သီချင်း ၁၀၅
ဘုရားဘုန်းတော် ကောင်းကင်ကြေညာ
(ဆာလံ ၁၉)
၁။ ကြားပြော ကောင်းကင်၊ ယေဟောဝါ ဘုန်းအသရေ။
လက်ရာတော်အမှုကို ထက်ကောင်းကင်မှာ မြင်ရ။
နေ့သစ်တိုင်းသည် ကိုယ်တော်ကို ချီးမွမ်းလျက်။
ကြယ်ရောင်လင်းညက ဘုန်းတန်ခိုးနှင့် ခွန်အားတော်ကြေညာ။
၂။ ယေဟောဝါတရား၊ စုံလင်၍ အသက်ပြန်ရစေ၊
နှိုးဆော်ချက်က လူကြီး၊ လူငယ်ကို လမ်းညွှန်ပေး။
ပြဋ္ဌာန်းချက်များ ဖြောင့်မှန်၊ တရားပါ၏။
တရားသေချာ၊ ပညတ်စင်ကြယ်၊ နှုတ်တွင် ချိုမြိန်လှ၏။
၃။ ဘုရားကြောက်ခြင်း အမြဲတည်၊ စင်ကြယ်လှသည်။
မိန့်မှာချက်ရွေစင်ထက် အဖိုးထိုက် ပါပေသည်။
အမိန့်တော်၊ လူမျိုးတော်ကို ဦးဆောင်၊ ကာကွယ်။
ဂုဏ်တော်၊ ကျော်ကြားမှု၊ နာမမြတ်၊ သစ္စာရှိ တို့ထိန်းသိမ်း။
(ဆာ. ၁၁၁:၉; ၁၄၅:၅; ဗျာ. ၄:၁၁ တို့ကိုလည်းကြည့်ပါ။)