ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gf သင်ခန်းစာ ၁ စာ. ၃
  • ဘုရားသခင်သည် မိမိ၏မိတ်ဆွေဖြစ်လာရန် သင့်အားဖိတ်ခေါ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်သည် မိမိ၏မိတ်ဆွေဖြစ်လာရန် သင့်အားဖိတ်ခေါ်
  • သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ငါ တိုင်ပြောသင့်သလား
    နိုးလော့!—၂၀၀၈
  • သင် ဘယ်လို ထင်ပါသလဲ။
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • မိတ်ဆွေဖွဲ့ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
gf သင်ခန်းစာ ၁ စာ. ၃

အခန်း ၁

ဘုရားသခင်သည် မိမိ၏မိတ်ဆွေဖြစ်လာရန် သင့်အားဖိတ်ခေါ်

ဘုရားသခင်သည် သင့်အားကိုယ်တော့်မိတ်ဆွေဖြစ်စေလိုသည်။ သင်သည် စကြဝဠာတွင် အကြီးမြတ်ဆုံးပုဂ္ဂိုလ်၏မိတ်ဆွေဖြစ်နိုင်ကြောင်းကို စဉ်းစားခဲ့ဖူးပါသလော။ ရှေးခေတ်ကအသက်ရှင်ခဲ့သော အာဗြဟံသည် ဘုရားသခင့်အဆွေဟု အခေါ်ခံခဲ့ရသည်။ (ယာကုပ် ၂:၂၃) ကျမ်းစာ၌ဖော်ပြထားသော အခြားသူများသည်လည်း ဘုရားသခင့်မိတ်ဆွေဖြစ်ခဲ့ကြပြီး ကောင်းချီးများစွာခံစားခဲ့ကြသည်။ ယနေ့ ကမ္ဘာ့ဒေသအသီးသီးမှသူတို့သည် ဘုရားသခင့်မိတ်ဆွေများဖြစ်လာကြပြီ။ အသင်လည်း ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်ပါသည်။

အာဗြဟံ ဆုတောင်းနေ

ဘုရားသခင့်မိတ်ဆွေဖြစ်ခြင်းသည် မည်သည့်လူသား၏မိတ်ဆွေဖြစ်ခြင်းထက်မဆို သာလွန်၏။ ဘုရားသခင်သည် မိမိ၏သစ္စာရှိမိတ်ဆွေများကို မည်သည့်အခါမျှစိတ်မပျက်စေပါ။ (ဆာလံ ၁၈:၂၅) ဘုရားသခင့်မိတ်ဆွေဖြစ်ခြင်းသည် စည်းစိမ်ဥစ္စာရှိခြင်းထက် သာလွန်၏။ ချမ်းသာသူတစ်ဦးသေဆုံးသောအခါ သူ့ငွေကို သူတစ်ပါးရသွားသည်။ သို့သော် ဘုရားသခင့်မိတ်ဆွေဖြစ်ရသူတို့သည် မည်သူမျှယူမသွားနိုင်သော ဘဏ္ဍာကိုရထားကြသည်။—မဿဲ ၆:၁၉။

လူအချို့က ဘုရားသခင်အကြောင်း သင် လေ့လာနေသည်ကိုတားဆီးဖို့ ကြိုးစားကြပေမည်။ သင့်မိတ်ဆွေအချို့နှင့် မိသားစုကပင် ထိုသို့ပြုပေမည်။ (မဿဲ ၁၀:၃၆၊ ၃၇) အခြားသူတို့က သင့်ကို လှောင်ပြောင်မည် သို့မဟုတ် ခြိမ်းခြောက်မည်ဆိုလျှင် ‘မည်သူ့နှစ်သက်မှုကို ကျွန်ုပ်ရလိုသနည်း—လူသားများလော သို့မဟုတ် ဘုရားသခင်လော’ ဟူ၍သင့်ကိုယ်သင်မေးပါ။ ဤအချက်ကိုစဉ်းစားကြည့်ပါ– တစ်စုံတစ်ဦးက သင့်ကိုအစာမစားဖို့တားဆီးလျှင် သူ့စကားကိုနားထောင်မည်လော။ လုံးဝနားထောင်မည်မဟုတ်! အသက်ရှင်ဖို့အစာလိုသည်။ သို့သော် ဘုရားသခင်သည် သင့်ကိုထာဝစဉ်အသက်ရှင်စေနိုင်သည်တကား! သို့ဖြစ်၍ သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်ရန် သင်ယူနေခြင်းအားရပ်ဆိုင်းရန် ဘယ်သူကိုမျှ ဘယ်တော့မှ ခွင့်မပြုပါနှင့်။—ယောဟန် ၁၇:၃။

ဘုရားအကြောင်း စာအုပ်ဖတ်နေသော အမျိုးသမီးကို လူများ လှောင်ပြောင်နေ
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ