-
ဘုရားသခင့်အလိုတော်က ဘာလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
ဘုရားသခင့်အလိုတော်က ဘာလဲ
ဘုရားသခင်က ကျွန်တော်တို့ကို ငြိမ်းချမ်းသာယာတဲ့ မြေကြီးပရဒိသုမှာ ထာဝစဉ် ပျော်ရွှင်စွာ အသက်ရှင်စေချင်တယ်။
‘ဒီလို ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်ဘူး’ လို့ သင်စဉ်းစားမိနိုင်တယ်။ ဘုရားသခင့်နိုင်ငံတော်က အဲဒီလိုဖြစ်အောင် လုပ်ဆောင်ပေးနိုင်ကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း၊ လူတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရွယ်ချက်အကြောင်း လူအားလုံး လေ့လာဖို့ ဘုရားသခင် အလိုတော်ရှိတယ်။—ဆာလံ ၃၇:၁၁၊ ၂၉; ဟေရှာယ ၉:၇။
ဘုရားသခင်က ကျွန်တော်တို့ကို အကျိုးရယူခံစားစေချင်တယ်။
မေတ္တာပြည့်ဝတဲ့ဖခင်ဟာ ကိုယ့်ကလေးတွေအတွက် အကောင်းဆုံးဖြစ်စေချင်သလို ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံစံဖခင် ယေဟောဝါကလည်း ကျွန်တော်တို့ကို ထာဝစဉ် ပျော်ရွှင်စေချင်တယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) “ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်တဲ့သူကတော့ အမြဲတည်တယ်” ဆိုပြီး ကိုယ်တော်ကတိပြုထားတယ်။—၁ ယောဟန် ၂:၁၇။
ဘုရားသခင့် လမ်းစဉ်အတိုင်း ကျွန်တော်တို့ကို လျှောက်လှမ်းစေချင်တယ်။
ဖန်ဆင်းရှင်က ကျွန်တော်တို့ကို ‘ဘုရားရဲ့လမ်းစဉ်အတိုင်း လျှောက်လှမ်း’ နိုင်ဖို့ “နည်းလမ်းတော်တွေ သွန်သင်ပေး” ချင်တယ်ဆိုတဲ့အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေရှာယ ၂:၂၊ ၃) ဘုရားသခင်က ‘နာမတော်အတွက် လူတွေကို’ ဖွဲ့စည်းခဲ့တယ်။ သူတို့တွေက ဘုရားအလိုတော်ကို ကမ္ဘာတစ်ဝန်း သိရှိအောင် လုပ်ဆောင်ကြတယ်။—တမန်တော် ၁၅:၁၄။
ဘုရားသခင်က ကျွန်တော်တို့ကို ဝတ်ပြုရေးမှာ စည်းလုံးစေချင်တယ်။
ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းက လူတွေကို စိတ်ဝမ်းကွဲပြားစေမယ့်အစား စစ်မှန်တဲ့မေတ္တာ ဖြစ်ပေါ်လာစေပြီး စည်းလုံးစေတယ်။ (ယောဟန် ၁၃:၃၅) နေရာတိုင်းမှာရှိတဲ့ အမျိုးသား/သမီးတွေ ဘုရားသခင်ကို တစ်စည်းတစ်လုံး ဝတ်ပြုကိုးကွယ်နိုင်ပုံအကြောင်း ဒီနေ့ ဘယ်သူတွေ သွန်သင်ပေးနေသလဲ။ ဒီဘရိုရှာကိုသုံးပြီး အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။
-
-
ယေဟောဝါသက်သေတွေက ဘယ်လိုလူတွေလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၁
ယေဟောဝါသက်သေတွေက ဘယ်လိုလူတွေလဲ
ဒိန်းမတ်
ထိုင်ဝမ်
ဗင်နီဇွဲလား
အိန္ဒိယ
ယေဟောဝါသက်သေ ဘယ်နှစ်ယောက်ကို သင်သိပါသလဲ။ ကျွန်တော်တို့ထဲကတချို့ဟာ သင့်ရဲ့အိမ်နီးနားချင်း၊ အလုပ်ဖော်၊ ကျောင်းနေဖက်၊ သင်နဲ့ ကျမ်းစာအကြောင်း ဆွေးနွေးနေတဲ့သူတွေဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဘယ်သူတွေလဲ။ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေအကြောင်း ဘာကြောင့် တခြားသူတွေကို ပြောပြနေကြတာလဲ။
ကျွန်တော်တို့က သာမန်လူတွေပါ။ နောက်ခံ၊ လူနေမှုအဆင့်အတန်းအမျိုးမျိုးက ဖြစ်ပါတယ်။ ကျွန်တော်တို့ထဲကတချို့ဟာ အရင်တုန်းက တခြားဝတ်ပြုရေးကဖြစ်ပြီး တချို့ကျတော့ ဘုရားသခင်ရှိတယ်ဆိုတာကို မယုံကြည်ခဲ့ကြသူတွေပါ။ ဒါပေမဲ့၊ ယေဟောဝါသက်သေ မဖြစ်ခင်မှာ အားလုံး ကျမ်းစာသွန်သင်ချက်တွေကို အသေအချာ ဆန်းစစ်လေ့လာဖို့ အချိန်ယူခဲ့ကြတယ်။ (တမန်တော် ၁၇:၁၁) သိရှိလာတဲ့အရာကို လက်ခံပြီးတော့မှ ယေဟောဝါကို ဝတ်ပြုဖို့အတွက် စိတ်လိုကိုယ်လျောက် ကိုယ်တိုင်ရွေးချယ်ခဲ့ကြတယ်။
ကျမ်းစာလေ့လာခြင်းကနေ ကျွန်တော်တို့ အကျိုးရရှိကြတယ်။ တခြားသူတွေလိုပါပဲ ကျွန်တော်တို့လည်း ပြဿနာတွေ၊ ကိုယ့်အားနည်းချက်တွေကို ရင်ဆိုင်ဖြေရှင်းနေရတယ်။ ဒါပေမဲ့ ကျမ်းစာမူတွေကို နေ့စဉ်ဘဝမှာ ကြိုးစားကျင့်သုံးတဲ့အခါ ကျွန်တော်တို့ရဲ့ဘဝတွေက သိသိသာသာ တိုးတက်လာတယ်။ (ဆာလံ ၁၂၈:၁၊ ၂) ဒါကြောင့် ကျမ်းစာကနေသိရှိလာတဲ့ ကောင်းတဲ့အရာတွေကို တခြားသူတွေလည်း သိလာအောင် လိုက်ပြောပြကြတယ်။
ဘုရားသခင် ချမှတ်ပေးတဲ့စံနှုန်းတွေနဲ့အညီ ကျွန်တော်တို့ နေထိုင်ကြတယ်။ သမ္မာကျမ်းစာမှာ တွေ့ရတဲ့ စံနှုန်းတွေက ကျွန်တော်တို့ကို ပိုပြီးပျော်ရွှင်စေတယ်၊ တခြားသူတွေကို လေးစားဖို့ အားပေးတဲ့အပြင် ရိုးသားမှု၊ ကြင်နာမှု စတဲ့အရည်အသွေးတွေကိုလည်း ဖြစ်ပေါ်စေတယ်။ ကျမ်းစာအခြေခံမူတွေက စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းတဲ့သူတွေ၊ လူ့အဖွဲ့အစည်းကို အကျိုးပြုတဲ့သူတွေ ဖြစ်လာစေတယ်။ မိသားစုကို စည်းလုံးစေပြီး ကိုယ်ကျင့်တရား ကောင်းမွန်စေတယ်။ “ဘုရားသခင် မျက်နှာမလိုက်” ဘူးဆိုတဲ့အချက်ကို အခိုင်အမာ ယုံကြည်စိတ်ချတဲ့အတွက် ကျွန်တော်တို့ကိုယ်ကိုယ် ဝတ်ပြုရေးမှာ စည်းလုံးနေတဲ့ ကမ္ဘာချီ မိသားစုဝင်အဖြစ် ရှုမြင်ကြတယ်။ လူမျိုးရေး၊ နိုင်ငံရေးအတားအဆီးမရှိဘူး။ ကျွန်တော်တို့ဟာ သာမန်လူတွေ ဖြစ်ပေမဲ့ ထူးခြားတဲ့ လူမျိုးတစ်မျိုးအဖြစ် ပေါင်းစပ်ဖွဲ့စည်းထားကြတယ်။ —တမန်တော် ၄:၁၃။ ၁၀:၃၄၊ ၃၅။
ယေဟောဝါသက်သေတွေမှာ တခြားသူတွေနဲ့ ဘာတူညီချက် ရှိသလဲ။
သက်သေခံတွေက ဘယ်စံနှုန်းတွေကို ကျမ်းစာကနေ လေ့လာခဲ့ကြသလဲ။
-
-
ကျွန်တော်တို့ကို ယေဟောဝါသက်သေလို့ ဘာကြောင့် ခေါ်သလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၂
ကျွန်တော်တို့ကို ယေဟောဝါသက်သေလို့ ဘာကြောင့် ခေါ်သလဲ
နောဧ
အာဗြဟံနဲ့ စာရာ
မောရှေ
ယေရှုခရစ်
ယေဟောဝါသက်သေဆိုတာ ဘာသာတရားသစ်တစ်ခုရဲ့ နာမည်လို့ လူအများ ယူဆကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂,၇၀၀ ကျော်က စစ်မှန်တဲ့ဘုရားသခင်ရဲ့ ကျေးကျွန်တွေကို “ငါ့သက်သေတွေပဲ” လို့ခေါ်ခဲ့တယ်။ (ဟေရှာယ ၄၃:၁၀-၁၂) ၁၉၃၁ ခုနှစ်အထိ ကျွန်တော်တို့ကို ကျမ်းစာကျောင်းသားတွေလို့ လူတွေ သိခဲ့ကြတယ်။ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ဘာကြောင့် ခံယူခဲ့ကြတာလဲ။
ဒီနာမည်က ကျွန်တော်တို့ရဲ့ဘုရားသခင်ကို ဖော်ပြတယ်။ သမ္မာကျမ်းစာ ရှေးလက်ရေးစာမူတွေထဲမှာ ယေဟောဝါ ဆိုတဲ့ ဘုရားသခင့်နာမည် အကြိမ်ပေါင်း ၇,၀၀၀ ကျော် ပါတယ်။ ဘာသာပြန်ကျမ်းများစွာက ဘုရားသခင့်နာမည်နေရာမှာ သခင်၊ ဘုရားသခင်ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ အစားထိုးခဲ့ကြတယ်။ မူရင်းကျမ်းမှာ ဘုရားသခင်က မောရှေကို ယေဟောဝါဆိုတဲ့ ကိုယ်ပိုင်နာမည်ကို ဖော်ပြပြီး “ဒီနာမည်ဟာ ထာဝစဉ် ငါ့နာမည်ပဲ” လို့ပြောခဲ့တယ်။ (ထွက်မြောက်ရာ ၃:၁၅) ဒီလိုနည်းနဲ့ မှားယွင်းတဲ့ တခြားဘုရားအားလုံးနဲ့ မရောအောင် ခွဲခြားဖော်ပြခဲ့တယ်။ ဘုရားသခင်ရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ခံယူရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူကြပါတယ်။
ဒီနာမည်က ကျွန်တော်တို့ရဲ့ တာဝန်ကို ဖော်ပြတယ်။ ဖြောင့်မတ်တဲ့အမျိုးသား အာဗေလကနေစပြီး ရှေးအချိန်ကတည်းက လူများစွာဟာ ယေဟောဝါကို ယုံကြည်ကြောင်း သက်သေခံခဲ့ကြတယ်။ ရာစုနှစ်တွေတစ်လျှောက် နောဧ၊ အာဗြဟံ၊ စာရာ၊ မောရှေ၊ ဒါဝိဒ်နဲ့ တခြားသူတွေက “တိမ်ထုကြီးလိုများတဲ့ အဲဒီသက်သေတွေ” ထဲမှာ ပါဝင်ခဲ့ကြတယ်။ (ဟီဘရူး ၁၁:၄–၁၂:၁) အပြစ်မရှိသူတစ်ယောက်အတွက် တရားရုံးမှာ သက်သေလိုက်ပေးသလိုမျိုး ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို တခြားသူတွေ သိအောင်လုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားကြတယ်။
ယေရှုကိုအတုယူတဲ့အနေနဲ့ ဒီနာမည်ကို သုံးတာဖြစ်တယ်။ ကျမ်းစာထဲမှာ ယေရှုကို “သစ္စာရှိပြီး စစ်မှန်တဲ့သက်သေ” လို့ခေါ်ထားတယ်။ (ဗျာဒိတ် ၃:၁၄) ယေရှုကိုယ်တိုင်လည်း ‘ဘုရားရဲ့နာမည်ကို သိအောင် ပြောပြပါပြီ’ လို့ပြောခဲ့ပြီး ဘုရားသခင်နဲ့ပတ်သက်တဲ့ “အမှန်တရားကို သက်သေခံ” ခဲ့တယ်။ (ယောဟန် ၁၇:၂၆။ ၁၈:၃၇) ဒါကြောင့် ခရစ်တော်ရဲ့နောက်လိုက်စစ်တွေက ယေဟောဝါရဲ့နာမည်ကို ခံယူပြီး တခြားသူတွေ သိအောင်လုပ်ရမယ်။ ဒါကို ယေဟောဝါသက်သေတွေ ကြိုးစားလုပ်ဆောင်နေကြတယ်။
ကျမ်းစာကျောင်းသားတွေက ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ဘာကြောင့် ခံယူခဲ့ကြတာလဲ။
ကမ္ဘာပေါ်မှာ ယေဟောဝါရဲ့သက်သေတွေ ရှိခဲ့တာ ဘယ်လောက်ကြာပြီလဲ။
ယေဟောဝါရဲ့ အကြီးမြတ်ဆုံးသက်သေက ဘယ်သူလဲ။
-