ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၄၁၃-စာ. ၄၁၈
  • အာမဂေဒုန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာမဂေဒုန်
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာမဂေဒုန်—ပျော်ရွှင်ဖွယ်ကောင်းသောအစ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • အစ္စရေးနိုင်ငံကနေ အာမဂေဒုန်စစ်ပွဲ စတင်ဖြစ်ပွားမလား—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အာမဂေဒုန်ဟာ သတင်းကောင်းဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၄၁၃-စာ. ၄၁၈

အာမဂေဒုန်

အဓိပ္ပာယ်သတ်မှတ်ချက်– ဟေဗြဲဘာသာမှလာပြီး “အာမဂေဒုန်” (ယဒ၊ သက) ဟူ၍ဘာသာပြန်ဆိုကြသောဂရိဝေါဟာရ Har Ma·ge·don΄ (ဟာရ်မဂေဒုန်) သည် “မေဂိဒ္ဒေါတောင်” သို့မဟုတ် “စစ်တပ်များစုဝေးရာတောင်” ဟုအဓိပ္ပာယ်ရှိသည်။ သမ္မာကျမ်းစာက ၎င်းစကားလုံးကို နျူကလီးယားကပ်ကြီးသဘောဖြင့်မသုံးဘဲ လာလတ္တံ့သောစကြဝဠာဆိုင်ရာ ‘ဘုရားသခင်၏နေ့ကြီးစစ်ပွဲ’ နှင့်ယှဉ်၍ သုံးနှုန်းထားသည်။ (ဗျာ. ၁၆:၁၄၊ ၁၅) ထိုအမည်သည် ကမ္ဘာ့နိုင်ငံရေးအစိုးရများ ယေဟောဝါကိုလည်းကောင်း၊ ယေရှုခရစ်အုပ်ချုပ်သည့် ကိုယ်တော်၏နိုင်ငံတော်ကိုလည်းကောင်း ဆန့်ကျင်၍ စုစည်းသည့် “နေရာ [ဂရိ၊ တိုပေါ်န်။ အခြေအနေ သို့မဟုတ် အနေအထား]” ကို အတိအကျရည်ညွှန်းသည်။ ဘုရားသခင့်နိုင်ငံတော်၏ မျက်မြင်ရကိုယ်စားလှယ်များဖြစ်ကြသည့် ကမ္ဘာပေါ်ရှိယေဟောဝါ၏ကျေးကျွန်များကို တစ်ကမ္ဘာလုံးကတိုက်ခိုက်လာသောအခါ အဆိုပါဆန့်ကျင်မှုသည် ကွက်ကွက်ကွင်းကွင်းထင်ရှားလာမည်ဖြစ်သည်။

အချို့လူတို့အခေါ် “အပူပြင်းနျူကလီးယားအာမဂေဒုန်” ဖြင့် ကမ္ဘာကိုပျက်သုဉ်းစေရန် လူတို့အား ဘုရားသခင်ခွင့်ပြုတော်မူမည်လော

ဆာ. ၉၆:၁၀– “ထာဝရဘုရားစိုးစံတော်မူသည်။ . . . လောကဓာတ် [“သီးနှံအထွက်ကောင်းသောမြေ၊” ကဘ။ ဟေဗြဲလို Tevel (တယ်ဗဲလ်)။ မြေသြဇာကောင်းပြီး လူနေထိုင်သောမြေကြီး၊ လူနေနိုင်သောကမ္ဘာလုံး] သည် မလှုပ်မရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။”

ဆာ. ၃၇:၂၉– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”

ဗျာ. ၁၁:၁၈– “လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍ [ယေဟောဝါ၏] အမျက်တော်သည်လည်း ရောက်ပါပြီ။ . . . မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူသောအချိန်ရောက်ပါပြီ။”

သမ္မာကျမ်းစာသုံးနှုန်းပုံအတိုင်း အာမဂေဒုန်ဟူသည် အဘယ်နည်း

ဗျာ. ၁၆:၁၄၊ ၁၅– “နိမိတ်လက္ခဏာကိုပြသောနတ်ဆိုး၏ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ထွက်သွား၍ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသခင်၏နေ့ကြီး၌စစ်တိုက်ခြင်း အလို့ငှာ စုဝေးစေကြ၏။ ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသောအရပ်၌ စုဝေးစေကြ၏။”

အာမဂေဒုန်စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသ၌သာဖြစ်မည်လော

တိုင်းနိုင်ငံအားလုံးမှမင်းများနှင့်တပ်များသည် ဘုရားသခင်ကိုဆန့်ကျင်လျက် စုရုံးလာကြမည်

ဗျာ. ၁၆:၁၄– ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံး (“လူနေထိုင်ရာမြေကြီးတစ်ပြင်လုံး၊” ကဘ) တွင်ရှိသောရှင်ဘုရင်တို့ထံသို့ထွက်သွား၍ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်းအလို့ငှာ စုဝေးစေကြ၏။”

ဗျာ. ၁၉:၁၉– “သားရဲ [လူ့နိုင်ငံရေးအုပ်ချုပ်မှုတစ်ခုလုံး] မှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ဗိုလ်ခြေများတို့သည် မြင်းစီးတော်မူသောသူနှင့်ဗိုလ်ခြေတော်ကိုစစ်တိုက်ခြင်းငှာ စည်းဝေးကြသည်ကိုငါမြင်၏။”

ယေ. ၂၅:၃၃– “ထိုအခါ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကိုခံရသောသူတို့သည် မြေကြီးတစ်ဖက်မှတစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။”

အာမဂေဒုန် (ဟာရ်-မဂေဒုန်) ဟူသောအမည်ကိုသုံးနှုန်းရုံနှင့် စစ်ပွဲသည် ပကတိမေဂိဒ္ဒေါတောင်တွင်ဖြစ်မည်ဟု မဆိုလိုနိုင်

ကမ္ဘာပေါ်တွင် ပကတိမေဂိဒ္ဒေါတောင်ဟူ၍မရှိပါ။ ရှေးမေဂိဒ္ဒေါမြို့အပျက်အယွင်းကိုတွေ့နိုင်သောနေရာသည်လည်း ပေ ၇၀ (၂၁ မီတာ) ခန့်မြင့်သည့်တောင်ပို့တစ်လုံးမျှသာဖြစ်သည်။

“လောကီတစ်နိုင်ငံလုံး” မှဘုရင်များနှင့် သူတို့၏စစ်တပ်အလုံးအရင်းတို့သည် မေဂိဒ္ဒေါမြို့ခြေရင်းရှိ အက်စ်ဒြေလွန်လွင်ပြင်တွင် ဝင်မဆံ့နိုင်ပါ။ ထိုလွင်ပြင်သည် တြိဂံပုံရှိပြီး မိုင် ၂၀ (၃၂ ကီလိုမီတာ) ရှည်၍ အရှေ့ပိုင်းအဆုံးတွင် ၁၈ မိုင် (၂၉ ကီလိုမီတာ) သာကျယ်သည်။​—သမ္မာကျမ်းစာပထဝီ (နယူးယောက်၊ ၁၉၅၇)၊ ဒင်းနစ်စ် ဘေးလီ၊ စ. ၁၄၈။

မေဂိဒ္ဒေါမြို့၏ရာဇဝင်အခန်းကဏ္ဍကြောင့် ယင်းအမည်သည်အထူးသင့်လျော်သည်။မေဂိဒ္ဒေါမြို့အောက်ရှိလွင်ပြင်သည် စစ်အပြတ်အသတ်နိုင်သည့်နေရာဖြစ်သည်

ထိုတွင် ယေဟောဝါသည် ခါနာန်စစ်ဗိုလ်ချုပ်သိသရအား တရားသူကြီးဗာရက်ရှေ့ စစ်ရှုံးစေရန်ဖန်တီးတော်မူခဲ့သည်။​—သူကြီး. ၅:၁၉၊ ၂၀; ၄:၁၂-၂၄။

အီဂျစ်နိုင်ငံ၊ ဖာရောမင်း တတိယမြောက် သွတ်မို့စ်ဘုရင်က “မေဂိဒ္ဒေါမြို့ကိုသိမ်းပိုက်ခြင်းသည် မြို့ပေါင်းတစ်ထောင်ကိုသိမ်းပိုက်ခြင်းမည်၏” ဟုပြောခဲ့သည်။​—ဂျိမ်းစ် ပရစ်ချပ် တည်းဖြတ်သည့် ဓမ္မဟောင်းကျမ်းနှင့်စပ်လျဉ်းသော ရှေးအရှေ့ဒေသအနီးဆိုင်ရာစာတမ်းများ (နယူးဂျာစီနယ်၊ ပရင်းစတန်မြို့၊ ၁၉၆၉)၊ စ. ၂၃၇။

“စစ်တပ်များအစုအဝေး” ဟုအဓိပ္ပာယ်ရသော မေဂိဒ္ဒေါကိုအစွဲပြု၍ဆိုခြင်းသည် လျောက်ပတ်ပေသည်။ အကြောင်းမှာ အာမဂေဒုန်သည် တိုင်းနိုင်ငံအားလုံးမှမင်းများ၏စစ်တပ်များနှင့် သူတို့ကိုထောက်ခံသူများပါဝင်ကြမည့် ကမ္ဘာချီအခြေအနေတစ်ရပ်ဖြစ်သောကြောင့်တည်း။

အာမဂေဒုန်တွင် မည်သူများ သို့မဟုတ် မည်သည့်အရာများဖျက်ဆီးခံရမည်နည်း

ဒံ. ၂:၄၄၊ ၄၅– “နိုင်ငံတစ်ခုကို . . . ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် . . . အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”

ဗျာ. ၁၉:၁၇၊ ၁၈– “ကောင်းကင်တမန်တစ်ပါးသည် နေထဲမှာရပ်လျက်ရှိသည်ကိုငါမြင်၏။ သူသည် မိုးကောင်းကင်အလယ်၌ပျံတတ်သောငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍ လာကြလော့၊ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူအသား၊ အစေခံကျွန်၊ လူလွတ်၊ အကြီးအငယ် အမျိုးမျိုးသောလူတို့၏အသားကိုစားအံ့သောငှာ ကြီးမြတ်တော်မူသောဘုရားသခင်၏ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။”

၁ ယော. ၂:၁၆၊ ၁၇– “လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီကျင့်သောသူမူကား နိစ္စထာဝရတည်၏။”

ဗျာ. ၂၁:၈– “ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ လူအသက်ကိုသတ်သောသူ၊ မတရားသောမေထုန်၌မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းတို့မူကား ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။”

ဖျက်ဆီးခြင်းသည် ထာဝရဖြစ်သွားမည်လော

မ. ၂၅:၄၆၊ ကဘ– “ဤသူတို့ [ခရစ်တော်၏ “ညီတော်များ” ကိုကောင်းမှုမပြုလိုသူများ] သည် ထာဝရဖြတ်တောက်ခြင်းသို့ခွဲထွက်သွားကြမည်။”

၂ သက်. ၁:၈၊ ၁၀– “ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကိုနားမထောင်သောသူတို့ [သည်] . . . ထာဝရပျက်စီးခြင်းတည်းဟူသောအပြစ်ဒဏ်ကို ခံရကြလတ္တံ့။”

ကပ်ကျော်မည့်သူများရှိမည်လော

ဇေ. ၂:၃– “တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့ [“ယေဟောဝါ၊” ကဘ] ကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့်စိတ်နှိမ့်ချခြင်းကိုလည်းရှာကြလော့။ [ယေဟောဝါ] အမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကိုတွေ့ကောင်းတွေ့ကြလိမ့်မည်။”

ရော. ၁၀:၁၃– “[“ယေဟောဝါ၏နာမတော်၊” ကဘ] ကိုပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။”

ဆာ. ၃၇:၃၄– “[“ယေဟောဝါ၊” ကဘ] ကိုမျှော်လင့်၍လမ်းတော်ကိုလျှောက်သွားလော့။ ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ဆုံးရှုံးခြင်းကို သင်သည်ကြည့်မြင်ရလိမ့်မည်။”

ယော. ၃:၁၆– “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ . . . မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ [၏။]”

ဗျာ. ၇:၉၊ ၁၀၊ ၁၄– “ထိုနောက်မှငါကြည့်လျှင် အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေတွက်နိုင်သောလူများအပေါင်းတို့သည် စွန်ပလွံခက်ကိုကိုင်လျက် ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာရပ်နေကြ၏။ သူတို့ကလည်း ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်း ဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။ . . . ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်မြောက် . . . သူဖြစ်ကြသတည်း။”

အာမဂေဒုန်တွင် ကလေးသူငယ်များမည်သို့ဖြစ်ကြမည်နည်း

သမ္မာကျမ်းစာက ထိုမေးခွန်း၏အဖြေကို တိုက်ရိုက်ဖြေဆိုမထားပါ။ ကျွန်ုပ်တို့လည်း တရားသူကြီးများမဟုတ်ပါ။ သို့တစေ သမ္မာကျမ်းစာက ဘုရားသခင်သည် ခရစ်ယာန်စစ်များ၏ကလေးသူငယ်များကို “စင်ကြယ်” သည်ဟုယူမှတ်တော်မူကြောင်းဆိုထား၏။ (၁ ကော. ၇:၁၄) ရှေးအချိန်က ဆိုးသွမ်းသူများကိုဘုရားသခင်ဖျက်ဆီးရာတွင် သူတို့၏ကလေးငယ်များကိုပါဖျက်ဆီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။ (တော. ၁၆:၂၇၊ ၃၂; ယေဇ. ၉:၆) ဘုရားသခင်သည် မည်သူ့ကိုမျှမပျက်စီးစေလိုပါ။ ထို့ကြောင့် ယခုအခါ ဘုရားသခင်သည် မိဘနှင့်ကလေး နှစ်ဦးစလုံးချမ်းသာရရေးအတွက် သတိပေးလျက်ရှိတော်မူ၏။ မိဘများအနေနှင့် ယခုနှင့် အာမဂေဒုန်တွင် မိမိတို့ကလေးများ ဘုရားသခင်မျက်နှာရစေမည့်လမ်းစဉ်ကို လိုက်လျှောက်ပါက ပညာရှိရာမကျပေလော။

ဘုရားသခင်သည် ဆိုးသွမ်းသူကိုဖျက်ဆီးလျှင် မေတ္တာတော်ကိုဖီဆန်၍ပြုရာမရောက်ပေလော

၂ ပေ. ၃:၉– “ထာဝရဘုရားသည် . . . ငါတို့တွင်အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာအလိုတော်ရှိ၍ ငါတို့ကိုသည်းခံတော်မူ၏။”

လု. ၁၈:၇၊ ၈– “ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ညနေ့မပြတ်အော်ဟစ်၍ တောင်းလျှောက်လျှင် ဘုရားသခင်သည် သူတို့ဘက်၌တရားမစီရင်ဘဲနေတော်မူမည်လော။ ကြာမြင့်စွာသည်းခံတော်မူမည်လော။ ငါဆိုသည်ကား သူတို့ဘက်၌အလျင်အမြန်တရားစီရင်တော်မူမည်။”

၂ သက်. ၁:၆-၈၊ သမ– “သင်တို့ [ကိုယ်တော့်ကျေးကျွန်များ] ကိုဒုက္ခ [ပေး] သူတို့အား ဒုက္ခ [ရောက်စေရန်] ဘုရားသခင်စီရင်တော်မူသည်မှာ မုချဖြောင့်မတ်၏။”

ကြားနေလျှင် ဖြစ်နိုင်မည်လော

၂ သက်. ၁:၈– “ဘုရားသခင်ကိုမသိ [လို] သောသူ၊ ငါတို့သခင်ယေရှု၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို ဒဏ်ပေးတော်မူ [လိမ့်မည်]။”

မ. ၂၄:၃၇-၃၉– “နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ . . . ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကိုသုတ်သင်ပယ်ရှင်းသည့်တိုင်အောင် [လူတို့သည်] သတိ [“မယူဘဲ၊” ကဘ] နေကြသည့်နည်းတူ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်။”

မ. ၁၂:၃၀– “ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူမစုသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏။

တရားဟောရာ ၃၀:၁၉၊ ၂၀ နှင့်နှိုင်းယှဉ်။

မည်သူ့ ဩဇာက တိုင်းနိုင်ငံများကို ဘုရားသခင်နှင့်စစ်ဖြစ်စေမည့်အခြေအနေသို့ရောက်အောင် တွန်းပို့လျက်နေသနည်း။

ဗျာ. ၁၆:၁၃၊ ၁၄– “ထိုအခါ နဂါး [စာတန်မာရ်နတ်။ ဗျာ. ၁၂:၉] ၏ခံတွင်းထဲကလည်းကောင်း၊ သားရဲ၏ခံတွင်းထဲကလည်းကောင်း၊ မိစ္ဆာပရောဖက်၏ခံတွင်းထဲကလည်းကောင်း ဖားကောင်ကဲ့သို့ ညစ်ညူးသောဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏။ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ထွက်သွား၍ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှာစုဝေးစေကြ၏။”

လုကာ ၄:၅၊ ၆; ၁ ယောဟန် ၅:၁၉; တမန်တော် ၅:၃၈၊ ၃၉; ၂ ရာဇဝင်ချုပ် ၃၂:၁၊ ၁၆၊ ၁၇ တို့နှင့်နှိုင်းယှဉ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ