၂၀၀၄ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်း
၁ ယေဟောဝါသည် ကမ္ဘာနှင့်ချီ၍အရေးပါသောလုပ်ငန်းကို ပြီးမြောက်စေရန် သာမန်လူတို့ကို အသင့်ပြင်ဆင်ပေး၏။ ယင်းကို ကိုယ်တော်လုပ်ဆောင်သည့်နည်းတစ်နည်းမှာ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ပတ်စဉ်စီမံပေးသည့် လေ့ကျင့်မှုအားဖြင့်ဖြစ်သည်။ သင်၏အခြေအနေခွင့်ပြုသရွေ့ အပြည့်အဝပါဝင်နေသလော။ အစီအစဉ်များမှ အကျိုးအများဆုံးရရှိရန် ကျောင်းသားများအား ကူညီပေးဖို့ရည်ရွယ်ချက်ဖြင့် ဇန်နဝါရီလတွင် ပြုပြင်ပြောင်းလဲမှု အနည်းငယ်ပြုလုပ်မည်ဖြစ်သည်။
၂ အရန်သွန်သင်ချက်ပေးသူ အလှည့်ကျတာဝန်ယူခြင်း– သွန်သင်ခြင်းဟောပြောချက်များနှင့် ကျမ်းစာပေါ်လွင်ချက်များကို တင်ဆက်သော ညီအစ်ကိုများသည် အရန်သွန်သင်ချက်ပေးသူ၏ ရှုမြင်ချက်များအတွက် ကျေးဇူးတင်ကြသည်။ အရည်အချင်းရှိအကြီးအကဲများ အလုံအလောက်ရှိလျှင် အရန်သွန်သင်ချက်ပေးသူ၏တာဝန်ကို နှစ်စဉ်အလှည့်ကျယူနိုင်သည်။ ဤနည်းဖြင့် အလုပ်တာဝန်ကို ဝေမျှယူနိုင်သည်; သို့သော် သာ၍အရေးကြီးသည်မှာ အကြီးအကဲများနှင့် အရည်အချင်းရှိဓမ္မအမှုထမ်းများသည် အရည်အချင်းရှိဟောပြောသူနှင့် သွန်သင်သူအသီးသီး၏ စုပေါင်းအတွေ့အကြုံမှ အကျိုးခံစားရမည်ဖြစ်သည်။
၃ နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်းအစီအစဉ်– သင့်အသင်းတော်သည် နှုတ်ဖြေပြန်လည်သုံးသပ်မည့်အပတ်တွင် တိုက်နယ်စည်းဝေးပွဲရှိလျှင် ပြန်လည်သုံးသပ်ခြင်း (နှင့် ပတ်စဉ်အစီအစဉ်၏ကျန်အပိုင်း) ကို တစ်ပတ်ရွှေ့ဆိုင်းကာ နောက်အပတ်အစီအစဉ်ကို တစ်ပတ်စော၍ အသုံးပြုသင့်သည်။ သို့သော် နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းသည် တိုက်နယ်ကြီးကြပ်မှူး၏ လည်ပတ်မှုနှင့်တိုက်နေသောအခါ အပတ်စဉ် အစီအစဉ်နှစ်ခုကို အားလုံးလဲလှယ်ကျင်းပရန်မလိုပေ။ ယင်းအစား သီချင်း၊ စကားပြောအရည်အသွေး ဟောပြောချက်နှင့် ကျမ်းစာပေါ်လွင်ချက်များကို အစီအစဉ်အတိုင်း တင်ဆက်သင့်သည်။ (စကားပြောအရည်အသွေးဟောပြောချက်ပြီးနောက် တင်ဆက်သည့်) သွန်သင်ခြင်းဟောပြောချက်ကိုမူ နောက်အပတ် အစီအစဉ်မှ ယူသင့်သည်။ ကျမ်းစာပေါ်လွင်ချက်များပြီးနောက် လုပ်ငန်းတော်စည်းဝေးကို နာရီဝက်ဆက်ကျင်းပမည်၊ ယင်းကို ၁၀-မိနစ်ကြာအပိုင်းသုံးပိုင်း သို့မဟုတ် ၁၅-မိနစ်ကြာအပိုင်းနှစ်ပိုင်းခွဲ၍ ပြုပြင်ပြောင်းလဲ ကျင်းပနိုင်သည်။ (အဖွင့်ကြေညာချက်များကို ချန်ထားသင့်၏။) လုပ်ငန်းတော်စည်းဝေးပြီးနောက် တိုက်နယ်ကြီးကြပ်မှူး၏ သီချင်းနှင့် နာရီဝက်အစီအစဉ်ကို ဆက်ကျင်းပမည်။ နောက်အပတ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို စကားပြောအရည်အသွေးဟောပြောချက်နှင့် ကျမ်းစာပေါ်လွင်ချက်များဖြင့် အစီအစဉ်အတိုင်းကျင်းပကာ ၎င်းနောက် နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းကို ဆက်သုံးသပ်မည်ဖြစ်သည်။
၄ ဝိညာဉ်ရေးတိုးတက်ဖို့အတွက် အခွင့်အလမ်းတစ်ခုချင်းစီကို ကောင်းစွာအသုံးချပါ။ သင်သည် သီအိုကရက်တစ် ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးခံစားရသည်နှင့်အမျှ သင့်အသင်းတော်ကို အားရှိစေကာ ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံမှုတွင် တစ်စိတ်တစ်ဒေသပါဝင်ရုံမက ကျွန်ုပ်တို့ကြေညာရမည့် အံ့ဖွယ်သတင်းတရားကို အစပြုသောအရှင်အား ချီးမွမ်းစရာဖြစ်စေသည်။—ဟေရှာ. ၃၂:၃၊ ၄; ဗျာ. ၉:၁၉။