သီချင်း ၁၂၀
ရုသကဲ့သို့မြဲမြံပါ
၁။ နေအိုမိ ရုသကို ခွဲဖို့ဆို၊
သို့ငြားရုသကား ဝမ်းနည်း၍ငို
ရုသမောဘဌာနေမပြန်လို၊
သူနှလုံးစွဲလမ်း နေအိုမိကို
၂။ ‘ကျွန်မသင့်အားဘယ်ခါမစွန့်ခွာ၊
သင်ရောက်ရာရပ်မှာကျွန်မလိုက်ပါ
သင်လဲလျောင်းရာ ကျွန်မလဲလျောင်းမှာ၊
ကျွန်မသေပါရစေသင်သေရာ
၃။ ‘သင့်လူမျိုးကျွန်မလူမျိုးလိုထား၊
သင့်ဘုရားကျွန်မအစဉ်ကိုးစား
တို့ဘုရားဤမည်သည်မြဲစေပါ၊
ကျွန်မစိတ် ကိုယ်တော်.ထံမှမခွာ
၄။ ဘယ်မျှယုံကြည်မေတ္တာ ရုသ ပြ၊
သူ့ မြင့်မြတ်စိတ်ထား တို့တွက်စံပြ
တို့လည်းစဉ်မြဲကြံ့ခိုင်မှုကိုပြ၊
ဘုရားနှင့်ဖြောင့်မတ်ခြင်းစွဲမြဲကြ