သီချင်း ၈၈
ကျေးကျွန်တော်ဆုပတ္ထနာ
၁။ ကောင်းကင်ဘုရင် ဘုန်းတန်ခိုး၊
နာမတော် အစဉ်မြတ်နိုး
ကရုဏာတော်မြဲတည်လှ၊
သစ္စာရှိပါ ထာဝရ
ထာဝရသစ္စာရှိပါ
အမှန်တည်ရာကရုဏာ
၂။ မှုဆောင်စဉ် ကိုယ်တော် သင်ကြား၊
လိုတော်မြတ်ကို ကျွန်တို့အား
မိန့်တော်ကိုနာခံလိုပေ၊
ကိုယ်တော် “သိုးများ”
အနီးနေ ကိုယ်တော် “သိုးများ” အနီးနေ၊
မိန့်တော်ကိုနာခံလိုပေ
၃။ ပေးတော်မူအထက်ပညာ၊
သန့်ရှင်းနူးညံ့ ပြည့်မေတ္တာ
အကြင်နာစိတ်ကိုပေးပါ၊
မျက်နှာကြီးငယ် မရွေးပါ
မျက်နှာကြီးငယ်မရွေးပါ၊
အကြင်နာစိတ်ကို ပေးပါ
၄။ မှုတော်ဆောင်ရာ လမ်းစဉ်တွင်၊
ဝမ်းမြောက်စိတ် ကြွယ်ဝလျက်ပင်
မရပ်မစဲဆုတောင်းလေ၊
နိုင်ငံတော်မြဲတိုးတက်ပေ
နိုင်ငံတော်မြဲတိုးတက်ပေ၊
မရပ်မစဲဆုတောင်းလေ