သီချင်း ၁၄၀
ယေဟောဝါရှင်ကို မျှော်လင့်နေခြင်း
၁။ အိုကရုဏာတော်များလှပေ၊
တို့များပေါ် သက်ရောက်လေ
အိုကောင်းမြတ်ခြင်းတရားသက်ရောက်၊
သူ့လမ်းစဉ်ပေါ်၌လျှောက်
၂။ ကရုဏာစိတ်ယေဟောဝါရှိ၊
နံနက်တိုင်းသစ်လန်း၏
သစ္စာရှိမှ တို့သက်သေရ၊
ယုံကြည်သူများအားပြ
၃။ ယောက်ျားစွမ်းအင်ကောင်းလှသည်ပင်၊
ငယ်ရွယ်စဉ်ထမ်းပိုးတင်
နှုတ်ကိုပိတ်ပြီး လိုတော်ဝန်ခံ၊
သမ္မာတော်မှုထမ်းရန်
၄။ ယေဟောဝါ ကျွန်တော်အားပေးဝေ၊
အိုစဉ်ပြနိုင်ပါစေ
သွန်သင်ခြင်းမှ နာခံနှိမ့်ချ၊
ကိုယ်တော်မှသင်ကြားရ