သီချင်း ၁၈၃
ဘုရားအစီအစဉ်တွင်လူငယ့်နေရာ
၁။ လူတိုင်းတွက် ထားရှိနေရာ ဘုရားစီစဉ်မှာ
ကိုယ်တော်ဖိတ်ကြား ပျိုအိုချီးမွမ်း နာမအား
စိတ်စွဲမှတ်ဖွယ် လူငယ်မြောက်မြားတို့ တုံ့ပြန်ကြား
ကမ္ဘာနှံ့ပြား နိုင်ငံတော်သတင်း ဟောကြား
ဘယ်မျှထိရောက် သက်သေခံရာ သူတို့ပေးလာ
သူတို့ ဝတ်စားသပ်ရပ်လှ လွန်သိမ်မွေ့ ကြ
ရှင်ယေဟောဝါတွက်ဖိုးထိုက်စွာ၊ မှုတော်ဆောင်ကာ
ကြီးကဲများအား စဉ်မြဲ စိတ်ရွှင်လန်းစေပါ
၂။ လူငယ်အပေါင်း သိမြင်လာကြောင်းကား ယေဟောဝါ
ဘယ်မျှဝမ်းသာ ပျော်ရွှင်ဖွယ်ရာ ထိုချိန်ခါ
တွေးကြည့်လေ ဘာစောင့်နေသူတို့ အနာဂတ်ပေ
ပရဒိသုသက်တာ ထာဝရတွက်သာ
လတ်တလော ဖိနှိပ်မှုအောက်တွင် တို့အသက်ရှင်
စနစ်ဟောင်းမှများမကြာ “မြေမှုန့်လျက်ရ”
တို့တိုက်ခိုက်ရာစွမ်းကုန်စိုက်ကာ အောင်မြင်ဖို့သာ
မပြတ်နိုင်ငံတော်သစ္စာ ထိန်းသိမ်းရမှာ
၃။ မိတ်ကောင်းရှာတွေ့ရ အများ ယေဟောဝါလူမှ
ယုတ်မာလောကနှင့် မိတ်ဖွဲ့ ဘယ်ကြောင့်မသင့်
တည်ဆောက်ဖွယ်ပညာနှင့် ပတ်သက် ရောယှက်စေပါ
ကိုယ်တော်တိုင်ထွတ်မြတ် စာလိပ်ပေါ် ဖြေဖြန့်ထား
ခက်ချိန်လူငယ်များ ရှာစေမေတ္တာပြသူတွေ
ကြောင်းစုံပြောပြ စိတ်တွင်းကြောင့်ကြ ဝန်ပိလှ
မိတ်ဆွေတကာ မဟာမိတ်ဘုရား ယေဟောဝါ
တတ်သိနားလည် ကြင်နာသူအား ရှာတွေ့မှာ
၄။ သင်းသားဖြစ်ပါဝင်တို့ ခရစ်ယာန် အသင်းတော်တွင်
ထိုခရစ်ယေရှုမှု လိုသမျှခုပြည့်ဝ
သစ္စာတည်ကြည်စွာ ကိုယ်တော်နား နေရာယူထား
ကိုယ်တော် နှိုးဆော်သတိပေးသမျှ ဂရုထား
လောကီဖျစ်ညှစ်ပုံသွင်းရာ ဘယ်ခါမလိုက်ပါ
မြတ်ယေဟောဝါ၊ နှုတ်တော်အားတို့ စိတ်သန့်ထား
လူပျိုလူအိုတူညီစွာ တည်မြဲစေသစ္စာ
ချီးမွမ်းသက်ရှင် ထာဝစဉ် ဆိုလိုရင်းပင်