သီချင်း ၅၅
ယေဟောဝါရှင်နှင့် နေ့စဉ်လမ်းလျှောက်နေ
၁။ လက်တွဲလျက်ဘုရားယေဟောဝါ၊
နေ့စဉ်နှိမ့်ချစွာ လျှောက်ကာ
အို မထိုက်တန်ကျေးဇူးတရား၊
လူ ရွှံ့မြေအား ပေးသနား
ခန့်အပ်ထား၍သာလျှင်ဤမျှ၊
ကိုယ်တော်နှင့်တူ လက်တွဲရ
ကိုယ်ကိုဆက်ကပ်အပ်နှံရမှ၊
ဘုရားရှင်ဘက် ရပ်တည်ကြ
၂။ ကောင်းကင်ဖခင်နှင့်တူလျှောက်လျှင်၊
လုံခြုံပညာရှိလမ်းစဉ်
ဆုလာဘ်တော်ကို လုယူကြဖို့၊
ဝိုင်းဝန်းလျက်နေ ရန်သူတို့
စာတန်နတ်ဆိုးတို့ ကျော့ကွင်းများ၊
နိမ့်ကျ လူသားအားထောင်ထား
ဤလောကီဆိုင်ရာရုပ်ဝါဒီ၊
မည်သို့ခြေငြိတွယ်စေသည်
၃။ နှုတ်ကပါဌ်နှင့်ဝိညာဉ်အားဖြင့်
ဘုရား တို့ကိုကူညီလင့် ကိုယ်တော်.
ခရစ်ယာန်အသင်းတော်ဖြင့်၊
ဆုတောင်း နားညောင်းခြင်းအားဖြင့်
တူလျှောက်လှမ်းဘုရားယေဟောဝါ၊
လုပ်ဆောင်ကြ မှန်ရာကိုသာ
မေတ္တာကြင်နာစိတ်ရင်းခံမှ၊
ရှေ့တော်သိက္ခာနှင့်နှိမ့်ချ