ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၂/၁ စာ. ၂၉
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အခု မင်းရဲ့ အဆုံး ရောက်လာပြီ”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—⁠၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အမှုဆောင်လုပ်ငန်း အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—⁠၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၂/၁ စာ. ၂၉

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရုရှလင်မြို့ ဝန်းရံပိတ်ဆို့၊ ဖျက်ဆီးခံရချိန်အတွင်း ယေဇကျေလသည် အဘယ်သဘောဖြင့် “စကားအ” သွားခဲ့သနည်း။

အမှန်သော်၊ သူကြေညာခဲ့ပြီးသော ယေဟောဝါ၏ပရောဖက်ပြုသတင်းစကားကို ထပ်၍ဖြည့်စွက်စရာ မရှိတော့သည့် သဘောဖြစ်သည်။

ပရောဖက်ယေဇကျေလသည် “ယေခေါနိမင်းသိမ်းသွားခံရသော ပဉ္စမနှစ်” ဖြစ်သည့် ဘီ.စီ.အီး. ၆၁၃ ခုနှစ်တွင် ဗာဗုလုန်သို့ နယ်နှင်ခံရသော ဣသရေလလူမျိုးအတွက် သစ္စာရှိကင်းစောင့်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ (ယေဇကျေလ ၁:၂၊ ၃၊ သမ္မာ) ဘီ.စီ.အီး. ၆၀၉ ခုနှစ်၊ ဒသမလူးနာလ၊ ဆယ်ရက်နေ့တွင် ယေရုရှလင်မြို့ကို ဗာဗုလုန်လူမျိုး စတင်ဝန်းရံပိတ်ဆို့မည်ဖြစ်ကြောင်း ဘုရားသခင့်ဝိညာဉ်တော်မှုတ်သွင်းမှုကြောင့် သူသိရှိခဲ့ရသည်။ (ယေဇကျေလ ၂၄:၁၊ ၂) ဤဝိုင်းရံပိတ်ဆို့ မှုကြောင့် အဘယ်အရာများဖြစ်ပျက်လာမည်နည်း။ ယေရုရှလင်မြို့နှင့် သစ္စာမဲ့မြို့သူမြို့သားများ ဘေးလွတ်ကြမည်လော။ ကင်းစောင့်တစ်ဦးအနေနှင့် ယေဇကျေလသည် ယေဟောဝါ၏မမှားနိုင်သော ပျက်စီးခြင်းသတင်းကို ကြေညာထားပြီဖြစ်ရာ၊ ထိုသတင်းစကားကို ပိုမိုယုံကြည်စေရန် လုပ်ဆောင်သည့်အလား တစ်စုံတစ်ရာမျှ ထပ်ဖြည့်စွက်စရာမလိုတော့ပေ။ ယေဇကျေလသည် ယေရုရှလင်မြို့ ဝိုင်းရံပိတ်ဆို့ခံရခြင်းနှင့်ပတ်သက်၍ ထပ်ပြောစရာမရှိ၊ စကားအ,သွားလေသည်။—ယေဇကျေလ ၂၄:၂၅-၂၇၊ သမ္မာ။

ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ဖျက်ဆီးခံရပြီးနောက် ခြောက်လခန့်အကြာတွင် လွတ်မြောက်လာသူတစ်ဦးက သန့်ရှင်းသောမြို့ ပျက်စီးခြောက်ကပ်နေကြောင်း ဗာဗုလုန်ရောက်နေသူ ယေဇကျေလထံ သတင်းယူလာပေးသည်။ ဤလွတ်မြောက်လာသူ ရောက်မလာမီ ညနေပိုင်းတွင် ယေဟောဝါသည် “[ယေဇကျေလ၏] နှုတ်ကိုဖွင့်တော်မူသဖြင့် နောက်တစ်ဖန် [သူ] သည် စကားအ,လျက်နေရသည်မဟုတ်။” (ယေဇကျေလ ၃၃:၂၂၊ သမ္မာ) ထိုသို့နှင့် ယေဇကျေလ စကားပြန်ပြောနိုင်တော့သည်။

ထိုကာလအတွင်း ယေဇကျေလသည် အမှန်ပင် စကားအ,နေသလော။ စကားအ,မနေကြောင်း ထင်ရှားသည်၊ အကြောင်းမှာ “စကားအ” သွားပြီးသည့်နောက်၌ပင် ယေဇကျေလသည် ယေရုရှလင်မြို့ကျဆုံးသွားသည့်အတွက် အပျော်ကြီးပျော်နေကြသော ဝန်းကျင်နိုင်ငံများကို အဓိကရည်ရွယ်ပြီး ပရောဖက်ပြုခဲ့သောကြောင့် ဖြစ်သည်။ (ယေဇကျေလ အခန်းကြီး ၂၅-၃၂) ယေဇကျေလသည် ပရောဖက်တာဝန်နှင့် ကင်းစောင့်တာဝန် ထမ်းဆောင်ခါစတွင် သူ့ကို ယေဟောဝါက “သင်သည် သူတို့ကိုမဆုံးမဘဲနေစေခြင်းငှာ စကားအ,လျက် သင့်လျှာကို အာခေါင်၌ကပ်စေမည်။ အကြောင်းမူကား သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်ကြ၏။ သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ်ကိုငါဖွင့်မည်” ဟုမိန့်တော်မူ၏။ (ယေဇကျေလ ၃:၂၆၊ ၂၇) ဣသရေလလူမျိုးကို ယေဟောဝါမှာကြားစရာ သတင်းစကားမရှိချိန်တွင် ယေဇကျေလသည် ထိုလူမျိုးနှင့်ပတ်သက်ပြီး စကားအ,နေရမည်ဖြစ်သည်။ ယေဇကျေလသည် ယေဟောဝါ ပြောဆိုစေလိုသောအချိန်တွင် ယေဟောဝါပြောစေလိုသောစကားကို ပြောရန်ဖြစ်သည်။ ယေဇကျေလ၏ စကားအ,နေခြင်းသည် အရေးကြီးသော ပရောဖက်သတင်းစကားများကို ဣသရေလလူမျိုးအား မပြောဘဲ နှုတ်ဆိတ်နေခြင်းကိုဆိုလိုသည်။

ခေတ်သစ် ကင်းစောင့်အတန်းအစားဖြစ်သော ဝိညာဉ်တော်ဖွား ခရစ်ယာန်တို့သည် ပုံဆောင်ယေရုရှလင်မြို့တည်းဟူသော ခရစ်ယာန်ဘောင်ပျက်စီးခြင်းအကြောင်းကို သတိပေးလျက်ရှိသည်။ ‘ကြီးစွာသောဆင်းရဲခြင်း’ ကျရောက်ပြီး မှားယွင်းသောဘာသာရေးကမ္ဘာ့အင်ပါယာတည်းဟူသော ‘မဟာဗာဗုလုန်’ ပျက်စီးသောအခါတွင် ဝိညာဉ်တော်ဖွား ယေဇကျေလအတန်းအစားသည် ထိုအင်ပါယာ၏အဓိကအစိတ်အပိုင်းဖြစ်သော ခရစ်ယာန်ဘောင်ကျဆုံးခြင်းအကြောင်း နောက်ထပ်ပြောဆိုစရာ ရှိတော့မည်မဟုတ်ပါ။—မဿဲ ၂၄:၂၁; ဗျာ. ၁၇:၁၊ ၂၊ ၅။

မှန်ပါသည်၊ ဝိညာဉ်တော်ဖွားများနှင့် သူတို့၏အပေါင်းပါများသည် ခရစ်ယာန်ဘောင်သိရှိစေဖို့ ထပ်ပြောစရာမရှိတော့သောကြောင့် စကားအ,နေချိန် ရောက်လာပါလိမ့်မည်။ ထိုအချိန်သည် “ချိုဆယ်ချောင်း” နှင့် “သားရဲ” က မဟာဗာဗုလုန်ကို ဖျက်ဆီး၍ သူ၏အဝတ်တန်ဆာကိုချွတ်သောအခါတွင်ဖြစ်မည်။ (ဗျာ. ၁၇:၁၆) ယင်းကြောင့် ခရစ်ယာန်များသည် တကယ့်ကို စကားအ,သွားမည်ဟု မဆိုလိုပါ။ ယခု သူတို့လုပ်ဆောင်နေကြသည့်နည်းတူ ယေဟောဝါကိုချီးမွမ်း၍ ကိုယ်တော်၏နာမကို နေ့တိုင်းအစဉ် “ကမ္ဘာအဆက်ဆက်” ကျော်စောစေပါလိမ့်မည်။—ဆာလံ ၄၅:၁၇; ၁၄၅:၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ