သီချင်း ၁၈၉
လက်စားချေရာယေဟောဝါနေ့ကြီးကြေညာ
၁။ တံပိုးသံများခုမြည်နေ၊
ခေါ်သံကျယ်လောင်ရှင်းပေ
ယေဟောဝါနေ့လက်စားချေ၊
လွန်စွာနီးကပ်လာနေ
ဤကြောင်းကိုပြောရဲရင့်စွာ၊
သို့ငြား မျက်မှောက်ရွံရှာ
စင်စစ်သတိပေးရမှာ၊
ဘုရားနိုင်ငံဖွားလာ
၂။ စစ်ပွဲမှူးယေဟောဝါ၊
သားတော်ကိုတိုက်ညွှန်နေပါ
အောင်ပွဲခံရာဆုံးခန်းသာ၊
ချီးမြှောက်တရားသမ္မာ
စာတန်သေနင်္ဂဗျူဟာ၊
ဧကန်ပျက်ပြယ်မည်သာ
တို့စစ်ရေးရာဆောင်ရွက်သွား၊
တို့လက် ဘုရားသင်ထား
၃။ ဘုရားကင်းသတိပေးနေ၊
သူတို့သံကုန်လွှင့်ပေ
ကိုယ်စီနေရာယူထားကြ၊
ဘုရားလိုတော်အရ
ယေဟောဝါခန့်ခွဲချိန်ခါ၊
တိုတောင်း လှနီးကပ်လာ
တို့ဟောရန်ဘုရားနိုင်ငံ၊
ကောင်းမြတ်အစီရင်ခံ