ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကျွန်တော်တို့အားလုံး လမ်းပြညွှန်ကြားမှု လိုအပ်
    ငြိမ်သက်မှုနဲ့ပျော်ရွှင်မှု ရစေသောလမ်း
    • ကျွန်တော်တို့အားလုံး လမ်းပြညွှန်ကြားမှု လိုအပ်

      ကိုအောင်နိုင်နဲ့ မစန္ဒာတို့ စိတ်ဖိစီးနေကြစဉ်

      ကိုအောင်နိုင် အရမ်းစိုးရိမ်နေတယ်။a ကိစ္စဝိစ္စတွေကြောင့် အကျပ်ရိုက်နေတယ်။ မိသားစုကို ကြည့်ရှုစောင့်ရှောက်ဖို့ တည်ငြိမ်တဲ့အလုပ် ကြိုးစားရှာနေတာ အတော်ကြာနေပြီ။ သားသမီးတွေကို ပညာတတ်တွေ ဖြစ်စေချင်တယ်။ ပိုကောင်းတဲ့ အနာဂတ် ပိုင်ဆိုင်စေချင်တယ်။ ဒါပေမဲ့ မဖြစ်နိုင်ပုံ ပေါက်နေတယ်။ အမျှော်လင့်ဆုံးကတော့ ကျန်းမာရေးကောင်းဖို့ပဲ။ ဒါမှ ဆက်အလုပ်လုပ်နိုင်မယ်။ မိသားစုကို ထောက်ပံ့နိုင်မယ်။ အိမ်ငှားခလည်း ပေးနိုင်မယ်။ သူသာ တစ်ခုခု ဖြစ်သွားရင် မိသားစုကို ဘယ်သူ ကြည့်ရှုစောင့်ရှောက်မလဲလို့ အလွန်စိုးရိမ်နေတယ်။

      ကိုအောင်နိုင်နဲ့ မစန္ဒာတို့ မောင်နှံမှာ ပူပန်မှုတွေ ရှိနေတယ်။ သူတို့ရဲ့ ဆက်ဆံရေးက အခုတလော တော်တော်တင်းမာလာတယ်။ ကိုအောင်နိုင် အလုပ်ကနေ ပြန်ရောက်လာတဲ့အခါ ပင်ပန်းနေလေ့ရှိတယ်။ မစန္ဒာက ကလေးတွေကို အမူအကျင့်ကောင်းအောင်၊ ရိုသေလေးစားတတ်အောင် ဆုံးမသွန်သင်တဲ့အခါ ကိုအောင်နိုင်ကို ကူညီစေချင်ပေမဲ့ ကလေးတွေအတွက် သူအချိန်မပေးနိုင် ဖြစ်နေတယ်။ ကိုအောင်နိုင်နဲ့ မကြာခဏ စကားများနေတာ မစန္ဒာ စိတ်မကောင်းဘူး။ သူတို့စကားများနေတာ ကလေးတွေအတွက်လည်း မကောင်းဘူး။ ကလေးတစ်ယောက် နေမကောင်းဖြစ်ရင်ကော ဘယ်လိုလုပ်မလဲ။ ဆေးကုသစရိတ် ဘယ်ကရမလဲ။ ဖြစ်လာနိုင်တာတွေကို မစန္ဒာ တွေးတောင်မတွေးချင်တော့ဘူး။

      ကလေးတစ်ဦး အာဟာရချို့တဲ့နေစဉ်။ လူတစ်ဦး ဖျားနာနေစဉ်။ လူတစ်ယောက် ခွက်အလွတ် ကိုင်ထားစဉ်

      ရပ်ကွက်ထဲက လူတွေရဲ့ အခြေအနေကလည်း အရင်လို မဟုတ်တော့မှန်း ကိုအောင်နိုင်နဲ့ မစန္ဒာတို့ သတိပြုမိတယ်။ လူတွေ တစ်ဦးကိုတစ်ဦး အချိန်သိပ်မပေးနိုင်ကြတော့ဘူး။ ကိုအောင်နိုင်တို့ မြတ်နိုးတဲ့ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓာတ်လည်း ရှိပုံမရတော့ဘူး။ အသိမိတ်ဆွေတွေလည်း သူတို့လိုပဲ အခက်အခဲတွေ ကြုံတွေ့နေကြပြီး အနာဂတ်အတွက် စိုးရိမ်နေကြတယ်။ ဘယ်သူ့မှာမှ စစ်မှန်တဲ့ စိတ်ငြိမ်သက်မှု မရှိတော့သလိုပဲ။ ဒီပြဿနာတွေအတွက် ဖြေရှင်းနည်းကိုရှာတွေ့ပြီး ငြိမ်သက်မှုနဲ့ ရောင့်ရဲမှု အတော်အတန် ရှိနိုင်မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ မစန္ဒာ မကြာခဏ စဉ်းစားမိတယ်။ ကိုအောင်နိုင်နဲ့ မစန္ဒာတို့ အလွန်ကြိုးစားခဲ့ကြပေမဲ့ အချည်းနှီးဖြစ်နေပုံရတယ်။

      တစ်နေ့ ကိုအောင်နိုင်နဲ့ မစန္ဒာတို့ သူတို့ရဲ့ ပြဿနာတွေအကြာင်း စကားစပ်မိကြတယ်။

      ကိုအောင်နိုင်က “စိတ်ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရစေတဲ့လမ်းကို ငါတို့ ရှာတွေ့နိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ” လို့ပြောတယ်။

      “ဟုတ်တယ်၊ အဲဒီအကြောင်းကို ကျွန်မလည်း စဉ်းစားမိတယ်။ ကျွန်မတို့ရဲ့ ပြဿနာအားလုံးအတွက် ဖြေရှင်းနည်းတော့ ရှိရမယ်” လို့ မစန္ဒာ ပြန်ပြောတယ်။

      ကိုအောင်နိုင်၊ မစန္ဒာနဲ့ ကလေးတွေ လမ်းအမျိုးအမျိုးရှိနေတာကို သုံးသပ်နေကြစဉ်

      “ဒါပေမဲ့ ဘဝနဲ့ပတ်သက်တဲ့ ဘာသာရေး အယူအဆတွေ၊ အတွေးအခေါ်တွေ အများကြီး ရှိနေတယ်။ အားလုံးကိုတော့ ကိုယ်တို့ ဆန်းစစ်နိုင်မှာ မဟုတ်တဲ့အတွက် ပျော်ရွှင်မှု ပေးနိုင်တဲ့လမ်းကို ဘယ်လို ရှာတွေ့နိုင်မလဲ။ ဘဝပြဿနာတွေအတွက် ဖြေရှင်းနည်းရှိတယ်လို့ အားလုံးက ပြောနေကြပေမဲ့ ဘယ်အရာတစ်ခုကမှ လူတွေရဲ့ ဘဝကို သိသိသာသာ မပြောင်းလဲစေဘူးဆိုတာ မင်းလည်း အသိပဲ။ ကိုယ်တော့ ဖြေရှင်းနည်း ရှာရကျိုးနပ်မယ်လို့တောင် မထင်ဘူး” လို့ ကိုအောင်နိုင် ပြန်ပြောတယ်။

      ကိုအောင်နိုင် ပြောတာကို မစန္ဒာ သဘောတူပေမဲ့လည်း မိသားစုအတွက် အကူအညီတချို့ လိုချင်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကူအညီရနိုင်တဲ့ နည်းတစ်နည်းတော့ ရှိရမယ်လို့ ထင်နေတယ်။

      သင်လည်း ကိုအောင်နိုင်နဲ့ မစန္ဒာတို့ ရင်ဆိုင်နေတဲ့ ပြဿနာတွေလိုမျိုး တချို့ကိစ္စတွေအတွက် စိုးရိမ်နေပါလိမ့်မယ်။ သူတို့ရဲ့ ပြဿနာတွေဟာ ကမ္ဘာတစ်ဝန်းမှာ ကြုံတွေ့နေကျဖြစ်တယ်။ နေရာတိုင်းမှာရှိတဲ့လူတွေဟာ ကောင်းတဲ့ ကျန်းမာရေး၊ စိတ်ငြိမ်သက်မှုနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကို လိုလားတောင့်တကြတယ်။ ဒါပေမဲ့ အဲဒါတွေ အားလုံး ပိုင်ဆိုင်နိုင်ဖို့ဆိုတာ သိပ်ခက်ခဲပုံရတယ်။ ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရစေတဲ့လမ်းကို ရှာတွေ့နိုင်ပါ့မလား။

      a ဒီစာစောင်ပါ အကြောင်းအရာတွေကို ဇနီးမောင်နှံနှစ်တွဲကြား စကားပြောခန်းအသွင်နဲ့ ဖန်တီးတင်ဆက်ထားတယ်။

  • လက်တွေ့ကျ လမ်းညွှန်မှုကို ရှာဖွေခြင်း
    ငြိမ်သက်မှုနဲ့ပျော်ရွှင်မှု ရစေသောလမ်း
    • လက်တွေ့ကျ လမ်းညွှန်မှုကို ရှာဖွေခြင်း

      အိမ်နီးချင်း ကိုစိုးမိုး၊ မသီတာနဲ့ သူတို့ကလေးတွေကို မစန္ဒာ သတိပြုထားမိစဉ်

      အိမ်နီးချင်း ကိုစိုးမိုးနဲ့ မသီတာတို့ ဇနီးမောင်နှံ အမြဲတမ်း အေးအေးချမ်းချမ်းရှိပြီး ကျေနပ်ရောင့်ရဲစွာ နေထိုင်ကြပုံရတာကို မစန္ဒာ သတိပြုမိတယ်။ သူတို့မှာ ဘာလျှို့ဝှက်ချက်များ ရှိပါလိမ့်၊ မသီတာကို သွားမေးကြည့်ဦးမှပဲလို့ ခင်ပွန်း ကိုအောင်နိုင်ကို ပြောတယ်။ ဒါနဲ့ နောက်တစ်ကြိမ် မသီတာနဲ့ တွေ့တဲ့အခါ မေးကြည့်တော့တယ်။

      မသီတာ ဒီလိုပြောတယ်– “တကယ်တော့ မစန္ဒာနဲ့ ကိုအောင်နိုင်တို့မှာရှိတဲ့ ပြဿနာနဲ့ စိုးရိမ်စရာတွေ ကျွန်မတို့ဆီမှာလည်း ရှိပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်တုန်းက ကျွန်မတို့မိသားစုအတွက် တကယ်လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တချို့ပါတဲ့ စာအုပ်တစ်အုပ် ရခဲ့တယ်။ အဲဒီစာအုပ်က ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရစေတဲ့လမ်းကို ဖော်ပြထားတယ်။ ကျွန်မတို့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိစီးမှုနဲ့ စိုးရိမ်သောကတွေ ရှိနေတဲ့ကြားက ပျော်ရွှင်နိုင်အောင် အဲဒီစာအုပ်က ထောက်ကူပေးတယ်။”

      မသီတာက မစန္ဒာကို ကျမ်းစာထဲက လမ်းညွှန်ချက်တွေကို ဝေမျှပေးနေစဉ်

      မစန္ဒာ စိတ်ဝင်စားသွားပြီး ပိုသိချင်တဲ့အတွက် အဲဒီစာအုပ်အကြောင်း မသီတာ ထပ်ရှင်းပြတယ်။ “ဒီစာအုပ်ဟာ ရှေးကျတဲ့စာအုပ်ဖြစ်ပြီး အရှေ့အလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ဖြစ်ပေမဲ့ ဘယ်ဘာသာတရား၊ ဘယ်ဂိုဏ်းဂဏကိုမှ ကိုယ်စားမပြုဘူး။ လူတိုင်းအတွက်ပဲ။ တကယ်တော့ ဒီစာအုပ်ကို ဘာသာစကား ရာနဲ့ချီပြီး ဘာသာပြန်ခဲ့လို့ လူတိုင်းလိုလို ဖတ်နိုင်တယ်။” အဲဒီစာအုပ်ကို ပညာတတ်တွေ မကြာခဏ ကိုးကားလေ့ရှိပြီး နိုင်ငံအတော်များများရဲ့ တရားဥပဒေတွေအတွက် အခြေခံဖြစ်တယ်လို့လည်း မသီတာ ပြောတယ်။

      အဲဒီစာအုပ်ကို မစန္ဒာ သိပ်တွေ့ချင်လာတယ်။ ဒါနဲ့ အဲဒီနေ့ မွန်းလွဲပိုင်းမှာ မသီတာအိမ်ကို သွားတယ်။ မသီတာက အောက်ပါအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ စာအုပ်ထဲက လက်တွေ့ကျ လမ်းညွှန်ချက်တွေကို ပြခဲ့တယ်–

      ကလေးတွေကို ပြုစုပျိုးထောင်ခြင်း

      • ဖခင်က သားနဲ့ စကားပြောနေစဉ်

        “ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူစွန့်ခွာမှာ မဟုတ်ဘူး။”

      • “ဖခင်တို့၊ သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။”

      အလုပ်နဲ့ ငွေကြေးကို စီမံခန့်ခွဲခြင်း

      • လယ်ကွင်းမှာ အလုပ်လုပ်နေစဉ်

        “ခိုးတတ်တဲ့သူလည်း မခိုးပါနဲ့တော့။ ကောင်းတဲ့အလုပ်ကို ကိုယ်တိုင်ကြိုးစားလုပ်ဆောင်ပါ။ ဒါမှ လိုအပ်သူကို ပေးကမ်းနိုင်မယ်။”

      • “အလုပ် မလုပ်ချင်တဲ့သူ အစာမစားစေနဲ့။”

      မူးယစ်ဆေးဝါးနဲ့ အရက်

      • လူတစ်ယောက် စီးကရက်ကို အမှိုက်ပုံးထဲ ပစ်လိုက်စဉ်

        “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။”

      • “စပျစ်ဝိုင်ဟာ လှောင်ပြောင်စရာ ဖြစ်စေတယ်။ အရက်ကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်စေတယ်။ အဲဒါတွေကြောင့် လမ်းလွဲသွားသူဟာ ဉာဏ်ပညာမဲ့တယ်။”

      ကိုယ်ကျင့်တရားစံနှုန်းများ

      • မင်္ဂလာဆောင်တဲ့နေ့မှာ စုံတွဲတစ်တွဲကို တွေ့ရစဉ်

        “အိမ်ထောင်မင်္ဂလာကို လူတိုင်း လေးစားရမယ်။ အိမ်ထောင်မင်္ဂလာကို မညစ်ညူးစေပါနဲ့။”

      • ‘လိင်အကျင့်ယိုယွင်းမှုကို ရှောင်ကြဉ်ကြပါ။’

      • “မိန်းမတစ်ယောက်ကို ရာဂစိတ်နဲ့ ကြည့်နေတာဟာ အဲဒီမိန်းမကို စိတ်နဲ့ပြစ်မှားတာပဲ။”

      မိသားစုအတွင်း ရိုသေလေးစားမှု

      • သက်ကြီးမောင်နှံက အရွယ်ရောက်ပြီဖြစ်တဲ့ သားသမီးတွေနဲ့ အတူစားသောက်နေစဉ်

        “မိဘကို ရိုသေပါ။”

      • “မင်းကိုမွေးဖွားစေတဲ့ ဖခင်ရဲ့စကားကို နားထောင်ပါ။ မိခင်ကို အသက်ကြီးသွားလို့ ဆိုပြီး မထီလေးစား မလုပ်နဲ့။”

      • ‘ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။’

      ကိုယ်ပိုင်ကျမ်းစာ ရှိသူတွေအတွက် အထက်ပါကိုးကားချက်တွေပါတဲ့ ကျမ်းချက်တွေကို စာရင်းပြုစုထားတယ်။

      ပညာအလိမ္မာ ၂၂:၆။ ဧဖက် ၆:၄

      ဧဖက် ၄:၂၈။ ၂ သက်သာလောနိတ် ၃:၁၀

      ၂ ကောရိန္သု ၇:၁။ ပညာအလိမ္မာ ၂၀:၁

      ဟီဘရူး ၁၃:၄။ ၁ သက်သာလောနိတ် ၄:၃။ မဿဲ ၅:၂၈

      ဧဖက် ၆:၂။ ပညာအလိမ္မာ ၂၃:၂၂။ ဧဖက် ၅:၃၃

      ပြန်လည်သုံးသပ်ရန် လေးထောင့်ကွက်

      • မစန္ဒာဟာ အိမ်နီးချင်းတွေနဲ့ပတ်သက်တဲ့ ဘယ်အချက်ကို သတိပြုမိသလဲ။

      • မစန္ဒာကို မသီတာ ပြောပြတဲ့အရာတချို့က ဘာတွေလဲ။

      • ဘယ်လမ်းညွှန်ချက်တွေက သင့်အတွက် တန်ဖိုးရှိသလဲ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ