-
ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေကနေ ဘာအကျိုးရရှိမလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၅
ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေကနေ ဘာအကျိုးရရှိမလဲ
အာဂျင်တီးနား
ဆီရာလီယွန်
ဘယ်လ်ဂျီယံ
မလေးရှား
ယနေ့ လူများစွာဟာ ဝတ်ပြုမှုတွေမှာ မပါဝင်ကြတော့ဘူး။ အဲဒီဝတ်ပြုမှုတွေဟာ ဘဝအသက်တာနဲ့ဆိုင်တဲ့ အရေးအကြီးဆုံးမေးခွန်းတွေကို မဖြေပေးနိုင်သလို စိတ်သက်သာမှုလည်း မပေးနိုင်လို့ပဲ။ ဒါဆိုရင် ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကိုကော ဘာလို့ တက်ရောက်သင့်သလဲ။ အဲဒီမှာ ဘာတွေကို တွေ့ရမလဲ။
မေတ္တာပြည့်ဝပြီး ကြင်နာတတ်တဲ့သူတွေအလယ်မှာ ခံစားရတဲ့ ရွှင်လန်းမှု။ ပထမရာစုမှာ ခရစ်ယာန်တွေဟာ အသင်းတော်တွေအနေနဲ့ ဖွဲ့စည်းပြီး ဘုရားသခင်ကို ဝတ်ပြုဖို့၊ သမ္မာကျမ်းစာကို လေ့လာဖို့နဲ့ တစ်ဦးကိုတစ်ဦးအားပေးဖို့ တွေ့ဆုံစည်းဝေးခဲ့ကြတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) မေတ္တာလွှမ်းခြုံတဲ့အခြေအနေမှာ အဲဒီလို အတူစုဝေးတဲ့အခါ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေဖြစ်တဲ့ စစ်မှန်တဲ့မိတ်ဆွေတွေကြား ရောက်နေတယ်လို့ သူတို့ ခံစားခဲ့ကြတယ်။ (၂ သက်သာလောနိတ် ၁:၃။ ၃ ယောဟန် ၁၄) ကျွန်တော်တို့ဟာ ပထမရာစုက ခရစ်ယာန်တွေ လုပ်ခဲ့တဲ့ပုံစံကို တုပနေကြပြီး သူတို့ခံစားရတဲ့ ရွှင်လန်းမှုမျိုး ခံစားနေရပါတယ်။
ကျမ်းစာမူတွေကို ဘယ်လိုကျင့်သုံးရမလဲဆိုတာ သင်ယူခြင်းမှရတဲ့ အကျိုးကျေးဇူး။ ကျမ်းစာမှာ ဖော်ပြထားသလိုပါပဲ၊ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေအားလုံး အတူတကွ စုဝေးကြတယ်။ အရည်အချင်းပြည့်ဝတဲ့ သွန်သင်သူတွေက ကျမ်းစာမူတွေကို နေ့စဉ်ဘဝအသက်တာမှာ ဘယ်လိုကျင့်သုံးနိုင်မလဲဆိုတာကို သိမြင်အောင် ကျမ်းစာသုံးပြီး ကူညီပေးကြတယ်။ (တရားဟောရာ ၃၁:၁၂။ နေဟမိ ၈:၈) ပရိသတ်ပါဝင်ရတဲ့ဆွေးနွေးခန်းမှာနဲ့ သီချင်းဆိုတဲ့အခါမှာ အားလုံးပါဝင်နိုင်ပြီး ကိုယ့်ရဲ့ ခရစ်ယာန်ယုံကြည်ချက်ကို ဖော်ပြခွင့် ရရှိကြတယ်။—ဟီဘရူး ၁၀:၂၃။
ဘုရားသခင်အပေါ် ကျွန်တော်တို့ရဲ့ယုံကြည်ခြင်း ပိုခိုင်ခံ့လာတဲ့ အကျိုးကျေးဇူး။ တမန်တော်ပေါလုက သူ့ခေတ်ကအသင်းတော်တစ်ခုကို ခုလိုပြောခဲ့တယ်– “ခင်ဗျားတို့ကို သိပ်တွေ့ချင်တယ်။ . . . ခင်ဗျားတို့ရော ကျွန်တော်ပါ ကိုယ့်ရဲ့ ယုံကြည်ခြင်းအားဖြင့် အပြန်အလှန် အားပေးခွင့်ရချင်လို့ပါ။” (ရောမ ၁:၁၁၊ ၁၂) အစည်းအဝေးတွေမှာ ယုံကြည်သူချင်းတွေနဲ့ ပုံမှန်တွေ့ဆုံခြင်းက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ကျမ်းစာမူအတိုင်း အသက်ရှင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုခိုင်မာလာစေတယ်။
ကျွန်တော်တို့ရဲ့ အစည်းအဝေးကို လာတက်ကြည့်ပါ၊ အထက်ဖော်ပြပါ အချက်တွေကို ကိုယ်တိုင် ခံစားကြည့်ပါ။ သင့်ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။ အစည်းအဝေးအားလုံးက အခမဲ့ဖြစ်တယ်။ အလှူငွေ ကောက်ခံတာမျိုး မရှိပါဘူး။
ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေက ဘယ်ပုံစံကို အတုယူထားတာလဲ။
အစည်းအဝေးတွေကို တက်ရောက်ခြင်းကနေ ဘယ်လိုအကျိုးခံစားရနိုင်မလဲ။
-
-
ခရစ်ယာန်ချင်းတွေနဲ့ ပေါင်းသင်းခြင်းက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၆
ခရစ်ယာန်ချင်းတွေနဲ့ ပေါင်းသင်းခြင်းက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ
မာဒါဂက်စကာ
နော်ဝေ
လက်ဘနွန်
အီတလီ
ထူထပ်တဲ့တောကို ဖြတ်လျှောက်ရတာပဲဖြစ်ဖြစ်၊ ရာသီဥတုဆိုးရွားတဲ့ကြား သွားလာရတာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ အစည်းအဝေးတွေကို ပုံမှန်တက်ရောက်ကြတယ်။ ဘဝအခက်အခဲတွေကြား၊ တစ်နေ့တာအလုပ်တွေအပြီး ပင်ပန်းနွမ်းနယ်နေတဲ့ကြားက ယေဟောဝါသက်သေတွေဟာ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းဖို့ ဘာကြောင့် ကြိုးစားကြသလဲ။
ဘဝပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ထောက်ကူတယ်။ အသင်းတော်မှာ တွေ့ဆုံပေါင်းသင်းမှုအကြောင်း ပြောတဲ့အခါ ပေါလုက “အချင်းချင်း ထောက်ထားစာနာကြစို့” ဆိုပြီး ပြောခဲ့တယ်။ (ဟီဘရူး ၁၀:၂၄) အဲဒီစကားက တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းလာအောင် လုပ်ရမယ် ဆိုတဲ့အဓိပ္ပာယ်လည်း သက်ရောက်တယ်။ ဒါကြောင့် ပေါလုရဲ့စကားတွေက တခြားသူတွေအကြောင်း စိတ်ဝင်စားဖို့ အားပေးနေတာဖြစ်တယ်။ တခြားသူတွေအကြောင်း သိလာတဲ့အခါ သူတို့ထဲကတချို့ဟာ ကျွန်တော်တို့ကြုံနေရတဲ့အခက်အခဲမျိုးကို အောင်မြင်ကျော်လွှားခဲ့ကြကြောင်း၊ ကျွန်တော်တို့ကိုလည်း အောင်မြင်အောင် ကူညီပေးနိုင်ကြောင်း သိရှိကြတယ်။
ရင်းနှီးခိုင်မြဲတဲ့ မိတ်ဆွေတွေကို ရရှိစေတယ်။ အစည်းအဝေးတွေမှာ အတူစုဝေးသူတွေဟာ အသိတွေလောက်သာ မဟုတ်ဘူး၊ ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်ကြတယ်။ တစ်ခါတလေအကျိုးပြုတဲ့အပန်းဖြေမှုမှာ အတူတကွ အချိန်အသုံးပြုကြတယ်။ အဲဒီလို ပေါင်းသင်းခြင်းက ဘာအကျိုး ဖြစ်ထွန်းစေသလဲ။ တစ်ဦးကိုတစ်ဦး ပိုတန်ဖိုးထားတတ်လာပြီး မေတ္တာနှောင်ကြိုးလည်း ပိုခိုင်မြဲလာတယ်။ ဒီလို ရင်းနှီးခိုင်မြဲတဲ့မိတ်ဆွေတွေ ဖြစ်လာတာကြောင့် အခက်အခဲကြုံလာတဲ့အခါ ညီအစ်ကို၊ ညီအစ်မတွေကိုကူညီပေးဖို့ အသင့်ရှိကြတယ်။ (ပညာ ၁၇:၁၇) အသင်းတော်မှာရှိသူအားလုံးနဲ့ ပေါင်းသင်းခြင်းအားဖြင့် “အပြန်အလှန် ဂရုစိုက်” ကြတယ်။—၁ ကောရိန္သု ၁၂:၂၅၊ ၂၆။
ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်နေသူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ သင့်ကို အားပေးပါတယ်။ အဲဒီလိုမိတ်ဆွေမျိုးကို ယေဟောဝါသက်သေတွေအလယ်မှာ ရှာတွေ့နိုင်ပါတယ်။ ကျွန်တော်တို့နဲ့ ပေါင်းသင်းရမှာကို မတွန့်ဆုတ်ပါနဲ့။
အစည်းအဝေးတွေမှာ အတူတကွပေါင်းသင်းတာက ကျွန်တော်တို့ကို ဘယ်လိုအကျိုးပြုသလဲ။
ကျွန်တော်တို့ရဲ့ အစည်းအဝေးကို သင် ဘယ်တော့လာတက်မလဲ။
-
-
ကျွန်တော်တို့အစည်းအဝေးတွေက ဘယ်လိုမျိုးလဲဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
-
-
အခန်း ၇
ကျွန်တော်တို့အစည်းအဝေးတွေက ဘယ်လိုမျိုးလဲ
နယူးဇီလန်
ဂျပန်
ယူဂန္ဓာ
လစ်သူယေးနီးယား
အစောပိုင်း ခရစ်ယာန်အစည်းအဝေးတွေမှာ အဓိကအားဖြင့် သီချင်းဆို၊ ဆုတောင်း၊ ကျမ်းစာဖတ်ရှုဆွေးနွေးတာတွေ လုပ်ကြတယ်။ ဘာရိုးရာဓလေ့ထုံးစံမှ မရှိဘူး။ (၁ ကောရိန္သု ၁၄:၂၆) ကျွန်တော်တို့ရဲ့ အစည်းအဝေးကလည်း အဲဒီလိုပါပဲ။
ကြားရတဲ့အရာတွေက ကျမ်းစာအပေါ်အခြေခံပြီး လက်တွေ့ကျတယ်။ အသင်းတော်တိုင်း အများအားဖြင့် တနင်္ဂနွေနေ့မှာ သမ္မာကျမ်းစာက ဘ၀အသက်တာ၊ ခေတ်ကာလနဲ့ သက်ဆိုင်ပုံကို ရှင်းပြတဲ့ မိနစ် ၃၀ ကြာ ကျမ်းစာဟောပြောချက်ကို နားထောင်ဖို့ အတူစုဝေးကြတယ်။ ကျမ်းချက်တွေကို ကိုယ်ပိုင်ကျမ်းစာကနေ လိုက်ဖတ်ဖို့ ကျွန်တော်တို့အားလုံး အားပေးခံရတယ်။ အဲဒီဟောပြောချက် ပြီးတဲ့နောက် တစ်နာရီကြာတဲ့ ကင်းမျှော်စင်သင်တန်းကို ဆက်ကျင်းပတယ်။ အဲဒီမှာ ကင်းမျှော်စင် လေ့လာရန် စာစောင်က ဆောင်းပါးတစ်ခုကို ဆွေးနွေးပြီး ပါဝင်ဖြေဆိုဖို့ တက်ရောက်သူအားလုံး ဖိတ်ခေါ်ခံရတယ်။ ဒီဆွေးနွေးမှုက ကျမ်းစာလမ်းညွှန်ချက်တွေကို ဘဝအသက်တာမှာ လက်တွေ့ကျင့်သုံးဖို့ ထောက်ကူပေးတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်ပေါင်း ၁၁၀,၀၀၀ ကျော်က ဆောင်းပါးတစ်ခုတည်းကိုပဲ လေ့လာကြတယ်။
ကျွန်တော်တို့ရဲ့ သွန်သင်ခြင်း စွမ်းရည်ကို တိုးတက်စေတယ်။ တစ်ပတ်တာရဲ့ ကြားရက်တစ်ရက်မှာ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး အစီအစဉ်အတွက် အတူတကွ စုဝေးကြတယ်။ အဲဒီမှာ လစဉ်ထုတ် ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်ကို သုံးတယ်။ ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများဆိုတဲ့ ပထမပိုင်းမှာ ကြိုတင်ဖတ်ထားတဲ့ ကျမ်းစာအပိုင်းတစ်ပိုင်းကို ပိုနားလည်စေတယ်။ အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါဆိုတဲ့အပိုင်းမှာ တခြားသူတွေနဲ့ ကျမ်းစာဆွေးနွေးတတ်အောင် သွန်သင်ပေးတဲ့ သရုပ်ပြခန်းတွေ ပါတယ်။ သွန်သင်ချက်ပေးသူက သင်တန်းသားတွေရဲ့ စာဖတ်စွမ်းရည်နဲ့ စကားပြောစွမ်းရည် တိုးတက်ဖို့ ကြည့်ပေးတယ်။ (၁ တိမောသေ ၄:၁၃) ခရစ်ယာန်အသက်တာလမ်းစဉ် ဆိုတဲ့နောက်ဆုံးအပိုင်းမှာ ကျမ်းစာလမ်းညွှန်ချက်တွေ နေ့စဉ်ကျင့်သုံးနိုင်ပုံကို သုံးသပ်တယ်။ ကျမ်းစာအသိပညာ တိုးစေတဲ့ မေးဖြေဆွေးနွေးခန်းတစ်ခု ပါတယ်။
ကျွန်တော်တို့ရဲ့ အစည်းအဝေးကို လာတက်တဲ့အခါ အရည်အသွေးမြင့်မားတဲ့ ကျမ်းစာသင်ကြားပေးမှုတွေကို သင်နှစ်သက်မှာ သေချာပါတယ်။—ဟေရှာယ ၅၄:၁၃။
ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေမှာ ဘာတွေ ကြားရမလဲ။
ကျွန်တော်တို့ရဲ့ အပတ်စဉ်အစည်းအဝေးတွေထဲက ဘယ်အစည်းအဝေးကို သင်တက်ချင်ပါသလဲ။
-