သီချင်း ၂၉
သမာဓိဖြင့် လျှောက်လှမ်းခြင်း
(ဆာလံ ၂၆)
၁။ ကျွန်တော်၏သစ္စာကို ကြည့်အကဲခတ်၊
ကိုယ်တော်ကိုယုံကိုးစား၊ သမာဓိစောင့်ခြင်းအား။
စစ်ဆေးမူပါ၊ စမ်းသပ်မှုတွေ့စေပါ၊
ကျွန်ုပ်နှလုံးစင်ကြယ်၊ ကောင်းချီးရဖို့ရန်ပါ။
(ထပ်ကျော့ပိုဒ်)
ကျွန်ုပ်မူကား သမာဓိလမ်းစဉ်မှာ
စွဲမြဲစွာလျှောက်သွားရန် စိတ်ပိုင်းဖြတ်ထားပြီသာ။
၂။ ဆိုးညစ်လှည့်ဖြားသူတွေနှင့်မထိုင်ပါ။
မှန်ရာကိုမလေးမြတ်သူတွေကိုရွံမုန်းလှ။
တံစိုးကိုစား၊ ကြမ်းကြုတ်ဆိုးယုတ်သူများ
နှင့်ရောနှောသုတ်သင်ခြင်းမှ လွတ်စေတော်မူပါ။
(ထပ်ကျော့ပိုဒ်)
ကျွန်ုပ်မူကား သမာဓိလမ်းစဉ်မှာ
စွဲမြဲစွာလျှောက်သွားရန် စိတ်ပိုင်းဖြတ်ထားပြီသာ။
၃။ ဗိမာန်တော်၌နေရန် ကျွန်တော်နှစ်သက်။
စင်ကြယ်ဝတ်ပြုရေးတွက် နေ့စဉ်ထောက်မပေးလျက်။
ယဇ်ပလ္လင်ကို လှည့်ပတ်လျက်၊ ရပ်တကာ
ကြားရသည့်ထိ ကိုယ်တော့်ကျေးဇူး ချီးမွမ်းလိုပါ။
(ထပ်ကျော့ပိုဒ်)
ကျွန်ုပ်မူကား သမာဓိလမ်းစဉ်မှာ
စွဲမြဲစွာလျှောက်သွားရန် စိတ်ပိုင်းဖြတ်ထားပြီသာ။
(ဆာ. ၂၅:၂ ကိုလည်းကြည့်ပါ။)