သီချင်း ၄၀
တို့လမ်းခရီးအောင်မြင်ရန်ပြုခြင်း
၁။ ရှင်ယေဟောဝါ ယောရှုအားဆင့်၊
ငါ့ပညတ်မလွဲနှင့်
တိုးတိုးသံနှင့်နေ့စဉ်ဖတ်ပါ၊
ဂရုပြုနာခံပါ
သင်ဆောင်ရွက်သမျှလမ်းပြစေ၊
သင့်နှုတ်မှမခွာစေ
ထိုခါသင့်လမ်းအောင်မြင်မှုရ၊
သင့်စိတ်ဖြောင့်မှန် လမ်းပြ
ထိုခါသင့်လမ်းအောင်မြင်မှုရ၊
သင့်စိတ်ဖြောင့်မှန် လမ်းပြ
၂။ ဣသရေလမင်းများစိုးစံ၊
ဘုရားမိန့်တော်နာခံ
‘စိုးစံမင်းတိုင်းကိုယ်တွက်ရေးသား၊
ဘုရားပညတ်တော်များ
သူ့တစ်သက်တာဖတ်ရမည်မှာ၊
နှိမ့်ချစိတ်ရှိဖို့ရာ’
ရှင်ယေဟောဝါ ကောင်းချီးပေးကာ၊
အသက်ရှည်ရာမြင်မှာ
ရှင်ယေဟောဝါ ကောင်းချီးပေးကာ၊
အသက်ရှည်ရာမြင်မှာ
၃။ ဘုရားသက်ရှင်စေလိုသည့်လမ်း၊
ကုန်စင်ရေး သမ္မာကျမ်း
ခြေလှမ်းကိုစိုးမရလေရာ၊
စောင့်မမှုထူးလိုပါ
သူ့အကြံတော်စဉ်မှီဝဲသော်၊
သိလာရအလိုတော်
တို့အကြံဘုရားထိန်းပေးက၊
မိန့်တော် ပြည့်စုံလာရ
တို့အကြံဘုရားထိန်းပေးက၊
မိန့်တော် ပြည့်စုံလာရ