သီချင်း ၉၁
ယေဟောဝါမှသွန်သင်ဆုံးမ
၁။ ယေဟောဝါ လင်းတရားသစ္စာ၊
ခမ်းနားလှနည်းပြဆရာ
စိတ်ရှည်စွာ သိုးများ ဦးဆောင်သွား၊
သူတို့အား လမ်းပြဘုရား
လူများသင်ယူရာချိန်တိုင်လာ၊
ကြီးမြင့်ဆုံးသော သူ့ကြောင်းရာ
ချစ်လှစွာနည်းပြ စီမံပေးကာ၊
နှိမ့်ချသူထကြွစေပါ
ဗိသုကာဘုရင်ယေရှုခရစ်၊
မြတ်ဆုံးဆရာ လောကတွင်
ဘုရားသွန်သင်ရာ သူပြောပြ၊
နိုင်ငံတော်အင်္ဂါရှင်းပြ
ကြက်မ ကြက်ငယ်စုစည်းပမာ၊
လူကိုမေတ္တာနှင့်ကူဖို့ရှာ
ထိုစဉ်သွန်သင်နည်းတူခုအခါ၊
သိုးတူများသူ့ခြံတွင်းမှာ
၂။ ယေဟောဝါ သိုးထိန်းလည်း ပေးထား၊
ထိုးထွင်းလျက် ကြိုးကုတ်သင်ကြား
ပညာသင်များ၏တန်ပြန်လျှာ၊
နှလုံးထဲမှဖြောင့်မတ်ရာ
ပင်ပန်းသူကို ရှာ၍ကူမ၊
တရားမဲ့အား ဩဝါဒ သင်ကြား
တရားနှင့် သစ္စာကြောင်းရာ၊
မြတ်ယေဟောဝါ နှစ်သက်ရာ
သင်ကြား ယေဟောဝါ ခုတို့အား၊
တို့သင်ကြားမှု သားညွှန်ကြား
တို့စင်စစ်အခွင့်ထူးရထား၊
စိတ်လှမ်းမီသစ္စာတရား
ကြင်နာမြတ်နိုး စိတ်တွင်းလောင်ကာ၊
သစ္စာတောင့်တ သူများပေါ်မှာ
သင်ရသမျှတို့ကြေညာရာ၊
သူတို့ဘုရားထံ ပြန်လှည့်လာ
၃။ “လာ၍ လေ့လာ ယေဟောဝါကြောင်း”၊
ဤကား တို့ဖိတ်ခေါ်ချက်ပင်
သင်အံမှုဆောင်ရွက်နေရကား၊
ကယ်တင်ခြင်း ကတိတော်ထား
နှုတ်မြွက်စကား ပုံနှိပ်စာသား၊
နိုင်ငံတော် သတင်းကောင်းများ
ကမ္ဘာတစ်လွှား အနှံ့ ဟောကြားထား၊
လူမျိုးနှင့် အနွယ်တိုင်းအား
မှုဆောင်ဖော်ဆောင်ဖက်တို့လိုလား၊
ယုံကြည်စိတ်ထားများတိုးပွား
လက်ရှိ သစ္စာခြေလှမ်းထိန်းထား၊
နိုင်ငံတော်ကို တိုးချဲ့သွား
တစ်လျှောက်လုံး ခရစ် နှစ်တစ်ထောင်စံ၊
ရှင်ပြန်ထမြောက် အသက်ရပြန်
ညွှန်ကြားသွန်သင်ပိုင်ဆိုင်အောင်မြင်၊
ကမ္ဘာမြေတွင် စုံလင်သင်ရှင်