သီချင်း ၉၅
“ယေဟောဝါကောင်းမြတ်ကြောင်းကို မြည်းစမ်း၍ သိမှတ်လော့”
၁။ ဘုရားအမှုတော် တို့မြတ်နိုး၊
ဟောပြောခွင့်ကို တို့တန်ဖိုးထား။
အချိန်ကိုဝယ်၍ အကောင်းဆုံးပေးဆက်၊
တို့ဟောဖို့လိုဆဲ လူများစွာ။
(ထပ်ကျော့ပိုဒ်)
‘ယေဟောဝါ ကောင်းမြတ်၊ မြည်းစမ်းသိမှတ်’
ဘုရားနှုတ်မြွက်တော် ဖိတ်ကြား။
ဘုရားဆည်းကပ်ခြင်း အကျိုးကြီးပေ။
တတ်နိုင်သမျှ တို့ပြုမည်။
၂။ အချိန်ပြည့် အမှုတော်ဆောင်များအတွက်၊
ကောင်းချီးရတနာ ပေါကြွယ်မြောက်မြား။
လိုအပ်ချက်များအတွက် ဘုရားအားကိုးလျက်၊
အရာရာတွင် ရောင့်ရဲကျေနပ်။
(ထပ်ကျော့ပိုဒ်)
‘ယေဟောဝါ ကောင်းမြတ်၊ မြည်းစမ်းသိမှတ်’
ဘုရားနှုတ်မြွက်တော် ဖိတ်ကြား။
ဘုရားဆည်းကပ်ခြင်း အကျိုးကြီးပေ။
တတ်နိုင်သမျှ တို့ပြုမည်။
(မာ. ၁၄:၈; လု. ၂၁:၂; ၁ တိ. ၁:၁၂; ၆:၆ တို့ကိုလည်းကြည့်ပါ။)