သီချင်း ၁၉၃
“နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်း” ကိုဟောပြောလော့!
၁။ နိုင်ငံတော်သတင်းကောင်းများ ခုပင်တို့ကြေညာ၊
သက်သေခံနိုင်ငံလူမျိုးတကာ
ရှင်ယေဟောဝါနာမတော်ထင်ပေါ်ကျယ်ပြန့်စွာ၊
သက်သေထင်ရှား မပြည့်စုံမီမှာ
(ထပ်ဆိုရန်)
၂။ ဆိုးရက်များ ဖြစ်ရကား ချိန်ပိုင်းခြား ဝယ်ယူထား၊
တစ်ကိုယ်ကောင်းလောကီ သာယာရှောင်ရှား
ဘုရားနိုင်ငံရှေ့ထားပါ မြတ်လှမှုတော်သာ၊
ဤသို့ဖြင့်တို့ပိုင် တည်မြဲဘဏ္ဍာ
(ထပ်ဆိုရန်)
၃။ သတင်းကောင်းပြောစဉ်ခါ တစ်ကြိမ်မျှမရွံ့ရာ၊
တင်းမာတိုက်ခံများ သင်ကြုံသော်ငြား
ကြင်နာလျက်လိမ္မာစွာ ဇွဲနှင့်သာမရွံ့ရာ၊
တာဝန်ခံဟောရာ သစ္စာတည်ပါ
(ထပ်ဆိုရန်)
ဟောကြား ရပ်တကာ သတင်းကောင်း၊
စိတ်နှိမ့်ချ လူကြီး လူငယ်အပေါင်း
ဤသို့ ကြီးငယ် ကူဖော် ဘုရားနာမတော်ခေါ်၊
သန့်ရှင်းမြင့်မြတ်ရေး ဆောင်ရွက်မှုတော်