ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၄၁၁-စာ. ၄၁၃
  • အာဒံနှင့်ဧဝ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာဒံနှင့်ဧဝ
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—
  • ပထမဆုံး ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်း
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • အာဒံသည် စုံလင်သူဖြစ်ပါက မည်သို့ အပြစ်ပြုနိုင်ပါမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ပထမယောက်ျားနဲ့ မိန်းမအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၄၁၁-စာ. ၄၁၃

အာဒံနှင့်ဧဝ

အဓိပ္ပာယ်သတ်မှတ်ချက်– အာဒံသည် ပထမဦးဆုံးလူသတ္တဝါဖြစ်သည်။ ဟေဗြဲစကား a·dhamʹ (အာဒဟံ) ကို “လူ”၊ “မြေကြီးသား”၊ “လူသား” ဟုလည်း ဆီလျော်စွာပြန်ဆိုထားသည်။ ပထမဆုံးမိန်းမဖြစ်သူဧဝသည် အာဒံ၏မယားဖြစ်သည်။

အာဒံနှင့်ဧဝတို့သည် ပုံဆောင်ဇာတ်လမ်း (ပုံပြင်) ထဲမှပုဂ္ဂိုလ်များသာဖြစ်သလော

ကျွန်ုပ်တို့အားလုံး မူလမိဘနှစ်ပါးတည်းမှဆင်းသက်လာကြသည်ဟုယုံကြည်ခြင်းသည် ယုတ္တိမဲ့သလော

“လူအမျိုးအနွယ်အားလုံးသည် . . . တစ်ယောက်တည်းသော ကနဦးလူသားမှဆင်းသက်လာကြသည်ဟူသော ဘာသာကြီးအများစု ကြာမြင့်စွာကတည်းက ဟောပြောလာခဲ့သည့်အချက်ကို ယနေ့သိပ္ပံပညာက သက်သေထူလေပြီ။”​—အမ္မရမ်ရှင်းဖဲလ် ရေးသည့် လူ့မျိုးရိုးဗီဇ (လိပ်) (ဖီလဒဲလ်ဖီးယားနှင့် နယူးယောက်မြို့၊ ၁၉၇၂)၊ စ. ၂၃၈။

“လူသားမျိုးနွယ်တစ်ရပ်လုံး၏ဖခင်နှင့်မိခင်ဖြစ်သော အာဒံနှင့်ဧဝဆိုင်ရာ ကျမ်းစာပုံပြင်က ယနေ့သိပ္ပံပညာဖော်ပြသည့် ထပ်တူအမှန်တရားကို ရာစုနှစ်ပေါင်းများစွာကတည်းက ဟောခဲ့သည်။ ၎င်းကား ကမ္ဘာပေါ်ရှိလူသားအားလုံးသည် တစ်ခုတည်းသောမိသားစုအဝင်ဖြစ်ကြပြီး ဇာစ်မြစ်တစ်ခုတည်းမှဆင်းသက်လာကြသည်ဟူ၍ဖြစ်၏။”​—ရုသ်ဘယ်နဒစ်ခ် နှင့် ဂျီးန်ဝဲ့လ်ဖစ်ရှ် တို့ရေးသည့် လူသားမျိုးနွယ် (နယူးယောက်မြို့၊ ၁၉၇၈)၊ စ. ၃။

တ. ၁၇:၂၆– “ဘုရားသခင်သည် မြေတစ်ပြင်လုံး၌နေရသောလူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ [၏။]”

သမ္မာကျမ်းစာက အာဒံအား ရှေးလူသားအားလုံးကိုကိုယ်စားပြုသည့် ပုံဆောင်ဇာတ်လမ်းထဲမှလူသားအဖြစ်သာ တင်ပြထားသလော

ယု. ၁၄– “အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူဧနောက်။” (ဧနောက်သည် ရှေးလူသားအားလုံးမှဆင်းသက်သော ခုနစ်ဆက်မြောက်ပုဂ္ဂိုလ်မဟုတ်။)

လု. ၃:၂၃-၃၇– “ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှရှိတော်မူ၏။ . . . ကိုယ်တော်၏အဘကား. . . ဒါဝိဒ်၊ ဒါဝိဒ် အဘ. . . အာဗြဟံ၊ အာဗြဟံအဘ. . . အာဒံ။” (ဒါဝိဒ်နှင့်အာဗြဟံတို့သည် ထင်ရှားသောသမိုင်းဝင်ပုဂ္ဂိုလ်များဖြစ်ကြသည်။ ထို့ကြောင့် အာဒံသည် တကယ့်လူပုဂ္ဂိုလ်တစ်ဦးဟုယူမှတ်လျှင် ယုတ္တိမတန်ပေလော။)

က. ၅:၃– “အာဒံသည် အသက်တစ်ရာသုံးဆယ်ရှိသော် မိမိပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း သားကိုမြင်ရ၍ ရှေသအမည်ဖြင့်မှည့်လေ၏။” (ရှေသသည် ရှေးလူသားအားလုံးထံမှမွေးဖွားလာသူမဟုတ်သည်မှာအထင်းသား။ ရှေးလူသားအားလုံး အသက် ၁၃၀ အရွယ်တွင်ချည်း သားများမွေးကြသည်လည်းမဟုတ်။)

မြွေကဧဝနှင့်စကားပြောသည်ဟူသောအချက်ကြောင့် ထိုမှတ်တမ်းကို ပုံဆောင်ဇာတ်လမ်းအဖြစ်ယူမှတ်ရတော့မည်လော

က. ၃:၁-၄– “မြွေသည် ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ်ဘုရားသခင်မိန့်တော်မူသလော ဟုမေး၏။ မိန်းမကလည်း ဥယျာဉ်အလယ်၌ရှိသောအပင်၏အသီးကိုကား သင်တို့သည် မကိုင်မစားဘဲနေကြလော့၊ သို့မဟုတ် သေမည်ဟု ဘုရားသခင်အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်း သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။”

ယော. ၈:၄၄– “[ယေရှုက] မာရ်နတ်. . . သည် မုသားစကား၌ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။” (ထို့ကြောင့် မာရ်နတ်သည် ဧဒင်တွင် ပြောခဲ့သောအဦးဆုံးမုသားစကား၏အရှင်ဖြစ်၏။ သူသည် မြွေကို မျက်မြင်ရစကားပြောကိရိယာအဖြစ် အသုံးပြုခဲ့သည်။ ကမ္ဘာဦးကျမ်းမှတ်တမ်းသည် ပုံပြင်ထဲမှသတ္တဝါများကိုသုံး၍ သင်ခန်းစာပေးနေခြင်းမဟုတ်။ ဗျာဒိတ် ၁၂:၉ ကိုပါရှု။)

ဥပမာ– သံယောင်လွှင့်ပညာရှင်တစ်ဦးသည် အခြားတစ်ပါးမှအသံလာသည်ဟုထင်မှတ်ရအောင် အသံပြုနိုင်သည်မှာ အဆန်းမဟုတ်ပါ။ ဗာလမ်၏မြည်းမကို ယေဟောဝါကစကားပြောစေတော်မူကြောင်းဖော်ပြသည့် တောလည်ရာ ၂၂:၂၆-၃၁ နှင့်နှိုင်းယှဉ်ပါ။

“ရှေးဦးစွာသောလူအာဒံ” သည် ပုံဆောင်ဇာတ်လမ်းထဲမှဇာတ်ကောင်သာဖြစ်လျှင် “နောက်ဆုံးဖြစ်သောအာဒံ” ယေရှုခရစ်ကော မည်သို့နည်း

၁ ကော. ၁၅:၄၅၊ ၄၇– “ရှေးဦးစွာသောလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်သည်ဟုလာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သောအာဒံမူကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။ . . . ရှေးဦးစွာသောလူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံကဖြစ်တော်မူ [၏။] (ထို့ကြောင့် ဘုရားသခင်ကိုပြစ်မှားသောအာဒံသည် လူစင်စစ်ဖြစ်ကြောင်းကို ကျွန်ုပ်တို့လက်မခံလျှင် ယေရှုခရစ်ကိုလည်း သံသယဖြစ်ရာရောက်သည်။ ထိုသို့လက်မခံလျှင် လူသားများအတွက် ယေရှုအသက်ပေးရန်လိုအပ်သည်ဟူသည့်အချက်ကို လက်မခံရာကျသည်။ သို့လက်မခံခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်းတရားကို ငြင်းပယ်ခြင်းမည်၏။)

ယေရှုကိုယ်တော်တိုင် ကမ္ဘာဦးကျမ်းမှတ်တမ်းကို မည်သို့ရှုမှတ်သနည်း

မ. ၁၉:၄-၆– “ကိုယ်တော်က အစအဦး၌ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမ [အာဒံနှင့်ဧဝ] နှစ်ယောက်တည်းကိုဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ့်မိဘကိုစွန့်၍ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည် [က. ၁:၂၇; ၂:၂၄] ကိုသင်တို့မဖတ်ဖူးသလော . . . ဟုမိန့်တော်မူ၏။” (ယေရှုသည် ကမ္ဘာဦးကျမ်းမှတ်တမ်းကို အဖြစ်မှန်အဖြစ်ယုံကြည်ရကား ကျွန်ုပ်တို့လည်း ယင်းသို့မယုံကြည်သင့်သလော။)

တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—

‘အာဒံရဲ့အပြစ်ဟာ ဘုရားသခင်ရဲ့အလိုတော်၊ ဘုရားသခင်ရဲ့အကြံအစည်ပါပဲ’

ဤသို့ ပြန်ပြောနိုင်သည်– ‘လူတော်တော်များများအဲဒီလိုပြောကြတယ်။ ဒါပေမဲ့ မိတ်ဆွေခိုင်းတာကို ကျွန်တော်လုပ်တဲ့အတွက် ကျွန်တော့်ကို မိတ်ဆွေက ပြန်ပြီးအပြစ်တင်မလား။ . . . ဒီတော့ အာဒံရဲ့အပြစ်ဟာ ဘုရားသခင့်အလိုတော်ဖြစ်တယ်ဆိုရင် ဘုရားသခင်က ဘာကြောင့်အာဒံကို အပြစ်သားဆိုပြီး ဥယျာဉ်အပြင်ဘက်ကိုနှင်ထုတ်ခဲ့ရတာလဲ။ (က. ၃:၁၇-၁၉၊ ၂၃၊ ၂၄)’

သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘အဲဒါဟာစိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲ။ ဘုရားသခင်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတဲ့အချက် ပါဝင်ပတ်သက်လာတယ်။ တစ်ဖက်သားကို ကိုယ့်အကြံအတိုင်း လုပ်ခိုင်းပြီးတဲ့နောက် သူ့ကိုပြန်ပြီးအပြစ်တင်ရင် တရားပါ့မလား။ မေတ္တာရှိရာကောကျပါ့မလား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ယေဟောဝါဟာ မေတ္တာရှိတဲ့ဘုရားဖြစ်တယ်။’ (၁ ယော. ၄:၈) စီရင်တော်မူသမျှ တရားနဲ့ညီတယ်။ (ဆာ. ၃၇:၂၈; တရား. ၃၂:၄) အာဒံအပြစ်လုပ်ဖို့ ဘုရားသခင်အလိုတော်မရှိခဲ့ပါဘူး။ အပြစ်မလုပ်ဖို့ အာဒံကို သတိတောင်ပေးလိုက်သေးတယ်။ (က. ၂:၁၇)’ (၂) ‘ကျွန်တော်တို့ကို စိတ်ကြိုက်ရွေးချယ်ပြုလုပ်နိုင်ခွင့်ပေးသလို အာဒံကိုလည်းလွတ်လပ်မှုပေးခဲ့ပါတယ်။ အာဒံစုံလင်ပေမဲ့ ဘုရားသခင့်အမိန့်ကိုဖီဆန်ချင်ရင်ဖီဆန်နိုင်တဲ့ လွတ်လပ်မှုရှိပါတယ်။ အာဒံဟာ သေရလိမ့်မယ်လို့သတိပေးတဲ့ကြားထဲ တမင်ရွေးပြီးဘုရားသခင်ကိုပုန်ကန်ခဲ့ပါတယ်။’ (စာမျက်နှာ ၃၄ ကိုပါရှု။)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ