သီချင်း ၁၇၀
“ဘုရားသခင်၏သစ္စာတော်တည်စေသတည်း”
(ရောမ ၃:၄)
၁။ သမ္မာတရားယေဟောဝါမြတ်၊
မုသာကိုမပြောတတ်
ကိုယ်တော်အားမြဲကိုးစားနိုင်ပါ၊
ကိုယ်တိုင်မငြင်းနိုင်ရာ
လူသားသစ္စာ ပျက်သော်ငြားလည်း၊
ကိုယ်တော်သစ္စာ၌မြဲ
ကိုယ်တော်သမ္မာတရားခိုင်လျက်၊
ကာလအစဉ်အဆက်
၂။ ဘုရားလိုတော်မြတ်ဆောင်ရွက်ဖို့၊
သားဦးလွှတ် မြေကြီးသို့
ရှင်ယေရှုပြောဆိုကျင့်ကြံဖြင့်၊
ဘုရားမှန်ကြောင်းမြဲဆင့်
ယေဟောဝါအလို ပညတ်သာ၊
မပြတ် ကိုယ်တော်လိုက်နာ
မှန်ရာတွင်သာနှစ်ခြိုက်ရွှင်ပျော်
“သိုး” တော်များဦးဆောင်ခေါ်
၃။ နှုတ်ကပါဌ်တော်ပြောင်လှောင်လူများ၊
မုသာကိုနှစ်ခြိုက်ငြား
ကိုယ်တော်ကဲ့သို့ပင် ကျွန်တော်များ၊
ဘုရားမြဲမှန်စေသား
အမှန်တရားဟောပြောတို့များ၊
ကျမ်းစာသာ အတည်ထား
စိတ်နှိမ့်ချ၍ အမှန်ကိုရှာ၊
နှုတ်ကပါဌ်တော်ကိုနာ