ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အဘယ်ကြောင့် နှစ်ခြင်းခံရသနည်း
    ကင်းမျှော်စင်—၂၀၀၂ | ဧပြီ ၁
    • ကိုဆက်ကပ်အပ်နှံသည့်အခါ ကျမ်းစာတွင်ဖော်ပြထားသော ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ရန် ကျွန်ုပ်တို့၏ဘဝအသက်တာကို အသုံးပြုဖို့ဆုံးဖြတ်ကြောင်း ဖော်ပြကြသည်။ ထိုဆက်ကပ်အပ်နှံခြင်း၏ အထိမ်းအမှတ်အနေနှင့် နှစ်ခြင်းခံမည့်သူများသည် ရေတွင်နှစ်မြှုပ်ခံကြရမည်၊ ယေရှုကိုယ်တော်တိုင် မိမိကိုယ်ကို ဘုရားသခင်အား ဆက်သကြောင်း လူအများရှေ့ဖော်ပြရန် ယော်ဒန်မြစ်တွင် နှစ်ခြင်းခံတော်မူခဲ့သည်။ (မဿဲ ၃:၁၃) ထိုအလွန်အရေးကြီးသော အခါသမယတွင် ယေရှု ဆုတောင်းနေခြင်းက မှတ်သားစရာဖြစ်သည်။—လုကာ ၃:၂၁၊ ၂၂။

      ၁၆။ လူများနှစ်ခြင်းခံသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသည့်အခါ ကျွန်ုပ်တို့၏ရွှင်လန်းမှုကို မည်သို့သင့်လျော်စွာဖော်ပြနိုင်သနည်း။

      ၁၆ ယေရှု၏နှစ်ခြင်းသည် အလွန်အရေးပါသော်လည်း ရွှင်လန်းစရာအချိန်လည်းဖြစ်သည်။ မျက်မှောက်ခေတ်တွင် ခရစ်ယာန်များ၏နှစ်ခြင်းသည်လည်း ထပ်တူဖြစ်သည်။ ဘုရားသခင်ထံဆက်ကပ်အပ်နှံကြောင်းကို နှစ်ခြင်းခံခြင်းအထိမ်းအမှတ်ဖြင့် လူတို့ဖော်ပြကြသည့်အခါ လေးစားစွာလက်ခုပ်တီး၍သြဘာပေးခြင်း အားတက်သရောချီးမွမ်းခြင်းဖြင့် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ဖော်ပြနိုင်ပါသည်။ သို့သော် ယုံကြည်ခြင်းကို ဤသို့ဖော်ပြခြင်း၏မြင့်မြတ်မှုကို ရိုသေလေးစားသည့်အနေနှင့် ကြွေးကြော်၍သြဘာပေးခြင်း၊ လေချွန်ခြင်း အစရှိသည့်အပြုအမူများကို ရှောင်ကြဉ်ကြမည်။ ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ဂုဏ်သိက္ခာရှိရှိ တင်ပြကြမည်။

      ၁၇၊ ၁၈။ တစ်ဦးတစ်ယောက်သည် နှစ်ခြင်းခံရန် အရည်အချင်းပြည့်မီမမီကို အဘယ်အရာက သိစေသနည်း။

      ၁၇ နို့စို့ကလေးများကို ရေဖျန်းပေးသူများ၊ သို့မဟုတ် ကျမ်းစာအသိပညာမရှိသူများကို အတင်းအကျပ်နှစ်ခြင်းပေးသူများနှင့်မတူဘဲ ယေဟောဝါသက်သေများသည် မည်သူ့ကိုမျှ အတင်းအကျပ်နှစ်ခြင်းမယူစေပါ။ အမှန်မှာ၊ ဝိညာဉ်ရေးဘက် အရည်အချင်းမပြည့်မီသူများကို သူတို့နှစ်ခြင်းမပေးကြချေ။ တစ်ဦးတစ်ယောက်သည် နှစ်ခြင်းမခံရသေးသော သတင်းကောင်းကြေညာသူတစ်ဦး မဖြစ်လာမီပင် ထိုသူသည် သမ္မာကျမ်းစာအခြေခံသွန်သင်ချက်များကို နားလည်သဘောပေါက်ခြင်းရှိမရှိ၊ ၎င်းသွန်သင်ချက်များနှင့်အညီ နေထိုင်မထိုင်၊ ထို့ပြင် “သင်သည် ယေဟောဝါသက်သေတစ်ဦး အမှန်ဖြစ်လိုပါသလော” ဟူသောမေးခွန်းကို ဟုတ်ကဲ့ဟုဖြေမဖြေကို ခရစ်ယာန်အကြီးအကဲများက သေချာအောင်ပြုကြသည်။

      ၁၈ များသောအားဖြင့် တစ်ဦးတစ်ယောက်သည် နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းတွင် အဓိပ္ပာယ်ရှိရှိပါဝင်ပြီး နှစ်ခြင်းခံလိုကြောင်း ထုတ်ဖော်ပြောသည့်အခါ သူတို့သည် ယေဟောဝါအား ဆက်ကပ်အပ်နှံပြီးသော၊ နှစ်ခြင်းခံနိုင်ရန် ဘုရားသခင်တောင်းဆိုသော လိုအပ်ချက်များနှင့်ပြည့်မီသော ယုံကြည်သူများဖြစ်မဖြစ် ခရစ်ယာန်အကြီးအကဲများ အသေအချာသိရန် သူတို့နှင့်ဆွေးနွေးပြောဆိုကြရသည်။ (တမန်တော် ၄:၄; ၁၈:၈) သမ္မာကျမ်းစာသွန်သင်ချက်များပေါ်အခြေခံသည့် မေးခွန်း ၁၀၀ ကျော်ကို တစ်ဦးချင်းစီ မည်သို့ဖြေဆိုကြောင်း သိထားခြင်းက ရေနှစ်ခြင်းခံလိုသူများ ကျမ်းစာတောင်းဆိုသောလိုအပ်ချက်များ ပြည့်မီမမီ အကြီးအကဲများအား ခွဲခြားသိမြင်စေသည်။ အချို့သည် အရည်အချင်းမပြည့်မီကြသောကြောင့် ခရစ်ယာန်နှစ်ခြင်းခံခွင့်မရကြချေ။

      တစ်စုံတစ်ရာက သင့်အား တားဆီးနေပါသလော

      ၁၉။ ယောဟန် ၆:၄၄ အရ မည်သူတို့သည် ယေရှု၏တွဲဖက်အမွေခံများ ဖြစ်ကြမည်နည်း။

      ၁၉ အတင်းအကျပ်ဖိအားပေးခံခဲ့ရ၍ အစုအဝေးလိုက် နှစ်ခြင်းခံသူများစွာသည် သေလျှင်ကောင်းကင်သို့သွားကြရမည်ဟု အပြောခံခဲ့ရပေမည်။ သို့သော် ယေရှုခြေရာကိုလိုက်လျှောက်သော နောက်တော်လိုက်များနှင့်စပ်လျဉ်း၍ ကိုယ်တော်ဤသို့မိန့်မြွက်ခဲ့၏– “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင်။” (ယောဟန် ၆:၄၄) ယေဟောဝါသည် ကောင်းကင်နိုင်ငံတော်တွင် ယေရှုနှင့်တွဲဖက်အမွေခံ အုပ်စိုးမည့်သူ ၁၄၄,၀၀၀ ကိုခရစ်တော်ထံသို့ သွေးဆောင်တော်မူခဲ့ပြီ။ အတင်းအကျပ်နှစ်ခြင်းပေးခြင်းသည် ဘုရားသခင့်အစီအစဉ်တွင် မည်သူ့ကိုမျှ ဘုန်းဝင်စားခွင့်ရစေသည့် သန့်ရှင်းစင်ကြယ်မှု မရစေခဲ့ပါ။—ရောမ ၈:၁၄-၁၇; ၂ သက်သာလောနိတ် ၂:၁၃; ဗျာဒိတ် ၁၄:၁။

      ၂၀။ နှစ်ခြင်းမခံရသေးသော အချို့သူများကို အဘယ်အရာက အကူအညီပေးနိုင်သနည်း။

      ၂၀ ‘ကြီးစွာသောဆင်းရဲခြင်း’ ကိုကပ်ကျော်ပြီး မြေကြီးပေါ် ထာဝစဉ်အသက်ရှင်မည်ဟု မျှော်လင့်ကြသူမြောက်မြားစွာသည် အထူးသဖြင့် ၁၉၃၀ ပြည့်လွန်နှစ်အလယ်ပိုင်းမှစ၍ ယေရှု၏ “အခြားသိုး” အတန်းအစားတွင် ပါဝင်လာခဲ့ကြပြီ။ (ဗျာဒိတ် ၇:၉၊ ၁၄; ယောဟန် ၁၀:၁၆) သူတို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်အညီ အသက်ရှင်နေထိုင်ခဲ့ကြပြီး ဘုရားသခင်ကို “စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့်” ချစ်မြတ်နိုးကြသောကြောင့် နှစ်ခြင်းခံရန် အရည်အချင်းပြည့်မီကြသည်။ (လုကာ ၁၀:၂၅-၂၈) ယေဟောဝါသက်သေများသည် ‘ဘုရားသခင်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ အမှန်တရားနှင့်လည်းကောင်း ကိုးကွယ်ကြသည်’ ဟုအချို့သူတို့ သိထားကြသော်လည်း ဤသူတို့သည် ယေရှု၏ပုံသက်သေကို မလိုက်လျှောက်ကြသေးချေ၊ ယေဟောဝါကို အမှန်တကယ်ချစ်ကြောင်းနှင့် အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုကြောင်း နှစ်ခြင်းခံခြင်းအားဖြင့် လူအများရှေ့မတင်ပြခဲ့သေးချေ။ (ယောဟန် ၄:၂၃၊ ၂၄; တရားဟောရာ ၄:၂၄; မာကု ၁:၉-၁၁) ဤအရေးကြီးသောဆောင်ရွက်မှုနှင့်ပတ်သက်၍ သတ်သတ်မှတ်မှတ်၊ စိတ်ထက်သန်စွာ ဆုတောင်းလျှင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အပြည့်အဝလိုက်လျှောက်နာခံရန်၊ ယေဟောဝါဘုရားသခင်အား အကြွင်းမဲ့ဆက်ကပ်အပ်နှံရန်၊ နှစ်ခြင်းခံရန် လိုအပ်သောလှုံ့ဆော်မှုနှင့် ရဲစွမ်းသတ္တိ ရရှိလာပေလိမ့်မည်။

      ၂၁၊ ၂၂။ အချို့သူများသည် အဘယ်အကြောင်းများကြောင့် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းမခံဘဲနေသနည်း။

      ၂၁ အချို့သူများသည် ဝိညာဉ်ရေးရာများအတွက် အချိန်မပေးနိုင်လောက်အောင် လောကရေးရာများ သို့မဟုတ် စည်းစိမ်ဥစ္စာရှာဖွေရေးတွင် အလုပ်များနေခြင်းကြောင့် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခြင်း မပြုနိုင်ကြချေ။ (မဿဲ ၁၃:၂၂; ၁ ယောဟန် ၂:၁၅-၁၇) သူတို့၏သဘောထားများနှင့် ပန်းတိုင်များကို ပြုပြင်ပြောင်းလဲကြမည်ဆိုလျှင် သူတို့အလွန်ဝမ်းသာရွှင်လန်းကြပေလိမ့်မည်! ယေဟောဝါထံချဉ်းကပ်ခြင်းဖြင့် သူတို့သည် ဝိညာဉ်ရေးတွင်ကြွယ်ဝချမ်းသာလာပြီး စိုးရိမ်ပူပန်မှုများ လျော့နည်းသွားကာ ဘုရားသခင်၏အလိုတော်ဆောင်ခြင်းမှရရှိသော ငြိမ်သက်ခြင်းနှင့် ကျေနပ်ရောင့်ရဲမှုရှိကြလိမ့်မည်။—ဆာလံ ၁၆:၁၁; ၄၀:၈; သု. ၁၀:၂၂; ဖိလိပ္ပိ ၄:၆၊ ၇။

      ၂၂ အခြားသူများကမူ ယေဟောဝါကိုချစ်သည်ဟုဆိုကြသော်လည်း ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခြင်းကို မပြုလုပ်ကြပါ၊ သို့ဖြင့် စာရင်းရှင်းရန်တာဝန်မှ ရှောင်လွဲနိုင်မည်ဟု သူတို့ယူဆကြသည်။ သို့သော် ကျွန်ုပ်တို့တစ်ယောက်စီသည် ဘုရားသခင်ထံ စာရင်းရှင်းကြရမည်။ ယေဟောဝါ၏စကားတော်ကို ကျွန်ုပ်တို့စတင်ကြားနာခဲ့ချိန်တွင် ကျွန်ုပ်တို့၌ တာဝန်ရှိနေပြီဖြစ်သည်။ (ယေဇကျေလ ၃၃:၇-၉; ရောမ ၁၄:၁၂) ‘ရွေးချယ်ခံရသောလူမျိုး’ တစ်မျိုးအနေနှင့် ရှေးဣသရေလလူများသည် ယေဟောဝါအား ဆက်ကပ်အပ်နှံထားသော လူမျိုးအဖြစ် မွေးဖွားလာသောကြောင့် ကိုယ်တော်၏ပညတ်တော်နှင့်အညီ ကိုယ်တော်ကို တည်ကြည်မှုရှိရှိဝတ်ပြုကိုးကွယ်ဖို့ တာဝန်ရှိခဲ့သည်။ (တရားဟောရာ ၇:၆၊ ၁၁) ယနေ့ မည်သူမျှ ထိုကဲ့သို့သောလူမျိုးထဲ မွေးဖွားလာသည်မဟုတ်သော်လည်း တိကျမှန်ကန်သော ကျမ်းစာသွန်သင်ချက်များကို ကျွန်ုပ်တို့ရရှိထားပြီဖြစ်သောကြောင့် ယုံကြည်ခြင်းဖြင့် ၎င်းနှင့်အညီလုပ်ဆောင်ဖို့လိုသည်။

      ၂၃၊ ၂၄။ အဘယ်စိုးရိမ်မှုများကြောင့် နှစ်ခြင်းခံရန်တွန့်ဆုတ်မနေသင့်သနည်း။

      ၂၃ အချို့သူတို့မှာမူ မိမိတို့၌ အသိပညာအလုံအလောက်မရှိဟု ထင်မှတ်ကြသောကြောင့် နှစ်ခြင်းခံရန် တွန့်ဆုတ်နေကြပေမည်။ သို့သော် “ဘုရားသခင်စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည်စစ်၍မကုန်နိုင်” သောကြောင့် ကျွန်ုပ်တို့အားလုံး သင်ယူစရာမြောက်မြားစွာရှိသည်။ (ဒေ. ၃:၁၁) အဲသယောပိအမတ်ကို သုံးသပ်ကြည့်ပါ။ ဘာသာပြောင်းဝင်လာသူတစ်ဦးအနေနှင့် ကျမ်းစာအသိပညာအနည်းငယ်ရှိထားသည်၊ သို့သော် ဘုရားသခင့်ရည်ရွယ်ချက်များနှင့်ပတ်သက်၍ မေးခွန်းအားလုံးကို သူမဖြေဆိုနိုင်ခဲ့ပါ။ သို့ရာတွင် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့် ယေဟောဝါ၏ကယ်တင်ခြင်းအစီအစဉ်အကြောင်း သူသိရှိလာပြီးနောက် ထိုအမတ်သည် ချက်ချင်းရေနှစ်ခြင်းခံခဲ့သည်။—တမန်တော် ၈:၂၆-၃၈။

      ၂၄ အချို့သူများမှာမူ ပျက်ကွက်မည်ကိုစိုးရိမ်ကာ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံမှုပြုရန် တွန့်ဆုတ်နေကြသည်။ အသက် ၁၇ နှစ်ရှိ မော်နီကာဤသို့ပြောသည်– “ကျွန်မရဲ့ဆက်ကပ်အပ်နှံမှုနဲ့အညီ မနေနိုင်မှာကို စိုးရိမ်တဲ့အတွက် နှစ်ခြင်းခံဖို့ တွန့်ဆုတ်နေခဲ့တယ်။” သို့ရာတွင် ကျွန်ုပ်တို့သည် ယေဟောဝါကိုစိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားမည်ဆိုလျှင် ‘ကိုယ်တော်သည် ကျွန်ုပ်တို့၏လမ်းခရီးကို ပဲ့ပြင်တော်မူမည်။’ ကိုယ်တော်၏ဆက်ကပ်အပ်နှံထားသော တည်ကြည်သည့်ကျေးကျွန်များအဖြစ် “[အမှန်] တရားတွင်ဆက်လျှောက်လှမ်း” သွားနိုင်ရန် ကျွန်ုပ်တို့ကို ကိုယ်တော်ကူညီတော်မူလိမ့်မည်။—သု. ၃:၅၊ ၆; ၃ ယောဟန် ၄။

      ၂၅။ ယခု အဘယ်မေးခွန်းကို ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်သင့်သနည်း။

      ၂၅ ယေဟောဝါအား လုံးလုံးလျားလျားယုံကြည်ကိုးစားပြီး ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်မြတ်နိုးကြသောကြောင့် နှစ်စဉ် ထောင်နှင့်ချီသောသူများသည် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံရန် လှုံ့ဆော်ခံခဲ့ကြရသည်။ ဆက်ကပ်အပ်နှံပြီးသော ကျေးကျွန်အားလုံးသည် ကိုယ်တော်အပေါ် တည်ကြည်မှုရှိလိုကြသည်မှာ မလွဲဧကန်ပင်။ သို့သော် ကျွန်ုပ်တို့သည် ခဲယဉ်းသောကာလတွင် အသက်ရှင်နေကြရပြီး ယုံကြည်ခြင်းစမ်းသပ်မှုမျိုးစုံကို ကြုံတွေ့နေကြရသည်။ (၂ တိမောသေ ၃:၁-၅) ယေဟောဝါထံ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုနှင့်အညီ နေထိုင်နိုင်ကြရန် အဘယ်အရာပြုလုပ်နိုင်မည်နည်း။ ဤအကြောင်းကို နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့သုံးသပ်ကြမည်။

  • တည်ကြည်သောနှလုံးဖြင့် ယေဟောဝါအား ဆက်၍ဝတ်ပြုကိုးကွယ်လော့
    ကင်းမျှော်စင်—၂၀၀၂ | ဧပြီ ၁
    • တည်ကြည်သောနှလုံးဖြင့် ယေဟောဝါအား ဆက်၍ဝတ်ပြုကိုးကွယ်လော့

      “အိုဘုရားသခင် အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။”—ဆာလံ ၅၇:၇။

      ၁။ ကျွန်ုပ်တို့တွင်ဒါဝိဒ်ကဲ့သို့သောယုံကြည်စိတ်ချမှုအဘယ်ကြောင့်ရှိနိုင်သနည်း။

      ယေဟောဝါသည် ကျွန်ုပ်တို့ကို ကိုယ်တော့်ဆက်ကပ်အပ်နှံကျေးကျွန်များအဖြစ် စစ်မှန်သော ခရစ်ယာန်အယူဝါဒကို စွဲမြဲစွာဆုပ်ကိုင်ထားရန် ခရစ်ယာန်ယုံကြည်ခြင်းတွင် တည်ကြည်ဖို့ လုပ်ဆောင်ပေးနိုင်တော်မူ၏။ (ရောမ ၁၄:၄) ထို့ကြောင့် “အိုဘုရားသခင် အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏” ဟုသီဆိုရန် လှုံ့ဆော်ခံခဲ့ရသူ ဆာလံဆရာဒါဝိဒ်ကဲ့သို့သော ယုံကြည်စိတ်ချမှု ကျွန်ုပ်တို့တွင်ရှိနိုင်သည်။ (ဆာလံ ၁၀၈:၁) ကျွန်ုပ်တို့၏နှလုံး တည်ကြည်မည်ဆိုလျှင် ဘုရားသခင်ထံ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုအတိုင်း အောင်မြင်စွာဆောင်ရွက်ရန် လှုံ့ဆော်ခံရကြမည်။ ထို့ပြင် လမ်းညွှန်မှုနှင့် ခွန်အားရရှိရန် ကိုယ်တော်ကိုမှီခိုအားထားခြင်းဖြင့် ကျွန်ုပ်တို့သည် ‘သခင်ဘုရား၏အမှုတော်၌ လုပ်ကိုင်စရာများစွာ’ ရှိသည့် တည်ကြည်ဖြောင့်မတ်သူများအနေနှင့် မတိမ်းယိမ်းဘဲ မြဲမြံသောစိတ်ပိုင်းဖြတ်မှုနှင့် ယုံကြည်စိတ်ချမှုရှိနိုင်ကြမည်။—၁ ကောရိန္သု ၁၅:၅၈။

      ၂၊ ၃။ ၁ ကောရိန္သု ၁၆:၁၃ တွင်မှတ်တမ်းတင်ထားသော ပေါလု၏တိုက်တွန်းချက်များ ဆိုလိုရင်းကား အဘယ်နည်း။

      ၂ ရှေးကောရိန္သုမြို့ရှိ ယေရှု၏တပည့်နောက်လိုက်များကို ရည်ညွှန်းရေးသားခြင်းဖြစ်သော်လည်း မျက်မှောက်ခေတ်ခရစ်ယာန်များနှင့်ပါ အမှန်သက်ဆိုင်သည့် တိုက်တွန်းချက်များတွင် တမန်တော်ပေါလု ဤသို့ဆို၏– “သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌တည်ကြလော့။ ယောက်ျားအစွမ်းသတ္တိနှင့်တကွ ခွန်အားစုံလင်လျက်နေကြလော့။” (၁ ကောရိန္သု ၁၆:၁၃) ဂရိစကားတွင် ဤမိန့်ဆိုချက်တစ်ခုစီသည် ပစ္စုပ္ပန်ကာလပြ ကြိယာသဏ္ဌာန်ဖြစ်ရကား ဆက်လုပ်ဆောင်ရန် တိုက်တွန်းပေးသည်။ ဤဆုံးမစကား၏ ဆိုလိုရင်းကား အဘယ်နည်း။

      ၃ ကျွန်ုပ်တို့သည် စာတန်ကိုဆီးတားပြီး ဘုရားသခင်နှင့် နီးကပ်စွာနေခြင်းအားဖြင့် ဝိညာဉ်ရေးအရ “သတိနှင့်စောင့်နေ” နိုင်ကြသည်။ (ယာကုပ် ၄:၇၊ ၈) ယေဟောဝါအား ယုံကြည်ကိုးစားခြင်းက ကျွန်ုပ်တို့ကို စည်းလုံးစွာဆက်ရှိနေစေပြီး ‘ခရစ်ယာန်ယုံကြည်ခြင်း၌တည်ကြည်’ စေသည်။ ကျွန်ုပ်တို့တွင်ရှိ အမျိုးသမီးများစွာအပါအဝင် “ယောက်ျားအစွမ်းသတ္တိ” နှင့် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအဖြစ် ဘုရားသခင့်အမှုတော်ကို ရဲရဲရင့်ရင့်ဆောင်ရွက်ကြသည်။ (ဆာလံ ၆၈:၁၁) ဘုရားသခင့်အလိုတော်ဆောင်ရွက်ရန် ကောင်းကင်ခမည်းတော်ထံမှ ခွန်အားရဖို့ အဆက်မပြတ်မျှော်ကိုးခြင်းအားဖြင့် ကျွန်ုပ်တို့သည် “ခွန်အားနှင့်ပြည့်စုံ” ကြ၏။—ဖိလိပ္ပိ ၄:၁၃။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ