သွေးကိုရှောင်ကြဉ်ဖို့ အထောက်အကူပြုတဲ့ အစီအစဉ်သစ်
◼အုပ်ချုပ်ရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်လွှဲစာ (ကကစ) စာရွက်စာတမ်းနဲ့ ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်း ကတ်ရဲ့ အရေးအကြီးဆုံးအပိုင်းတွေကို ယေဘုယျအားဖြင့် ကကစ ကတ်လို့ ရည်ညွှန်းခေါ်ဆိုမယ့် တရားဝင်စာရွက်စာတမ်းတစ်ခုအဖြစ် ပေါင်းစပ်ဖို့ အတည်ပြုခဲ့တယ်။
ကကစ ကတ်က မြန်မာနိုင်ငံအတွင်း နေရာမရွေး၊ အချိန်မရွေး တရားဝင်ဖြစ်ပြီး ဒါက သင့်ဆန္ဒတွေကို ဖော်ပြတဲ့အရာတစ်ခုအဖြစ် လုပ်ဆောင်ပေးပါမယ်။ နောင်မှာ (၁) သင့် ကကစ ကတ်မှာပါတဲ့ သင့်ဆန္ဒ၊ ကျန်းမာရေးစောင့်ရှောက်မှုကိုယ်စားလှယ်၊ လိပ်စာနဲ့ တယ်လီဖုန်းနံပါတ်စတဲ့ တစ်ခုခုကိုပြောင်းဖို့လိုတယ်ဆိုရင် ဒါမှမဟုတ် (၂) သင့် ကကစကတ်ပျောက်ဆုံးသွားရင် ဒါမှမဟုတ် ပျက်စီးသွားရင် ကကစ ကတ်အသစ်တစ်ခု ဖြည့်သင့်တယ်။
ကကစ ကတ်ကို အိမ်မှာဆုတောင်းသုံးသပ်ပြီး သေသေချာချာဖြည့်သင့်တယ်။ ဒါပေမဲ့ ကတ်ပေါ်မှာ လက်မှတ်မထိုးမီ တရားဝင်လုပ်ထုံးလုပ်နည်းတွေကို အနီးကပ်လိုက်လျှောက်ဖို့ အရေးကြီးတယ်။ ဥပမာ၊ သင့်ကတ်မှာ သင်လက်မှတ်ထိုးတာကို သက်သေနှစ်ဦး မြင်တွေ့ဖို့လိုတယ်ဆိုရင် ကတ်ပေါ်မှာ သင်လက်မှတ်ထိုးတဲ့အခါ သူတို့ရှိသင့်တယ်။ အုပ်စုမှူးတွေက ကတ်အသစ်မဖြည့်ရသေးသူတွေ အကူအညီလို၊ မလိုသိဖို့ အခါအားလျော်စွာ စစ်ဆေးပေးမှာဖြစ်တယ်။
ကကစ ကတ်ကိုမခေါက်မီ သင့်ကိုယ်ပိုင်မှတ်တမ်းမှတ်ရာများအတွက်အပြင် သင့်ကျန်းမာရေးစောင့်ရှောက်မှုကိုယ်စားလှယ်၊ ကျန်းမာရေးစောင့်ရှောက်မှု ကိုယ်စားလှယ်နောက်တစ်ဦးနဲ့ သင့်ဆရာဝန်တို့အတွက် အရည်အသွေးကောင်းမွန်တဲ့မိတ္တူတွေ ကူးထားပါ။ တခြားမိသားစုဝင်တွေနဲ့ အသင်းတော်အတွင်းရေးမှူးကိုပါ မိတ္တူကူးပေးနိုင်ပါတယ်။ မိတ္တူတွေကို သတ်မှတ်အရွယ်အစား (A4 210 x 297 mm) ရှိတဲ့စာရွက်နဲ့ ကကစ ကတ်ကို စာမျက်နှာအလယ်ဗဟိုမှာထားပြီး တစ်ဖက်လွတ်ကူးသင့်တယ်။ မိတ္တူကိုမဟုတ်ဘဲ မူရင်း ကကစ ကတ်ကို သင်နဲ့အတူ ဆောင်ထားပါ။
သက်သေခံမိဘတွေရဲ့ နှစ်ခြင်းမခံရသေးတဲ့ကလေးတွေအတွက် ပုံနှိပ်နေ့စွဲ ၃/၀၆ ပါတဲ့စိစစ်ရေးကတ်ကတော့ အပြောင်းအလဲမရှိဘူး။ မိဘတွေက ကလေးငယ်တစ်ဦးစီအတွက် ကတ်တစ်ခုကို မှန်မှန်ကန်ကန်ဖြည့်စွက်ပြီး လက်မှတ်ထိုးထားကြောင်း၊ သင့်လျော်တဲ့အချိန်တွေမှာ ဒါကို သူတို့ဆောင်သွားကြောင်း သေချာစေသင့်တယ်။
နှစ်ခြင်းမခံရသေးတဲ့ကြေညာသူတွေက မိမိတို့နဲ့ မိမိတို့ရဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ညွှန်ကြားချက်တွေကို ရေးရာမှာ ကကစ ကတ်နဲ့ စိစစ်ရေးကတ်ပါစာသားတွေကို ပြုပြင်အသုံးပြုနိုင်ပါတယ်။ အတွင်းရေးမှူးက ဒီနှစ်ထဲမှာ နှစ်ခြင်းခံတဲ့ ကြေညာသူအားလုံးကို ကကစ ကတ်ပေးသင့်တယ်။