သီချင်း ၂၁၅
ခြားသူများအား ကရုဏာပြခြင်း
၁။ ရှင်ယေဟောဝါ မိန့်ရာမိုးကြီးစွာရွာ၊
ရှေးက ဖျက်ဆီးခံရလူယုတ်မာ
ထိုခါ နောဧကို မိန့်ကြားလိုက်သည်ကား၊
‘သင်္ဘောဆောက်၊ နှုတ်ကပါဌ်တော်ဟောကြား’
ခုပင်ကျင့်၊ ပြည့်ဝစွာဆက်ကပ်အပ်နှံ၊
မှုထမ်းရွက်တည်နေ ဘုရားနိုင်ငံ
ကရုဏာတော်ကိုကောင်းစွာသုံးချခဲ့လေ၊
ဆောက်လုပ်လျက် ဟောသည်ထက်ဟောလျက်နေ
၂။ ယခုတွင် စီစဉ်ဟောင်းကုန်ဆုံးနေရာ၊
ကရုဏာတော်ရှင်မိန့်ကြား ပြန်သည်မှာ
ဆုံးနေ့ရက်၏သတင်းဟောကြားပါလေ၊
သတိယူလိုသူ ယူကြပါစေ
သင်ပြောလော့ “ငါမဟောနိုင်သတင်းများ၊
ငါကား အားနည်း၏ ပြောကျင့်မရှိ”
သို့သော်ဘုရားကရုဏာတော်ခံရလျှင်၊
သင့်အား ပြောဟောစေ ကိုယ်တော်.ဝိညာဉ်
၃။ ဘုရားသမ္မာကြင်နာခြင်းတူဆောင်လာ၊
တို့ “ပြည်” တွင်တွေ့လာ ဝမ်းသာဖွယ်ရာ
ရောက်လတ္တံ့သော နိုင်ငံတော်နှစ်သာရ၊
ကျိုးခံစားရ ယေဟောဝါ ထံမှ
ထိုကြောင့် ခြားလူများအား ကရုဏာတော်ပြ၊
ရပ်နီးဝေးမှ လူများသင်ပေးကြ
ခုတွင် နောဧ သင်္ဘော မဆောက်ဖူးငြား၊
ခန့်အပ်ခြင်းကို ငြင်းခဲ့ပါသလား