သီချင်း ၂၂
ယုဒသြဝါဒစာ ဂရုမူပါ
(ယုဒ ၂၁)
၁။ နက်ရှိုင်းလှုပ်ရှားစိတ်ခံစား၊
ယုဒစာတောင်းပန်ကြား
တို့အားလုံးတွက်သူရေးပို့၊
ဘယ်ခါမျှမလဲဖို့
ထိုမှအစဉ်ကောင်းလှသြဝါဒနှင့်
ခွန်အားသတ္တိရ
မြတ်လှယုံကြည် စိတ်ရှင်သန်စေမည်
၂။ သတိပေးချက်ရှင်းလှပေ
အမှားမြင်စေကူလေ
စာတန် တို့လမ်းလွှဲလိုလား၊
လှည့်စားရာသိနှင့်ထား
ဘုရားမိန့်တော်ပစ်ပယ်စေလို၊
စဉ်းလဲလှည့်ဖြားလျက်ပြောဆို
ဘယ်မျှသူ စဉ်းစားအားထုတ်မစဲ
၃။ မြှူဆွယ်ရာ နောက်ပါပြစ်သား၊
အောင်မြင် သိမ်မွေ့စိတ်ထား
မေတ္တာတော်ထဲ ရွေးတည်မြဲ
လမ်းစဉ်မှ ဘယ်မလွဲ
တန်ဆာတပ်ဆင်ပေး ယုဒစာ၊
စဉ်နိုးကြားရန် ကူညီမှာ
ယုံကြည်ကိုးကွယ် ဖောက်ပြန်စိတ် ရှောင်ဖယ်
၄။ ယုံကြည်ခြင်းတွက် အားစိုက်လျက်၊
တိုက်ပွဲတွက်မြဲစိတ်ထက်
ကြင်နာမေတ္တာ စိတ်ငြိမ်သက်၊
တို့များတွင်တိုးပွားလျက်
သို့ ယေဟောဝါကယ်တင်ရှင်၊
မှခရစ်ယေရှုတို့သခင်
တစ်လုံးတစ်ဝ ဂုဏ်တော်လေးစားကြ