ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၃၈၈-စာ. ၃၉၂
  • အဖွဲ့အစည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖွဲ့အစည်း
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်အဖွဲ့အစည်းအဝင်အဖြစ် လုံခြုံစွာနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဘုရားသခင့် မျက်မြင်ရ အဖွဲ့အစည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ယေဟောဝါက စည်းစနစ်ရှိတဲ့ ဘုရားသခင်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၃၈၈-စာ. ၃၉၂

အဖွဲ့အစည်း

အဓိပ္ပာယ်သတ်မှတ်ချက်– အဖွဲ့သို့မဟုတ် အသင်းတစ်ခုဖြစ်၍ ၎င်း၏အသင်းသားများသည် တစ်စုံတစ်ခုသောလုပ်ငန်း သို့မဟုတ် ရည်ရွယ်ချက်ဖြစ်မြောက်ရေးအတွက် တက်ညီလက်ညီလုပ်ကိုင်ကြသည်။ အသင်းသားများကို အုပ်ချုပ်ရေးအစီအစဉ်ဖြင့်လည်းကောင်း၊ စံ သို့မဟုတ် စည်းမျဉ်းသတ်မှတ်ချက်များဖြင့်လည်းကောင်း စည်းလုံးစေသည်။ ယေဟောဝါ၏ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံသောသက်သေများ ယေဟောဝါ၏အဖွဲ့အစည်းအထဲသို့ဝင်လာခြင်းမှာ မွေးဇာတိကြောင့်မဟုတ်၊ အတင်းအကျပ်ပြုခံရ၍လည်းမဟုတ်၊ စိတ်လိုကိုယ်လျောက်ဖြစ်၏။ အဖွဲ့အစည်း၏သွန်သင်ချက်နှင့် လုပ်ကိုင်မှုကြောင့်လည်းကောင်း၊ အဖွဲ့အစည်းလုပ်ဆောင်သောအလုပ်၌ ပါဝင်လုပ်ကိုင်လိုသောကြောင့်လည်းကောင်း ယေဟောဝါ၏မြေကြီးဆိုင်ရာ အဖွဲ့အစည်းထဲသို့ ဝင်ရောက်ခဲ့ကြခြင်းတည်း။

ယေဟောဝါသည် မြေကြီးပေါ် အဖွဲ့အစည်းတစ်ရပ် တကယ်ပင်ရှိသလော

ထိုမေးခွန်းဖြေဆိုစဉ် အောက်ပါအချက်များကို သုံးသပ်ပါ။

ဘုရားသခင်သည် မိမိ၏ကောင်းကင်သတ္တဝါ ကောင်းကင်တမန်များကို ဖွဲ့စည်းထားသလော

ဒံ. ၇:၉၊ ၁၀– “ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကိုတည်ထားလျက်ရှိ၍ အသက်ကြီးသောသူတစ်ဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသောသိုးမွေးနှင့်တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။ မျက်နှာတော်မှမီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသောသူတို့သည် အမှုတော်ကိုဆောင်ရွက်၍ ကုဋေသင်္ချေမက ရှေ့တော်၌ခစား၍နေကြ၏။ တရားစီရင်ခြင်းငှာ ပြင်ဆင်၍ စာစောင်များကို ဖွင့်ထားကြ၏။”

ဆာ. ၁၀၃:၂၀၊ ၂၁– “တန်ခိုးကြီး၍ နှုတ်ကပါဌ်တော်အသံကိုနားထောင်လျက် အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ အလိုတော်သို့လိုက်သောအမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။” (“ဗိုလ်ခြေ” တစ်တပ်သည် ဖွဲ့စည်းထားသော အုပ်စုတစ်စုဖြစ်၏။)

ရှေးအချိန်၌ ဘုရားသခင်သည် မြေကြီးပေါ်မှ မိမိကျွန်များအား အဘယ်နည်းဖြင့်သွန်သင်ညွှန်ကြားချက်ပေးတော်မူသနည်း

ယေဟောဝါသည် မိမိကိုကိုးကွယ်သူအရေအတွက်နည်းစဉ်အခါ နောဧ၊ အာဗြဟံစသော အိမ်ထောင်ဦးစီးများမှတစ်ဆင့် ညွှန်ကြားတော်မူ၏။ ထိုအိမ်ထောင်ဦးစီးများလည်း အိမ်သူအိမ်သားများအဖို့ ယေဟောဝါ၏ကိုယ်စားအဖြစ် ဆောင်ရွက်ကြ၏။ (က. ၇:၁၊ ၇; ၁၂:၁-၅) ဣသရေလလူတို့ကိုအဲဂုတ္တုမှကယ်တင်စဉ် မောရှေမှတစ်ဆင့် သူတို့ကို ညွှန်ကြားတော်မူ၏။ (ထွ. ၃:၁၀) သိနာတောင်၌ ဣသရေလလူတို့ကို လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းတော်မူ၍ သူတို့၏ဝတ်ပြုရေးနှင့် လူမှုဆက်ဆံရေးကိုကွပ်ကဲရန် ပညတ်စည်းမျဉ်းများ ချမှတ်တော်မူသည်။ (ထွ. ၂၄:၁၂) ယဇ်ပုရောဟိတ်အဖွဲ့တစ်ဖွဲ့ကိုပါတည်ထောင်၍ ဝတ်ပြုရေး၌ ဦးစီးပြီး၊ ယေဟောဝါ၏တောင်းဆိုချက်များကို လူတို့အားပို့ချစေတော်မူ၏။ ရံဖန်ရံခါ ပရောဖက်များကိုလည်းပေါ်ထွန်းစေ၍ လိုအပ်သောတိုက်တွန်းမှုနှင့်သတိပေးစကား ပြောကြားစေတော်မူသည်။ (တရား. ၃၃:၈၊ ၁၀; ယေ. ၇:၂၄၊ ၂၅) ထို့ကြောင့် ယေဟောဝါသည် ဝတ်ပြုသူတစ်ဦးစီ၏ဆုတောင်းသံကိုနားညောင်းသော်လည်း အဖွဲ့အစည်းအစီအစဉ်အားဖြင့် သူတို့ကိုသွန်သင်တော်မူသည်။

ယေဟောဝါသည် ယေရှုခရစ်အားဖြင့် စစ်မှန်သောဝတ်ပြုသူတို့ကို မိမိထံသိမ်းသွင်းရန်အချိန်နီးလာသောအခါ သူ့အား ကိုယ်စားလှယ်အဖြစ် မြေကြီးပေါ်စေလွှတ်တော်မူလေ၏။ (ဟေဗြဲ ၁:၁၊ ၂) ထို့နောက် စီ.အီး. ၃၃ ခု ပင်တေကုတ္တေနေ့၌ ဝိညာဉ်တော်သွန်းလောင်းခြင်းနှင့်အတူ ခရစ်ယာန်အသင်းတော် ပေါ်ပေါက်လာ၏။ ယေရှုကောင်းကင်သို့ပြန်ကြွသည့်နောက် ထိုအသင်းတော်သည် ခရစ်ယာန်များကိုသွန်သင်ရန်နှင့် သူတို့လုပ်ဆောင်ချက်ကို စည်းဝါးကိုက်စေရန် ပြုရာ၌ ယေဟောဝါ၏အသုံးတော်ခံအစီအစဉ်ဖြစ်လာသည်။ ဒေသန္တရအသင်းတော်များ၌ ကမကထပြုရန် ကြီးကြပ်မှူးများရှိကြ၏။ ဗဟိုအုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ကလည်း လိုအပ်ရာရာဆုံးဖြတ်ချက်များချ၍ လုပ်ဆောင်ချက်များကို ညီညွတ်စေသည်။ ခရစ်ယာန်စစ်တို့ဖြင့်ဖွဲ့စည်းသောအဖွဲ့အစည်းတစ်ရပ်ကို မြေကြီးပေါ်၌ ယေဟောဝါ တကယ်ပင်တည်ထောင်ခဲ့ပေသည်။​—တ. ၁၄:၂၃; ၁၆:၄၊ ၅; ဂလ. ၂:၇-၁၀။

ယေဟောဝါဖန်ဆင်းရာ ပကတိရုပ်လောကက ကိုယ်တော်သည် စနစ်ကျသောဘုရားသခင်ဖြစ်သည်ကို ပြသလော

ဟေရှာ. ၄၀:၂၆– “အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှမပေါ်ဘဲမနေရ။” (ကြယ်များကို ဂလက်ဆီများအဖြစ် ဖွဲ့စည်းထား၏။ ၎င်းတို့သည် ဂုဏ်အင်္ဂါချင်းမတူသော်လည်း အပြန်အလှန်ဆက်စပ်လျက် ရွေ့ရှားကြသည်။ ဂြိုဟ်များလည်း ကန့်သတ်ရာပတ်လမ်းပေါ် အချိန်တိကျစွာရွေ့ရှားကြသည်။ ဒြဗ်စင်တစ်ခုစီ၏အဏုမြူတိုင်း အီလက်ထရွန်များရှိ၍ ၎င်းတို့လည်း ပတ်လမ်းအသီးသီးရှိကြသည်။ ဝတ္ထုအားလုံး၏တည်ဆောက်ပုံသည် သင်္ချာပုံစံအတိုင်း တစ်သမတ်တည်းဖြစ်နိုင်လွန်းရကား၊ သိပ္ပံပညာရှင်တို့က အချို့ဒြဗ်စင်များကို ဒိဋ္ဌမတွေ့မီကတည်းက ၎င်းတို့တည်ရှိကြောင်းကို ကြိုပြောနိုင်ကြ၏။ ဤအချက်အားလုံးက ထူးကဲသောစနစ်ကျနမှုရှိကြောင်း သက်သေပြနေပေသည်။)

ခရစ်ယာန်စစ်တို့သည် ဖွဲ့စည်းထားသောလူတစ်စုဖြစ်မည်ဟု ကျမ်းစာကတင်ပြသလော

မ. ၂၄:၁၄; ၂၈:၁၉-၂၀– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတ္တံ့။” “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ . . . ဗတ္တိဇံကိုပေးကြလော့။ . . . ဆုံးမသြဝါဒပေးကြလော့။” (ဖွဲ့စည်းမှုမရှိဘဲ ဤလုပ်ငန်း မည်သို့ပြီးမြောက်နိုင်မည်နည်း။ ဤလုပ်ငန်းအတွက် တပည့်တော်များအား ယေရှုလေ့ကျင့်စဉ် ကိုယ်သွားလိုရာသွားပြီး ကိုယ်ကြိုက်သည့်နည်းဖြင့် မိမိယုံကြည်ခြင်းကို သူတစ်ပါးနှင့်ဝေမျှပါဟု လွယ်လွယ်နှင့် မိန့်မှာတော်မမူ။ သူတို့ကို လေ့ကျင့်ညွှန်ကြား၍ စနစ်တကျစေလွှတ်တော်မူခဲ့ပေသည်။ လုကာ ၈:၁; ၉:၁-၆; ၁၀:၁-၁၆ တို့ကိုရှု။)

ဟေဗြဲ ၁၀:၂၄၊ ၂၅– “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း၊ အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့။” (သို့သော် မှန်မှန်စည်းဝေးသောအဖွဲ့အစည်းမရှိလျှင် ဤပညတ်ကိုလိုက်နာစေရန် စိတ်ဝင်စားသူများကို အဘယ်ဆီသို့ ခေါ်ဆောင်သွားရအံ့နည်း။)

၁ ကော. ၁၄:၃၃၊ ၄၀၊ သက– “ထာဝရဘုရားသည် စည်းမဲ့ကမ်းမဲ့ပြုမူခြင်းကို လိုလားတော်မမူ။ ငြိမ်ဝပ်ပိပြားမှုကို လိုလားတော်မူသောကြောင့်ဖြစ်သည်။ . . . ခပ်သိမ်းသောအမှုတို့ကို လျောက်ပတ်စွာ စနစ်တကျ လုပ်ဆောင်ကြလော့။” (ဤတွင် တမန်တော်ပေါလုက အသင်းတော်စည်းဝေးများ စနစ်တကျကျင်းပပြုလုပ်သည့်ကိစ္စကို ဆွေးနွေးနေသည်။ မှုတ်သွင်းခံ ဤသြဝါဒကိုလိုက်နာရာ၌ စနစ်ကျသောဖွဲ့စည်းမှုကို လေးစားရန်လိုပေသည်။)

၁ ပေ. ၂:၉၊ ၁၇၊ သက– “သို့ရာတွင် သင်တို့သည် အရွေးချယ်တော်ခံ လူစုဖြစ်၏။ တော်ဝင်ယဇ်ပုရောဟိတ်အမျိုးအနွယ်၊ သန့်ရှင်းမြင့်မြတ်သည့်လူမျိုး၊ ထာဝရဘုရားပိုင်တော်မူသောလူစုဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော်မူခြင်းခံရသည်မှာ သင်တို့သည် ထာဝရဘုရားပြုတော်မူသော အံ့သြဖွယ်ကောင်းသည့်အမှုအရာများကို ဖော်ပြကြေညာနိုင်ရန်ပင်ဖြစ်၏။ ထာဝရဘုရားသည် သင်တို့အား အမှောင်ထဲမှ အံ့သြဖွယ်ရာအလင်းထဲသို့ ခေါ်ယူတော်မူပေသည်။ . . . ခရစ်ယာန်ညီအစ်ကို [“အပေါင်းအသင်းတစ်ရပ်လုံး၊” ကဘ]ကို ချစ်ကြလော့။” (တညီတညွတ်တည်း လုပ်ငန်းတစ်ရပ်ပြီးမြောက်ဖို့ လုပ်ဆောင်သော လူအပေါင်းအသင်းတစ်ရပ်သည် အဖွဲ့အစည်းတစ်ရပ်ပင်တည်း။)

ဘုရားသခင်၏သစ္စာရှိကျွန်တို့သည် ခရစ်ယာန်ဘောင်၏ကွဲပြားသောအသင်းအမျိုးမျိုးထဲ၌ပြန့်ကျဲလျက်ရှိသောပုဂ္ဂိုလ်များဖြစ်သလော

၂ ကော. ၆:၁၅-၁၈၊ သမ– “ယုံကြည်သူသည် မယုံကြည်သူနှင့် မည်သို့အကျိုးတူခံစားနိုင်အံ့နည်း။ . . . ထိုကြောင့် သူတို့ဘောင်မှထွက်၍ မသန့်ရာကိုမထိဘဲ သီးခြားနေကြလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။ ငါသည် သင်တို့ကို လက်ခံပြီးလျှင် သင်တို့အဘဖြစ်မည်။ သင်တို့လည်း ငါ့သားသမီးများဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးရှင် ထာဝရဘုရား ဗျာဒိတ်တော်ရှိပြန်၏။”

၁ ကော. ၁:၁၀– “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံ တစ်သမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း၊ ငါတို့သခင်ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။” (ကွဲပြားသောခရစ်ယာန်ဘောင်အသင်းများ၌ ထိုသို့သောစည်းလုံးမှုမရှိ။)

ယော. ၁၀:၁၆၊ သက– “ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်သွင်းရဦးမည်။ သူတို့သည် ငါ့စကားကိုနားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါးတည်း ဖြစ်လိမ့်မည်။” (ယေရှုသည် သူတို့ကို “သိုးအုပ်တစ်အုပ်” ထဲသို့ ဆောင်သွင်းမည်ဖြစ်သဖြင့် သူတို့သည် ခရစ်ယာန်ဘောင်ဘာသာရေးအဖွဲ့များတွင် ပြန့်ကျဲနေကြမည်မဟုတ်။)

ယနေ့ ယေဟောဝါ၏ရူပအဖွဲ့အစည်းကို မည်သို့ ခွဲခြားသိမြင်နိုင်သနည်း

(၁)ထိုအဖွဲ့အစည်းသည် ယေဟောဝါကို တစ်ပါးတည်းစစ်မှန်သောဘုရားအဖြစ် အမှန်ချီးမြှောက်၍ နာမတော်ကို ထင်ရှားစေပေသည်။​—မ. ၄:၁၀; ယော. ၁၇:၃။

(၂)ယေဟောဝါ၏ရည်ရွယ်ချက်၌​—အချုပ်အခြာအာဏာတော်ကို သင်္ကာယနကင်းစေသူ၊ အသက်ရစေသော အဓိကကိုယ်စားလှယ်၊ ခရစ်ယာန်အသင်းတော်၏ဦးခေါင်း၊ အုပ်စိုးလျက်နေသောမေရှိယဘုရင်အဖြစ်​—ယေရှုပါဝင်ထမ်းရွက်သည့် အရေးပါအခန်းကဏ္ဍကို အကြွင်းမဲ့သိမှတ်၏။​—ဗျာ. ၁၉:၁၁-၁၃; ၁၂:၁၀; တ. ၅:၃၁; ဧ. ၁:၂၂၊ ၂၃။

(၃)ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်ကို အနီးကပ်လိုက်နာ၍ သွန်သင်သမျှ၊ အကျင့်စံချိန်ရှိသမျှကို ကျမ်းစာပေါ်အခြေပြုသည်။​—၂ တိ. ၃:၁၆၊ ၁၇။

(၄)လောကနှင့်သီးခြားနေသည်။​—ယာ. ၁:၂၇; ၄:၄။

(၅)ယေဟောဝါသည် သန့်ရှင်းသောကြောင့် အသင်းသားများသည် မြင့်မားသောစာရိတ္တစံချိန်ကို ကိုင်စွဲသည်။​—၁ ပေ. ၁:၁၅၊ ၁၆; ၁ ကော. ၅:၉-၁၃။

(၆)ကျွန်ုပ်တို့ခေတ်၌ဆောင်ရွက်ရမည့်အလုပ်ဟုကျမ်းစာကြိုပြောသောလုပ်ငန်းကို အဓိကထား၍ ဆောင်ရွက်သည်။ ယင်းအလုပ်မှာ တစ်ကမ္ဘာလုံး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သက်သေအဖြစ် ဟောပြောခြင်းပင်တည်း။​—မ. ၂၄:၁၄။

(၇)အသင်းသားတို့သည် လူ့မစုံလင်မှုရှိကြသော်လည်း ဘုရားသခင့်ဝိညာဉ်အသီးတည်းဟူသော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မွေးမြူသီးပွင့်ကြ၏။ လောကနှင့်တသီးတခြားဖြစ်ကြောင်း ပေါ်လွင်သည့်အတိုင်းအတာအထိ သီးပွင့်ကြပေသည်။​—ဂလ. ၅:၂၂၊ ၂၃; ယော. ၁၃:၃၅။

ယေဟောဝါ၏အဖွဲ့အစည်းကိုလေးစားကြောင်း မည်သို့တင်ပြနိုင်သနည်း

၁ ကော. ၁၀:၃၁၊ သက– “အဘယ်အမှုကိုပြုသည်ဖြစ်စေ၊ ထာဝရဘုရား၏ဘုန်းအသရေတော်အတွက် ပြုကြလော့။”

ဟေဗြဲ ၁၃:၁၇– “သင်တို့ကိုအုပ်သောသူတို့၏စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့ သင်တို့၏စိတ်ဝိညာဉ်၏အကျိုးအလိုငှာ စောင့်နေကြ၏။”

ယာ. ၁:၂၂– “နှုတ်ကပါဌ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကို ကျင့်သောသူဖြစ်ကြလော့။”

တိ. ၂:၁၁-၁၃၊ သက– “ထာဝရဘုရားသည် လူသားအပေါင်းတို့အား မိမိ၏ကယ်တင်ခြင်းကျေးဇူးတော်ကို ပေါ်လွင်ထင်ရှားစေတော်မူလေပြီ။ ငါတို့သည် . . . ဘုရားမဲ့ တရားမဲ့ပြုကျင့်ခြင်းနှင့် လောကတပ်မက်ခြင်းတို့ကို စွန့်ပစ်ကြရန်လည်းကောင်း၊ ဣန္ဒြေစောင့်စည်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့ဖြင့် . . . အသက်ရှင်ကြစေရန်လည်းကောင်း ထိုကျေးဇူးတော်က ငါတို့အား ဆုံးမသွန်သင်လျက်ရှိ၏။”

၁ ပေ. ၂:၁၇၊ သမ္မာ– “ညီအစ်ကိုတို့ [“အပေါင်းအသင်းတစ်ရပ်လုံး၊” ကဘ] ကို ချစ်ကြလော့။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ