)
၂။ ရှုလော့ ခုလောကီ အာဏာပေါင်းသွား
ဆန့်ကျင်တိုင်ပင် ယေဟောဝါသား
သူတို့လူစွမ်းကောင်းများ ကြောက်စိတ်မွှန်ကုန်ကြ၊
လောကီဆင်းရဲသား အတိဒုက္ခ
ထောင်လွှားညှဉ်းပန်းသူ ထမ်းပိုးမည်သူချိုးဖျက်၊
လောကနှိမ့်ချသူများအား ကယ်တင်လျက်
သူတို့ဖြောင့်မတ်ရာ မည်သူ ထူထောင်ပေးလျက်၊
ဝမ်းနည်းရာမှ မြူးတေးသီစေမည်နည်း
(ထပ်ဆိုရန်)
ငါသာသခင်၊ အခြားမရှိရ၊
ငါသာသခင်၊ ယေဟောဝါ ငါ့နာမ
ငါ့မင်းခန့်ထား၊ ငါ့သန့်ရှင်းရာ တောင်တော်ပေါ်၊
ဦးညွတ်တရား၊ ငါ့သား နန်းစထိုင်ပြီ