ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယုဒပြည်သည် လူဆိတ်ညံရာဖြစ်ခဲ့သလော
    ကင်းမျှော်စင်—၂၀၀၆ | နိုဝင်ဘာ ၁၅
    • ယုဒပြည်သည် လူဆိတ်ညံရာဖြစ်ခဲ့သလော

      ယုဒနိုင်ငံသည် ဗာဗုလုန်လူမျိုးများလက်ချက်ဖြင့် ဖျက်ဆီးခံရမည်ဖြစ်ပြီး ပြည်နှင်ခံဂျူးများ ပြန်မလာမီတိုင်အောင် လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာ ကြိုဟောထားသည်။ (ယေရမိ ၂၅:၈-၁၁) ဤပရောဖက်ပြုချက်ပြည့်စုံခဲ့ကြောင်း ယုံကြည်ရန် အခိုင်လုံဆုံးအကြောင်းရင်းမှာ ပြည်နှင်ခံများထဲမှပထမအုပ်စုသည် မိမိတို့၏နေရင်းပြည်သို့ ပြန်လာပြီးနောက် ၇၅ နှစ်ခန့်တွင် ရေးသားခဲ့သော မှုတ်သွင်းခံသမိုင်းမှတ်တမ်းဖြစ်သည်။ ယင်းမှတ်တမ်းက ဗာဗုလုန်ဘုရင်သည် “ဓားဘေးနှင့်လွတ်သောသူတို့ကို ဗာဗုလုန်မြို့သို့သိမ်းသွား၍ သူတို့သည် ပေရသိနိုင်ငံမတည်မီတိုင်အောင် ရှင်ဘုရင်ထံ၊ သားတော်မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏” ဟု ဖော်ပြသည်။ ယုဒနိုင်ငံနှင့်ပတ်သက်၍ ဤသို့ဆိုထား၏– “ထိုပြည်သည် လူဆိတ်ညံလျက် . . . ဥပုသ်နေ့တို့ကိုစောင့်သောအခွင့်ရှိသတည်း။” (၂ ရာဇဝင်ချုပ် ၃၆:၂၀၊ ၂၁) ယင်းကိုထောက်ခံသည့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားတစ်စုံတစ်ရာရှိပါသလော။

      ဟီးဘရူးတက္ကသိုလ်မှ ပါလက်စတိုင်းရှေးဟောင်းသုတေသနဆိုင်ရာ ပါမောက္ခ ဧဖရိမ် စတန်းက Biblical Archaeology Review ဂျာနယ်တွင် ဤသို့ထောက်ပြသည်– “အာရှုရိနှင့် ဗာဗုလုန်လူမျိုးနှစ်မျိုးစလုံးသည် ရှေးဣသရေလနိုင်ငံ၏ဒေသအတော်များများကို ဖျက်ဆီးခဲ့သည်၊ သို့တိုင် သူတို့၏အောင်နိုင်မှုနှင့်ပတ်သက်၍ အလွန်ခြားနားသောအကြောင်းနှစ်ရပ်ကိုဖော်ပြကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားရှိသည်။” သူဤသို့ရှင်းပြသည်– “ပါလက်စတိုင်းတွင် အာရှုရိလူမျိုးတို့နေထိုင်ခဲ့ကြောင်း ရှေးဟောင်းရုပ်ကြွင်းများကပြသသော်လည်း ဗာဗုလုန်လူမျိုးတို့ ဖျက်ဆီးပြီးနောက် သမိုင်းအထောက်အထားမတွေ့ရချေ။ . . . ပါးရှားအချိန်ကာလမရောက်မီတိုင်အောင် နေထိုင်ခြင်းမရှိကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ . . . နေထိုင်ကြောင်းအထောက်အထားလုံးဝမရှိချေ။ ယင်းအချိန်ကာလတစ်လျှောက်လုံး ဗာဗုလုန်တို့ဖျက်ဆီးခဲ့သောမြို့တစ်မြို့တွင်မျှ ပြန်လည်အခြေမချခဲ့ကြချေ။”

      ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ လောရဲန့်စ် အီး. စတယ်ဂျာလည်း သဘောတူသည်– “ပါလက်စတိုင်းနှင့် ယုဒတစ်ခွင်၌ ဗာဗုလုန်ဘုရင်၏မြေလှန်စနစ်သည် ဂျော်ဒန်မြစ်အနောက်ဘက်ကို ဖုန်းဆိုးမြေဖြစ်ပေါ်စေခဲ့သည်။” စတယ်ဂျာ ဤသို့ဆက်ပြောသည်– “ဗာဗုလုန်ကိုအောင်နိုင်သူ ပါးရှားဘုရင် မဟာကုရုလက်ထက်ရောက်မှ ယေရုရှလင်နှင့်ယုဒတွင် ဂျူးသုံ့ပန်းများစွာသည် သူတို့၏ဌာနေသို့ ပြန်လာခဲ့ကြကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာက တစ်ဖန်မှတ်တမ်းတင်သည်။”

      ယုဒနိုင်ငံသည် လူဆိတ်ညံရာအရပ်ဖြစ်ရမည်ဟူသော ယေဟောဝါ၏စကားတော်သည် အမှန်ပင်ပြည့်စုံခဲ့သည်။ ယေဟောဝါဘုရားသခင် ကြိုဟောထားရာများ အမြဲပင်ပြည့်စုံလာသည်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) ယေဟောဝါနှင့် ကိုယ်တော့်နှုတ်မြွက်တော်သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ကတိတော်များအပေါ် ကျွန်ုပ်တို့အပြည့်အဝယုံကြည်စိတ်ချနိုင်သည်။—၂ တိမောသေ ၃:၁၆။

  • လည်ပတ်ခြင်းကိုသင်ကြိုဆိုမည်လော
    ကင်းမျှော်စင်—၂၀၀၆ | နိုဝင်ဘာ ၁၅
    • လည်ပတ်ခြင်းကိုသင်ကြိုဆိုမည်လော

      ဆင်းရဲခက်ခဲလှသည့် ဤလောကအတွင်း၌ပင် သင်သည် ဘုရားသခင်၊ ကိုယ်တော့်နိုင်ငံတော်နှင့် လူသားများအဖို့ ကိုယ်တော်ထားရှိသည့် အံ့ဖွယ်ရည်ရွယ်ချက်တို့နှင့်ဆိုင်သော တိကျမှန်ကန်သည့် သမ္မာကျမ်းစာအသိပညာမှ ပျော်ရွှင်မှုကို ရယူခံစားနိုင်ပါသည်။ ယခုထက်မက ပိုမိုသိလိုလျှင်လည်းကောင်း၊ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု သင်ကြားလိုလျှင်လည်းကောင်း ယေဟောဝါသက်သေများ၊ ၉၄-ခ၊ အင်းယားလမ်း၊ ရန်ကုန်၊ ၁၁၀၄၁ သို့မဟုတ် စာမျက်နှာ ၂ ပါသင့်လျော်ရာလိပ်စာသို့ စာရေးဆက်သွယ်ပါ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ