ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဥပုသ်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
    • တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—

      ‘ခရစ်ယာန်ဆိုရင် ဥပုသ်စောင့်ရမယ်’

      ဤသို့ ပြန်ပြောနိုင်သည်– ‘မိတ်ဆွေ ဘာကြောင့်ခုလိုထင်သလဲ မေးပါရစေ။’ ထို့နောက် ဆက်လက်၍– ‘ဒါနဲ့ပတ်သက်ပြီးကျမ်းစာဘယ်လိုပြောသလဲ၊ အဲဒီအတိုင်း ကျွန်တော်တို့ ယူမှတ်သင့်တယ်မဟုတ်လား။ . . . ဒါနဲ့ပတ်သက်လို့အထောက်အကူဖြစ်စေမယ့်ကျမ်းချက်တချို့ကို ကျွန်တော်တွေ့ထားပါတယ်။ မိတ်ဆွေကို တင်ပြပါရစေ။ (၎င်းနောက် အထက်စာမျက်နှာများမှ သင့်လျော်ရာအပိုင်းများကိုသုံးပါ။)’

      ‘ခင်ဗျားတို့ ဘာကြောင့်ဥပုသ်မစောင့်ကြတာလဲ’

      ဤသို့ပြန်ပြောနိုင်သည်– ‘ကျွန်တော့်အဖြေဟာ မိတ်ဆွေဘယ်ဥပုသ်ကိုပြောနေသလဲဆိုတဲ့အချက်ပေါ် မူတည်ပါလိမ့်မယ်။ ကျမ်းစာက ဥပုသ်တစ်ခုထက်မကရှိတယ်ဆိုပြီးပြောတာ မိတ်ဆွေသိပါသလား။ . . . ဥပုသ်ပညတ်များကို ဘုရားသခင်က ဂျူးတွေကိုပေးခဲ့တယ်။ ခရစ်ယာန်တွေကျတော့၊ နောက်ဥပုသ်တစ်မျိုး စောင့်ရမယ်လို့ကျမ်းစာပြောတာ မိတ်ဆွေသိပါသလား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘တစ်ပတ် တစ်ရက်ဥပုသ်ကို ကျွန်တော်တို့မစောင့်ပါဘူး။ အဲဒီဥပုသ်ကို “ပယ်ရှင်း” ရမယ်လို့ ကျမ်းစာပြောတဲ့အတွက်ကြောင့်ပါ။ (၂ ကော. ၃:၇-၁၁; ယင်းနှင့်ပတ်သက်၍ စာမျက်နှာ ၄၂၆ ပါရှင်းလင်းချက်ကိုရှု။)’ (၂) ‘ဒါပေမဲ့ ကျွန်တော်တို့အမြဲစောင့်တဲ့ ဥပုသ်နေ့တစ်နေ့ ရှိပါတယ်။ (ဟေဗြဲ ၄:၄-၁၁; စာမျက်နှာ ၄၂၇ ကိုရှု။)’

  • အန္တိခရစ်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
    • အန္တိခရစ်

      အဓိပ္ပာယ်သတ်မှတ်ချက်– အန္တိခရစ်ဟူသည် ခရစ်တော်ကို ဆန့်ကျင်ခြင်း သို့မဟုတ် အစားထိုးခြင်း ကိုဆိုလိုသည်။ ယေရှုခရစ်နှင့်ပတ်သက်သောကျမ်းစာအဆိုများကို ငြင်းပယ်သူအားလုံး၊ ကိုယ်တော့်နိုင်ငံတော်ကိုဆန့်ကျင်သူအားလုံး၊ ကိုယ်တော့်နောက်တော်လိုက်များကို မတော်မတရားပြုမူဆက်ဆံသူအားလုံး ဤဝေါဟာရထဲ၌ အကျုံးဝင်သည်။ ခရစ်တော်ကိုကိုယ်စားပြုပါသည်ဟု လွဲမှားစွာအမည်ခံသော၊ မေရှိယ၏အခန်းကဏ္ဍကို မလျော်မကန် လူစားဝင်သောပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တိုင်းနိုင်ငံများလည်းပါဝင်သည်။

      သမ္မာကျမ်းစာက အန္တိခရစ်တစ်ဦးတည်းရှိ၏ဟုဆိုသလော

      ၁ ယော. ၂:၁၈– “ချစ်သားတို့ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူတည်းဟူသော အန္တိခရစ်ပေါ်လာကြောင်းကို သင်တို့ကြားရသည့်အတိုင်း ယခုပင်အန္တိခရစ် အများ ရှိကြ၏။ ထို့ကြောင့် ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏။”

      ၂ ယော. ၇– “လူဇာတိအားဖြင့်ကြွလာတော်မူသောယေရှုခရစ်ကိုငြင်းပယ်လျက် လှည့်ဖြားသောသူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူတို့သည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။ (၁ ယောဟန် ၂:၁၈ တွင်ဖော်ပြထားသော “အန္တိခရစ်အများ” ကို ဤတွင် “အန္တိခရစ်” ဟုစုစည်းဖော်ပြထားသည်ကို သတိပြုပါ။)

      အန္တိခရစ်သည် အနာဂတ်တစ်ချိန်ချိန်တွင်ရောက်လာရန်ဖြစ်သလော

      ၁ ယော. ၄:၃– “လူဇာတိအားဖြင့်ကြွလာတော်မူသောယေရှုခရစ်ကို ဝန်မခံသောဝိညာဉ်မည်သည်ကား ဘုရားသခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား သင်တို့ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍ ယခုပင်လာလျက်ရှိသော အန္တိခရစ်၏ဝိညာဉ်ဖြစ်၏။” (“ယခုပင်လျှင်ရောက်ရှိလျက်နေလေပြီ။” သက) (ယင်းကျမ်းချက်ကို စီ.အီး. ပထမရာစုကုန်ခါနီးလောက်တွင် ရေးသားခဲ့သည်)

      ၁ ယော. ၂:၁၈– “ယခုပင် အန္တိခရစ်အများရှိကြ၏။ ထို့ကြောင့် ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏။ (ယောဟန်သည် ဤနေရာ၌ “နောက်ဆုံးသောကာလ” ဟုဆိုရာတွင် တမန်တော်များခေတ်အဆုံးကိုရည်ညွှန်းကြောင်းထင်ရှားသည်။ အခြားတမန်တော်များသေဆုံးကုန်ပြီဖြစ်ပြီး ယောဟန်ကိုယ်တိုင်လည်း အိုမင်းလေပြီ။)

      အန္တိခရစ်အဖြစ်သတ်မှတ်ခံရသူများ​—

      ယေရှုသည် မေရှိအစစ်အမှန်မဟုတ်ဟု ငြင်းပယ်သူများ

      ၁ ယော. ၂:၂၂– “မုသာကိုသုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော် [သို့မဟုတ် မေရှိ၊ ဘိသိက်ခံ] မဟုတ်ဟု ငြင်းပယ်သောသူဖြစ်သတည်း။ သူသည်အန္တိခရစ်ဖြစ်၏။”

      ယေရှုသည် ဘုရားသခင်၏တစ်ပါးတည်းသောသားတော်မဟုတ်ဟု ငြင်းပယ်သူအားလုံး

      ၁ ယော. ၂:၂၂– “ခမည်းတော်နှင့်သားတော်ကိုငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏။”

      ယောဟန် ၁၀:၃၆; လုကာ ၉:၃၅ နှင့်နှိုင်းယှဉ်။

      အယူဖောက်ပြန်သူများ

      ၁ ယော. ၂:၁၈၊ ၁၉– “ယခုပင်အန္တိခရစ်အများရှိကြ၏။ . . . ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်က ငါတို့နှင့်မစပ်ဆိုင်ကြ။”

      ခရစ်တော်၏နောက်လိုက်စစ်များကို ဆန့်ကျင်သူများ

      ယော. ၁၅:၂၀၊ ၂၁– “သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုညှဉ်းဆဲကြလိမ့်မည်။ . . . ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှကိုပြုကြလိမ့်မည်။”

      ခရစ်တော်၏ဘုရင်အဖြစ်ကို ဆန့်ကျင်သော၊ မေရှိယ၏အခန်းကဏ္ဍမှ မိမိတို့ဆောင်ရွက်နေပါသည်ဟု မဟုတ်မမှန်အမည်ခံသောပုဂ္ဂိုလ်နှင့်လူမျိုးများ

      ဆာ. ၂:၂– “လောကီရှင်ဘုရင်တို့သည်ထကြ၍ မှူးမတ်အရာရှိတို့လည်း [“ယေဟောဝါ၊” ကဘ] နှင့်ခရစ်တော် [မေရှိယ သို့မဟုတ် ဘိသိက်ခံ] ကိုရန်ဘက်ပြု [ကြ၏။]”

      ဗျာဒိတ် ၁၇:၃၊ ၁၂-၁၄; ၁၉:၁၁-၂၁ ကိုပါရှု။

      မ. ၂၄:၂၄– “ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။”

  • အိပ်မက်များ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
    • အိပ်မက်များ

      အဓိပ္ပာယ်သတ်မှတ်ချက်– လူတစ်ယောက်အိပ်ပျော်ခိုက်စဉ်းစားမိသောအရာများ၊ စိတ်၌ထင်ဟပ်သောရုပ်ပုံများဖြစ်သည်။ သမ္မာကျမ်းစာ၌သာမန်အိပ်မက်၊ ဘုရားသခင့်ထံမှလာသောအိပ်မက်၊ အတိတ်နိမိတ်ဖတ်ခြင်းနှင့်ဆိုင်သောအိပ်မက်များအကြောင်းရေးသားထားသည်။​—ယောဘ ၂၀:၈; တော. ၁၂:၆; ဇာ. ၁၀:၂။

      ကျွန်ုပ်တို့ခေတ်၌အိပ်မက်များ အဓိပ္ပာယ်ထူးရှိသလော

      အိပ်မက်များနှင့်ပတ်သက်၍ သုတေသီများတွေ့ ရှိချက်မှာမည်သို့နည်း

      ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း (၁၉၈၄၊ အတွဲ ၅၊ စ. ၂၇၉) က “လူတိုင်းအိပ်မက်မက်သည်” ဟုဆို၏။ “လူကြီးအများသည် အိပ်ချိန်ရှစ်နာရီအတွင်း မိနစ် ၁၀၀ ခန့်အိပ်မက်မက်သည်။” ထို့ကြောင့် အိပ်မက်သည်လူ့သာမန်တွေ့ကြုံမှုတစ်ရပ်ဖြစ်၏။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ