ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၁/၁၅ စာ. ၂၈
  • ဆိုင်မွန်နီကိုသတိပြု!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆိုင်မွန်နီကိုသတိပြု!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၁/၁၅ စာ. ၂၈

ဆိုင်မွန်နီကိုသတိပြု!

ရှမာရိမြို့မှရှိမုန်ဆိုသူသည် သူ့အသိုင်းအဝိုင်းတွင် အလွန်လေးစားခံရသူတစ်ဦးဖြစ်သည်။ စီ.အီး. ပထမရာစုတွင်အသက်ရှင်ခဲ့သည့် “ဤသူသည်ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်” ဟုပြောကြသည့်အထိ လူတို့သည် သူ၏နတ်ဝိဇ္ဇာအတတ်ကို အလွန်စွဲမက်ခဲ့ကြသည်။—တမန်တော် ၈:၉-၁၁။

သို့သော် ရှိမုန်သည် နှစ်ခြင်းခံခရစ်ယာန်တစ်ဦးဖြစ်လာပြီးနောက် သူယခင်ကပြနိုင်ခဲ့သည်ထက် သာ၍ကြီးမားသောတန်ခိုးကို သူသတိပြုမိလေသည်။ ထိုတန်ခိုးတော်မှာ ယေရှု၏တမန်တော်များကို အပ်နှင်းထားသော သန့်ရှင်းသောဝိညာဉ်တော်၏ အံ့ဖွယ်ဆုကျေးဇူးများကို အခြားသူများအား ဝေမျှပေးနိုင်သည့် တန်ခိုးဖြစ်သည်။ ရှိမုန်သည် အလွန်အထင်ကြီးကာ တမန်တော်များကိုငွေပေး၍ “အကျွန်ုပ်၏လက်တင်ခြင်းကိုခံရသောသူသည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံစေမည်အကြောင်း အကျွန်ုပ်အားအခွင့်ပေးပါ” ဟုတောင်းဆိုလေသည်။—တမန်တော် ၈:၁၃-၁၉။

တမန်တော်ပေတရုက ရှိမုန်ကိုဤသို့ပြစ်တင်ဆုံးမခဲ့သည်– “ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟုအကြံရှိသောကြောင့်၊ သင်နှင့်တကွသင်၏ငွေသည် ပျက်စီးခြင်းသို့ရောက်ပါစေ။ သင်သည်ဤအမှုအရာနှင့် မဆက်ဆံသောသူဖြစ်၏။ အကြောင်းမူကား၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်းမရှိ။”—တမန်တော် ၈:၂၀၊ ၂၁။

ဤကျမ်းစာမှတ်တမ်းမှ “ဆိုင်မွန်နီ” ဟူသောစကားလုံး ဆင်းသက်လာသည်၊ ယင်းကို “ချာ့ချ်တွင် ရာထူးရရန် သို့မဟုတ် ရာထူးတက်ဖို့ရောင်းဝယ်ခြင်းအပြစ်” ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အထူးသဖြင့် ၉ ရာစုမှ ၁၁ ရာစုအတွင်း “ကက်သလစ်ဘုန်းကြီးကျောင်းများ၊ အငယ်တန်းတရားဟောဆရာအဖွဲ့၊ ချာ့ချ်အုပ်ချုပ်ရေးအဖွဲ့ နှင့် ပုပ်ရဟန်းမင်းများ၌ပင် ဆိုင်မွန်နီအပြစ်ပျံ့နှံ့ခဲ့သည်” ဟု နယူးကက်သလစ်စွယ်စုံကျမ်းက ဝန်ခံထားသည်။ နဝမအကြိမ်မြောက် ဗြိတဲန်နစ်ကာ စွယ်စုံကျမ်း (၁၈၇၈) ကဤသို့မှတ်သားဖော်ပြသည်– “ပုပ်ရဟန်းမင်းတို့၏ လျှို့ဝှက်စည်းဝေးများ၏သမိုင်းကို လေ့လာချက်တစ်ရပ်က ဆိုင်မွန်နီအပြစ်နှင့်မစွန်းထင်းသည့် ရွေးကောက်ပွဲဟူ၍မရှိကြောင်း၊ လျှို့ဝှက်အစည်းအဝေးများတွင် ဆိုင်မွန်နီကျင့်သုံးခြင်းက အဆိုးဆုံးဖြစ်ကြောင်း သိသာထင်ရှားပြီး သိက္ခာအမဲ့ဆုံးနှင့် ဗြောင်အကျဆုံးဖြစ်ခဲ့ကြောင်း လေ့လာသူအားယုံကြည်စေသည်။”

မျက်မှောက်ခေတ်ခရစ်ယာန်စစ်များသည် ဆိုင်မွန်နီအပြစ်ကိုသတိပြုရမည်။ ဥပမာအနေနှင့် အချို့သူတို့သည် မိမိတို့ကိုထပ်ဆင့်အခွင့်အရေးများပေးနိုင်သူကို အလွန်အမင်းချီးကျူးအမွှမ်းတင်မည် သို့မဟုတ် လက်ဆောင်ပစ္စည်းရက်ရောစွာပေးကြပေမည်။ အပြန်အလှန်အနေနှင့် ထိုသို့သောအခွင့်အရေးများပေးနိုင်သူကလည်း မိမိတို့ကိုလက်ဆောင်ပစ္စည်းရက်ရောစွာပေးနိုင်သူနှင့်—ပေးဖို့စိတ်အားထက်သန်သူ—ကိုမျက်နှာသာပေးပေမည်။ ဤအခြေအနေနှစ်ခုစလုံး ဆိုင်မွန်နီအပြစ်နှင့်ပတ်သက်နေပြီး ကျမ်းစာကယင်းကို ပြတ်ပြတ်သားသားပြစ်တင်ရှုတ်ချထားသည်။ ရှိမုန်ကိုပေတရုကဤသို့တိုက်တွန်းခဲ့သည်– “ထို့ကြောင့် သင်သည် ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ကြံစည်ခြင်းအမှု [“သင်၏စဉ်းလဲသည့်အကြံအစည်၊” ယေရုရှလင်ကျမ်းစာသစ်] ကိုလွှတ်ကောင်းလွှတ်လိမ့်မည်ဖြစ်၍၊ ဘုရားသခင်ကိုတောင်းပန်လော့။ သင်သည် ခါးစွာသောသည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင်အဖွဲ့ နှင့် မလွတ်ကြောင်းကို ငါသိမြင်သည်ဟုဆို၏။”—တမန်တော် ၈:၂၂၊ ၂၃။

ရှိမုန်သည် သူ၏မှားယွင်းသောဆန္ဒ၏ အန္တရာယ်ကိုသိမြင်ခဲ့သည့်အတွက် တော်ပါသေးသည်။ တမန်တော်များကို သူဤသို့တောင်းပန်ခဲ့သည်– “မိန့်တော်မူသောအရာတစ်စုံတစ်ခုမျှ အကျွန်ုပ်အပေါ်သို့မရောက်ပါမည်အကြောင်း၊ ထာဝရဘုရားကို အကျွန်ုပ်အဖို့အလိုငှာ ဆုတောင်းတော်မူကြပါ။” (တမန်တော် ၈:၂၄) ခရစ်ယာန်စစ်များသည် ဤမှတ်တမ်း၌ပါသော ထင်ရှားသည့်သင်ခန်းစာကို ဂရုပြုခြင်းဖြင့် ဆိုင်မွန်နီအပြစ်၏ စွန်းထင်းမှုမှန်သမျှကိုရှောင်ရန် ကြိုးစားကြပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ