သီချင်း ၂၂၃
ကိုယ်တော်. သစ္စာရှိသူများကိုယ်တော်အား ကောင်းချီးပေးကြမည်
၁။ ကောင်းချီးပေးကြသစ္စာရှိများ၊
ယေဟောဝါမင်းမြတ်အား
ရွှင်လန်းပြောကြား မှုတော်မြတ်များ၊
သီဆို ဘုန်းတော်မြတ်အား
မွန်မြတ်လှချီးမြှောက်ကြ၊
ချီးမွမ်းဖွယ်ရာလွန်ထိုက်လှ
ကြံစည်ရာတွေ့ခဲပါ၊
တန်ခိုးလက်ရာနည်းအံ့ဖွယ်ရာ
သစ္စာရှိမှ၊ ရွှင်ပျဟစ်ကြ၊
နှလုံးမှလျှံစီးကျ
လူသားများအားရှာဖွေပြောကြား၊
ခန့်ညားကြောင်းများ သိထား
၂။ လူမျိုးတစ်ဆက်ဘုရားရွေးချယ်၊
ချီးမွမ်းလုံးစုံ ပြောဖွယ်
ထိုလူမျိုးဆက်ခုသက်ရှင်နေ၊
ဘုရားလမ်းစဉ်လျှောက်ပေ
ဤသစ္စာကျွန်တန်းစား ခု
“ခြားသိုးများ” ကို ကျွေးထား
ကမ္ဘာတစ်လျှောက် ဖြတ်သွား
သိုးထိန်းကောင်း ယေရှုဦးဆောင်သွား
သစ္စာရှိထူးမှုတော်ချီးကျူး၊
နာမတော်ကိုဖော်ကျူး
ဆူပွက်တရားသူတို့စကား၊
ကိုယ်တော်ကြီးစွာကျော်ကြား
၃။ ယေဟောဝါအားလုံးပေါ်ကောင်းလှ၊
မရှိအပ်သံသယ
ရှင်ယေရှုခရစ်ဖြင့်လူသားကယ်၊
မထီမဲ့မြင်ရဖွယ်
ကိုယ်တော်မျက်ထွက်နှေးလှ၊
သစ္စာရှိကောင်းစွာသိကြ
ဘယ်မျှကျေးဇူးကြီးလှ၊
တို့နှင့်ကိန်းအောင်း ကိုယ်တော်.ဆန္ဒ
တို့လဲသောခါဖေးမကူကာ၊
နှစ်သိမ့်ကျေနပ်စေပါ
နေ့လုံးရွှင်မြူးမဆုံးဧကျူး၊
ကောင်းမှုတို့ထူးကျေးဇူး