သီချင်း ၁၆၄
ကလေးများ—ဘုရားထံတော်မှအဖိုးတန်ဆုများ
၁။ ဖိုးထိုက်ဆု၊ ဘုရားပေးကလေးများ၊
ကိုယ်ပိုင်ဥစ္စာ နည်းပြ၍သင်ကြား
သန်စွမ်းလှ၊ ယောက်ျားမှမြားပမာ၊
ချိန်ရွယ်ကာပစ်ကွင်းသာ ထိမှန်စွာ
ဘုရားကောင်းချီးပေ
‘တုတ်ကို သုံးပါလေ’
နူးညံ့သိမ်မွေ့စွာစောင့်ရှောက်မေတ္တာ
သူတို့မှာ ဆုတောင်းကာ လေ့ကျင့်ပါ
၂။ နှလုံးတွင်း ခံစားချက် မှန်များကို
ထုတ်ဖော်ရန် စွမ်းကုန်ကျွမ်းကျင်မှုလို
စတင်ပျိုးထောင်ရာ သက်နုစဉ်ခါ၊
နိုင်ငံတော် သမ္မာပေါ် သွင်းစေ့ဆော်
စိတ်တွင်းသို့ထွင်းဖောက်၊
စောလျင်စွာတည်ဆောက်၊
ဘုရားကူမှု မျှော် တို့ မှီခိုသော်
နှုတ်ဆက်စကားနာခံ၊ စိတ်ရင်းမှန်
၃။ နေ့စဉ် ဆက်သွယ်မှု ထားသို့မှသာ၊
လွတ်လပ်မှု ခံစားရကလေးများ
ပွင့်လင်းစွာဖော်ပြရာမဆီးကာ၊
မိတ်ဆွေမှန် ပေါင်းဖော်ရန်သူဆက်ဆံ
အားမငယ်စေဖွယ်၊ ရင်းနှီးစွာ ဆက်သွယ်၊
ပြစ်ကင်းအောင်ကြိုးစား
ကိုယ်တိုင်ထိန်းထား၊
ထူးဂရုပြုသင့်မြား၊ ချိန်ရွယ်ထား
၄။ အမွေခံဖြစ်ငြား တို့ကလေးများ၊
အမှန် ပိုင်ထိုက်သူကားတို့ဘုရား
ကြွယ်ဝဆုသီးထွက်မှု၊ ဆောင်လာခု၊
အကယ်စင်မှားကိုပြင်မှန်ဖို့သင်
အမှန်နားလည်ဖို့
မျှော်လင့်တမ်းတတို့၊
ဆုရရေး ဘုရားကိုယ်စား ကျွေးမွေး
နေ့စဉ်သူတို့နှင့်ဘုရားချီးမွမ်း