သမ္မာကျမ်းစာ—လူသားတို့၏ ရှေးအကျဆုံး ခေတ်မီစာအုပ်
လူသားတို့၏ ရှေးအကျဆုံး ခေတ်မီစာအုပ် ဆိုတာက ဗီဒီယိုတင်ဆက်မှုသုံးခုပါတဲ့ သမ္မာကျမ်းစာ—ဖြစ်ရပ်မှန်နှင့် ပရောဖက်ပြုချက်စာအုပ် ဒီဗီဒီရဲ့ ပထမဗီဒီယိုဖြစ်ပါတယ်။ အဲဒီ,ဗီဒီယိုကိုကြည့်ပြီးတဲ့အခါ အောက်ပါမေးခွန်းတွေကို ဖြေဆိုပါ။
(၁) သမ္မာကျမ်းစာက ခေတ်သစ်သိပ္ပံပညာနဲ့ ဘယ်လို ကိုက်ညီသလဲ။ (၂) ယနေ့ခေတ်သမ္မာကျမ်းစာက မူရင်းရေးသားချက်တွေကနေ ပြောင်းလဲသွားခြင်းမရှိဘူးဆိုတာ ဘယ်လိုသိနိုင်သလဲ။ (၃) ရှေးကျတဲ့ကျမ်းစာလက်ရေးစာမူတွေရဲ့ ထူးခြားတဲ့ စာသားအသွင်တစ်ခုက ဘာလဲ။ (၄) ဂျွန်ဝီကလစ်၊ ယိုဟန်နပ်စ် ဂူတင်ဘာ့ဂ်၊ ဝီလျံ တင်ဒေးလ်၊ ယန်ဟုစ်၊ မာတင် လူသာ၊ ကာစီယိုဒိုရို ဒယ် ရေနာနဲ့ ချားလ်စ် တေ့ဇ် ရပ်စယ်လ် တို့က ဘယ်လိုနည်းနဲ့ ဘုရားသခင့်တရားစကားတော်ကို ကမ္ဘာတစ်ဝန်း ပျံ့နှံ့စေခဲ့သလဲ၊ ချာ့ချ်တွေက သမ္မာကျမ်းစာကို ဘယ်လိုပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်ခဲ့သလဲ။ (၅) ကျမ်းစာရဲ့ လက်တွေ့ကျအကြံဉာဏ်တွေကို ကျင့်သုံးခြင်းက လောင်းကစားစွဲခြင်း (၁ တိ. ၆:၉၊ ၁၀)၊ လင်မယားခွဲနေခြင်းနဲ့ သစ္စာဖောက်ခြင်း (၁ ကော. ၁၃:၄၊ ၅; ဧ. ၅:၂၈-၃၃)၊ ကျန်းမာရေးပြဿနာ (ဆ. ၃၄:၈)၊ ရုပ်ပစ္စည်းဘက်မှာသာ အာရုံနစ်မြုပ်နေခြင်း (မ. ၁၆:၂၆) ကို ကိုင်တွယ်ဖြေရှင်းဖို့ လူတွေကို ဘယ်လိုကူညီပေးသလဲ။ (၆) ကျမ်းစာမူတွေကို ကျင့်သုံးခြင်းက နိုင်ငံ၊ လူမျိုး၊ လူမျိုးစုမုန်းတီးစိတ်တွေကို အောင်မြင်စေနိုင်ကြောင်း ဘာသက်သေအထောက်အထားတွေ ရှိသလဲ။ (လု. ၁၀:၂၇) (၇) ကျမ်းစာပါမူတွေကို လိုက်နာခြင်းက သင့်ကို ဘယ်လိုနည်းနဲ့ ပိုပျော်ရွှင်စေသလဲ။ (၈) တခြားသူတွေကို ကူညီဖို့ ဒီ,ဗီဒီယိုကို ဘယ်လိုအသုံးပြုနိုင်မလဲ။—ဖေဖော်ဝါရီ ၂၀၀၆ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၈ ကိုကြည့်ပါ။