ဆွေးနွေးရန် ကျမ်းစာ အကြောင်းများ
၁။ ကံကြမ္မာ
က။ လူသည် ကံကြမ္မာနှင့်လာသည်မဟုတ်
ဘုရားသခင့်ရည်ရွယ်ချက် အတိအကျရှိ။ ရှာ ၅၅:၁၁; က ၁:၂၈
ဘုရားသခင်ကိုဝတ်ပြုရန် ရွေးချယ်ခွင့်လူတိုင်းရ။ ယဟ ၃:၁၆; ဖိ ၂:၁၂
၂။ ကောင်းကင်ဘုံ
က။ ၁၄၄,၀၀၀ သာ ကောင်းကင်သွားအံ့
အရေအတွက် ကန့်သတ်ထား၊ ခရစ်တော်နှင့်အတူစိုးစံမည်။ ဗ ၅:၉၊ ၁၀; ၂၀:၄
ယေရှုသည် ရှေ့တော်ပြေးဖြစ်၊ ထို့နောက်မှ အခြားလူတို့ ရွေးခံရ။ ကော ၁:၁၈; ၁ပ ၂:၂၁
အခြားသူအမြောက်အမြား ကမ္ဘာပေါ်တွင် နေထိုင်ကြမည်။ ဆ ၇၂:၈; ဗ ၂၁:၃၊ ၄
၁၄၄,၀၀၀ တို့သည် အခြားသူများမရသော ရာထူးရ။ ဗ ၁၄:၁၊ ၃; ၇:၄၊ ၉
၃။ ကမ္ဘာ
က။ ကမ္ဘာအတွက် ဘုရားသခင့် ရည်ရွယ်ချက်
စုံလင်သောလူသားများအတွက် ကမ္ဘာပေါ်တွင် ပရဒိသုတည်ထောင်ခဲ့။ က ၁:၂၈; ၂:၈-၁၅
ဘုရားသခင့်ရည်ရွယ်ချက် သေချာပေါက် အကောင်အထည်ပေါ်မည်။ ရှာ ၅၅:၁၁; ၄၆:၁၀၊ ၁၁
ကမ္ဘာသည် ငြိမ်းချမ်း၊ စုံလင်သူများနှင့် ပြည့်အံ့။ ဆ ၇၂:၇; ရှာ ၄၅:၁၈; ၉:၆၊ ၇
နိုင်ငံတော်အားဖြင့် ပရဒိသု ပြန်လည်တည်ထောင်မည်။ မ ၆:၉၊ ၁၀; ဗ ၂၁:၃-၅
ခ။ ဘယ်တော့မျှ ပျက်စီးမည်မဟုတ်၊ လူဦးရေ လျော့နည်းသွားမည်လည်းမဟုတ်
ကမ္ဘာကြီးကိုယ်နှိုက်မူ ထာဝရတည်မည်။ ဒေ ၁:၄; ဆ ၁၀၄:၅
နောဧခေတ်တွင် ကမ္ဘာဂြိုဟ်မဟုတ်ဘဲ လူသားတို့သာဖျက်ဆီးခံရ။ ၂ပ ၃:၅-၇; က ၇:၂၃
ကျွန်ုပ်တို့ခေတ်တွင် ကပ်ကျော်ဖို့မျှော်လင့်ခြင်းရှိစေသော နမူနာဖြစ်။ မ ၂၄:၃၇-၃၉
လူဆိုးတို့ဖျက်ဆီးခံရ၊ “လူအုပ်ကြီး” ကပ်ကျော်။ ၂သ ၁:၆-၉; ဗ ၇:၉၊ ၁၄
၄။ ကယ်တင်ခြင်း
က။ ကယ်တင်ခြင်းသည် ယေရှုရွေးနုတ်ဖိုးမှတစ်ဆင့် ဘုရားထံမှလာ
အသက်သည် သားတော်အားဖြင့် ဘုရားသခင်ပေးသော လက်ဆောင်ဖြစ်။ ၁ယ ၄:၉၊ ၁၄; ရ ၆:၂၃
ယေရှု၏ယဇ်သကာအားဖြင့်သာ ကယ်တင်ခြင်းရနိုင်။ တ ၄:၁၂
“အသက်ငင်နေစဉ်နောင်တရခြင်း” ကိုအလုပ်နှင့်သက်သေမထူနိုင်။ ယာ ၂:၁၄၊ ၂၆
ကယ်တင်ခြင်းရရန် အင်တိုက်အားတိုက် ကြိုးစားလုပ်ဆောင်ရမည်။ လု ၁၃:၂၃၊ ၂၄; ၁တိ ၄:၁၀
ခ။ “တစ်ခါကယ်တင်ခံရလျှင် အမြဲကယ်တင်ခံရ” ဟူသည် ကျမ်းစာနှင့်မညီ
သန့်ရှင်းသောစွမ်းအားတော် ခံစားရသူတို့လည်း ကျရှုံးနိုင်။ ဗြဲ ၆:၄၊ ၆; ၁က ၉:၂၇
အစ္စရေးလူမျိုးများစွာသည် အီဂျစ်ပြည်မှ ကယ်တင်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ဖျက်ဆီးခြင်းခံရ။ ယု ၅
ကယ်တင်ခြင်းဟူသည် ချက်ချင်းရသောအရာမဟုတ်။ ဖိ ၂:၁၂; ၃:၁၂-၁၄; မ ၁၀:၂၂
နောက်ပြန်လှည့်သူတို့သည် ယခင်ကထက်အခြေအနေပိုဆိုး။ ၂ပ ၂:၂၀၊ ၂၁
ဂ။ “ကမ္ဘာချီကယ်တင်ခံရခြင်း” သည်ကျမ်းစာနှင့်မညီ
အချို့လူတို့သည် မည်သို့မျှနောင်တမရနိုင်။ ဗြဲ ၆:၄-၆
လူဆိုးများသေဆုံးသည်ကိုပင် ဘုရားသခင် မနှစ်သက်။ ယဇ ၃၃:၁၁; ၁၈:၃၂
သို့သော် မေတ္တာသည် မဖြောင့်မတ်သောအမှုကို လျစ်လျူမရှုနိုင်။ ဗြဲ ၁:၉
လူဆိုးတို့ဖျက်ဆီးခံရမည်။ ဗြဲ ၁၀:၂၆-၂၉; ဗ ၂၀:၇-၁၅
၅။ ခရစ်တော်ပြန်ကြွလာခြင်း
က။ ပြန်ကြွလာခြင်းကို လူသားတို့ မမြင်နိုင်
လောကသည် မိမိကိုမြင်ရတော့မည်မဟုတ်ဟု တပည့်တော်တို့အားပြောခဲ့။ ယဟ ၁၄:၁၉
တပည့်တော်တို့သာ တက်ကြွခြင်းကိုမြင်ခဲ့၊ ထိုအတိုင်းပင် ပြန်လာမည်။ တ ၁:၆၊ ၁၀၊ ၁၁
ကောင်းကင်တွင် အရူပနာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်။ ၁တိ ၆:၁၄-၁၆; ဗြဲ ၁:၃
ကောင်းကင်နိုင်ငံတော်အာဏာဖြင့် ပြန်ကြွလာ။ ဒံ ၇:၁၃၊ ၁၄
ခ။ ရုပ်ပိုင်းဆိုင်ရာ အဖြစ်အပျက်များအားဖြင့် သိရှိနိုင်
ရောက်ရှိခြင်းဆိုင်ရာ နိမိတ်ကို တပည့်တော်များတောင်းခံ။ မ ၂၄:၃
ခရစ်ယာန်တို့သည် ရောက်ရှိတော်မူခြင်းကို ဉာဏ်မျက်စိအားဖြင့် “မြင်” ရကြ။ ဧ ၁:၁၈
ရောက်ရှိတော်မူခြင်းကို အဖြစ်အပျက်များစွာက သာဓကပြ။ လု ၂၁:၁၀၊ ၁၁
ဖျက်ဆီးခြင်းခံရသောအခါ ရန်သူများ “မြင်” ကြမည်။ ဗ ၁:၇
၆။ ခုနှစ်သက္ကရာဇ်
က။ (အေဒီ) ၁၉၁၄ ခုနှစ်တွင် တစ်ပါးအမျိုးသားအချိန်ကုန်ဆုံး
ဘီစီ ၆၀၇ ခုနှစ်တွင် နိုင်ငံတော်မင်းဆက် ပြတ်တောက်။ ယဇ ၂၁:၂၅-၂၇
အုပ်ချုပ်မှုပြန်မတည်ထောင်မီ “ခုနစ်ကာလ” ကုန်လွန်ရမည်။ ဒံ ၄:၃၂၊ ၁၆၊ ၁၇
ခုနစ်=၂ × ၃ ၁/၂ ကာလ သို့မဟုတ် ၂ × ၁,၂၆၀ ရက်။ ဗ ၁၂:၆၊ ၁၄; ၁၁:၂၊ ၃
တစ်ရက်ကိုတစ်နှစ်ထားလျှင် [၂,၅၂၀ နှစ်ဖြစ်]။ ယဇ ၄:၆; တလ ၁၄:၃၄
နိုင်ငံတော်တည်ထောင်သည်အထိ ဆက်သွားမည်။ လု ၂၁:၂၄; ဒံ ၇:၁၃၊ ၁၄
၇။ ချာ့ချ် (အသင်းတော်)
က။ ချာ့ချ်အသင်းတော်သည် ဝိညာဏဖြစ်ပြီး ခရစ်တော်အပေါ် တည်ဆောက်ထား
ဘုရားသခင်သည် လူတို့ဆောက်သောဗိမာန်များ၌ မကိန်းဝပ်။ တ ၁၇:၂၄၊ ၂၅; ၇:၄၈
ချာ့ချ်အစစ်သည် သက်ရှိကျောက်များနှင့် တည်ဆောက်ထားသည့် ဝိညာဏဗိမာန်ဖြစ်။ ၁ပ ၂:၅၊ ၆
ခရစ်တော်သည် တိုက်ထောင့်ကျောက်ဖြစ်၊ တမန်တော်တို့သည် ထပ်ဆင့်အုတ်မြစ်ကျောက်ဖြစ်။ ဧ ၂:၂၀
စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ ကိုးကွယ်ရ။ ယဟ ၄:၂၄
ခ။ ပေတရုအပေါ်၌ ချာ့ချ်ကိုတည်ဆောက်ထားသည်မဟုတ်
ပေတရုအပေါ်၌ ချာ့ချ်ကိုတည်ဆောက်ထားသည်ဟု ယေရှုမပြော။ မ ၁၆:၁၈
ယေရှုကို “ကျောက်ဆောင်” အဖြစ် ဖော်ပြထား။ ၁က ၁၀:၄
ပေတရုက ယေရှုကို အုတ်မြစ်အဖြစ် ဖော်ပြခဲ့။ ၁ပ ၂:၄၊ ၆-၈; တ ၄:၈-၁၂
၈ ငရဲ (ဟေးဒီးစ်၊ ရှီးအိုးလ်)
က။ မီးတောက်မီးလျှံများဖြင့် ညှဉ်းပန်းသော ပကတိနေရာမဟုတ်
ဒုက္ခခံနေရသောယောဘ ထိုနေရာသို့သွားလိုကြောင်း ဆုတောင်းခဲ့။ ယဘ ၁၄:၁၃
လှုပ်ရှားမှုမရှိသောအရပ်ဖြစ်။ ဆ ၆:၅; ဒေ ၉:၁၀; ရှာ ၃၈:၁၈၊ ၁၉
ယေရှုသည် ငရဲ၊ သင်္ချိုင်းမှ ထမြောက်ခဲ့ရ။ တ ၂:၂၇၊ ၃၁၊ ၃၂; ဆ ၁၆:၁၀
ငရဲသည် ကျန်လူသေများကိုလွှဲအပ်မည်၊ ပြီးနောက် ဖျက်ဆီးခံရမည်။ ဗ ၂၀:၁၃၊ ၁၄
ခ။ မီးသည် အစတုံးဖျက်ဆီးခြင်း၏ သင်္ကေတဖြစ်
သေခြင်း၌ အစတုံးစီရင်ခံရခြင်းကို မီးဖြင့်သင်္ကေတပြု။ မ ၂၅:၄၁၊ ၄၆; ၁၃:၃၀
နောင်တမရသောလူဆိုးတို့သည် မီးဖြင့်ဖျက်ဆီးခံရသည့်အလား ထာဝရပျက်စီးသွားအံ့။ ဗြဲ ၁၀:၂၆၊ ၂၇
စာတန်ခံရသော မီးဖြင့် “ညှဉ်းဆဲခြင်း” ဟူသည် ထာဝရသေခြင်းဖြစ်။ ဗ ၂၀:၁၀၊ ၁၄၊ ၁၅
ဂ။ သူဌေးကြီးနှင့်လာဇရု အဖြစ်အပျက်သည် ထာဝရညှဉ်းဆဲခြင်း အထောက်အထားမဟုတ်
အာဗြဟံ၏ရင်ခွင်သည် တကယ်မဟုတ်သကဲ့သို့ မီးလည်းတကယ်မဟုတ်။ လု ၁၆:၂၂-၂၄
အာဗြဟံ၏မျက်နှာသာကို အမှောင်၏ဆန့်ကျင်ဘက်အဖြစ် နှိုင်းယှဉ်ထား။ မ ၈:၁၁၊ ၁၂
ဗာဗုလုန် အစတုံးဖျက်ဆီးခံရခြင်းကို မီးဖြင့်ညှဉ်းပန်းခြင်းဟုခေါ်ထား။ ဗ ၁၈:၈-၁၀၊ ၂၁
၉။ ဆုတောင်းခြင်း
က။ ဘုရားနားညောင်းသော ဆုတောင်းပတ္ထနာများ
လူတို့၏ဆုတောင်းပတ္ထနာများကို ဘုရားသခင် နားညောင်း၏။ ဆ ၁၄၅:၁၈; ၁ပ ၃:၁၂
လမ်းစဉ်မပြောင်းလဲလျှင် မဖြောင့်မတ်သူတို့၏ ဆုတောင်းပတ္ထနာကို နားမညောင်း။ ရှာ ၁:၁၅-၁၇
ယေရှု၏နာမတော်နှင့် ဆုတောင်းရမည်။ ယဟ ၁၄:၁၃၊ ၁၄; ၂က ၁:၂၀
ဘုရားသခင့် အလိုတော်နှင့်အညီ ဆုတောင်းရမည်။ ၁ယ ၅:၁၄၊ ၁၅
ယုံကြည်ခြင်း မရှိလျှင်မဖြစ်။ ယာ ၁:၆-၈
ခ။ အချည်းနှီး အထပ်ထပ်ရွတ်ဆိုခြင်း၊ မာရိထံ သို့မဟုတ် “သန့်ရှင်းသူများ” ထံဆုတောင်းခြင်းသည် တရားမဝင်
ဘုရားသခင်ထံ ယေရှု၏နာမနှင့် ဆုတောင်းရ။ ယဟ ၁၄:၆၊ ၁၄; ၁၆:၂၃၊ ၂၄
အထပ်ထပ်ရွတ်ဆိုသော စကားများကို ဘုရားနားမထောင်။ မ ၆:၇
၁၀။ ဆိုးသွမ်းမှု၊ ကမ္ဘာ့အတိဒုက္ခများ
က။ ကမ္ဘာ့အတိဒုက္ခများ၏ တရားခံလက်သည်
အုပ်ချုပ်ရေးမကောင်းသောကြောင့် ခေတ်ဆိုးဖြစ်ရ။ သု ၂၉:၂; ၂၈:၂၈
လောကမင်းသည် ဘုရားရန်သူဖြစ်။ ၂က ၄:၄; ၁ယ ၅:၁၉; ယဟ ၁၂:၃၁
အမင်္ဂလာများကို မာရ်နတ်ဖန်တီး၊ အချိန်တိုသာကျန်။ ဗ ၁၂:၉၊ ၁၂
မာရ်နတ်ကိုချုပ်နှောင်ပြီးနောက် ငြိမ်းချမ်းသာယာမှုဆိုက်ရောက်။ ဗ ၂၀:၁-၃; ၂၁:၃၊ ၄
ခ။ ဆိုးသွမ်းမှုကို ခွင့်ပြုရသည့်အကြောင်းရင်း
ဘုရားသခင်အပေါ် လူသတ္တဝါများထားရှိသော သစ္စာစောင့်သိမှုကို မာရ်နတ်စိန်ခေါ်။ ယဘ ၁:၁၁၊ ၁၂
သစ္စာရှိသူတို့သည် သစ္စာစောင့်သိကြောင်းပြနိုင်ရန် အခွင့်အရေးရရှိကြ။ ရ ၉:၁၇; သု ၂၇:၁၁
မာရ်နတ်သည် မုသာကောင်ဖြစ်ကြောင်းထင်ရှား၊ အရေးကိစ္စရှင်းဖို့သာကျန်။ ယဟ ၁၂:၃၁
သစ္စာရှိသူများ ထာဝရအသက်ဆုရ။ ရ ၂:၆၊ ၇; ဗ ၂၁:၃-၅
ဂ။ ဆုံးခန်းကာလ ကြာရှည်နေခြင်းသည် ကရုဏာရှိသော အစီအမံဖြစ်
နောဧခေတ်ကကဲ့သို့ဖြစ်၊ သတိပေးရန်အချိန်လို။ မ ၂၄:၁၄၊ ၃၇-၃၉
ဘုရားသခင်သည် နှေးတော်မမူ၊ သို့သော်ကရုဏာပြ။ ၂ပ ၃:၉; ရှာ ၃၀:၁၈
အငိုက်မမိစေရန် ကျမ်းစာကူညီပေး။ လု ၂၁:၃၆; ၁သ ၅:၄
ကာကွယ်မှုအတွက် ဘုရားသခင့် အစီအမံကို ယခုရှာယူပါ။ ရှာ ၂:၂-၄; ဇေ ၂:၃
ဃ။ ကမ္ဘာ့အတိဒုက္ခကို လူသားတို့မဖြေရှင်းနိုင်
လူတို့သည် ထိတ်လန့်ကြောက်ရွံ့နေကြ၊ စိတ်ညစ်စိတ်ရှုပ်နေကြ။ လု ၂၁:၁၀၊ ၁၁; ၂တိ ၃:၁-၅
လူ့အစိုးရမဟုတ်၊ ဘုရားသခင့်နိုင်ငံတော်သာ အောင်နိုင်မည်။ ဒံ ၂:၄၄; မ ၆:၁၀
အသက်ရှင်နိုင်ရန် ဘုရင်မင်းမြတ်နှင့် သင့်တင့်အောင် ယခုပင်လုပ်ဆောင်ပါ။ ဆ ၂:၉၊ ၁၁၊ ၁၂
၁၁။ ထိမ်းမြားခြင်း
က။ ထိမ်းမြားပေါင်းစည်းခြင်းကို အသရေရှိစေရမည်
ခရစ်တော်နှင့် သတို့သမီး၏ပေါင်းစည်းခြင်းနှင့် နှိုင်းယှဉ်ထား။ ဧ ၅:၂၂၊ ၂၃
မင်္ဂလာအိပ်ရာကို မညစ်ညူးစေရ။ ဗြဲ ၁၃:၄
သီးခြားခွဲမနေရန် လင်မယားတို့ကို ဆုံးမထား။ ၁က ၇:၁၀-၁၆
လင်မယားကွာရှင်းရန် ကျမ်းစာခွင့်ပြုသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ပေါ်နီယာ သာဖြစ်။ မ ၁၉:၉
ခ။ ဦးစီးမှုဆိုင်ရာမူကို ခရစ်ယာန်တို့ လေးစားလိုက်နာရမည်
ဦးစီးဖြစ်သော လင်ယောက်ျားသည် မိသားစုကိုချစ်ပြီး ပြုစုစောင့်ရှောက်ရ။ ဧ ၅:၂၃-၃၁
ဇနီးသည်သည် လင်ယောက်ျားကို လက်အောက်ခံ၍ မေတ္တာရှိစွာနှင့် နာခံရ။ ၁ပ ၃:၁-၇; ဧ ၅:၂၂
သားသမီးများသည် နာခံမှုရှိရ။ ဧ ၆:၁-၃; ကော ၃:၂၀
ဂ။ သားသမီးများအပေါ် ခရစ်ယာန်မိဘတို့၏တာဝန်
မေတ္တာပြရမည်၊ အချိန်ပေးရမည်၊ ဂရုစိုက်ရမည်။ တိ ၂:၄
သူတို့ကို အမျက်ဒေါသထွက်အောင် မလုပ်ပါနှင့်။ ကော ၃:၂၁
ဝိညာဉ်ရေးရာများအပါအဝင် လိုအပ်ရာများ ထောက်ပံ့ပေးပါ။ ၂က ၁၂:၁၄; ၁တိ ၅:၈
ဘဝအတွက် လေ့ကျင့်မှုပေးပါ။ ဧ ၆:၄; သု ၂၂:၆၊ ၁၅; ၂၃:၁၃၊ ၁၄
ဃ။ ခရစ်ယာန်တို့သည် ခရစ်ယာန်ချင်းကိုသာ ထိမ်းမြားသင့်
“သခင်၌ရှိသောသူ” ကိုသာ အိမ်ထောင်ပြု။ ၁က ၇:၃၉; တရ ၇:၃၊ ၄; နေ ၁၃:၂၆
င။ မယားပြိုင်ယူဓလေ့သည် ကျမ်းစာနှင့်မညီ
မူလက လူသည် မယားတစ်ဦးတည်းယူရန်ဖြစ်။ က ၂:၁၈၊ ၂၂-၂၅
ခရစ်ယာန်များအတွက်စံနှုန်းကို ယေရှု ပြန်လည်သတ်မှတ်။ မ ၁၉:၃-၉
ရှေးခရစ်ယာန်တို့သည် မယားပြိုင်ယူသူများမဟုတ်။ ၁က ၇:၂၊ ၁၂-၁၆; ဧ ၅:၂၈-၃၁
၁၂။ နောက်ဆုံးနေ့ရက်များ
က။ “ကပ်ကမ္ဘာအဆုံး” ၏ အဓိပ္ပာယ်
ဤလောကစနစ်၏ အဆုံးဖြစ်။ မ ၂၄:၃; ၂ပ ၃:၅-၇; မာ ၁၃:၄
ကမ္ဘာကြီး၏အဆုံးမဟုတ်၊ စနစ်ဆိုး၏ အဆုံးသာဖြစ်။ ၁ယ ၂:၁၇
ပျက်စီးခြင်းမတိုင်မီ ဆုံးခန်းချိန်ရောက်မည်။ မ ၂၄:၁၄
ဖြောင့်မတ်သောသူတို့ ကပ်ကျော်ပြီးနောက် ကမ္ဘာသစ်ရောက်လာမည်။ ၂ပ ၂:၉; ဗ ၇:၁၄-၁၇
ခ။ နောက်ဆုံးနေ့ရက်များ၏ နိမိတ်လက္ခဏာများကို သတိပြုမိရန်လို
ကျွန်ုပ်တို့လမ်းညွှန်အတွက် နိမိတ်လက္ခဏာများကို ဘုရားသခင်ပေးထား။ ၂တိ ၃:၁-၅; ၁သ ၅:၁-၄
လောကသည် အရေးကြီးမှုကို သိရှိရန်ပျက်ကွက်။ ၂ပ ၃:၃၊ ၄၊ ၇; မ ၂၄:၃၉
ဘုရားသခင်သည် နှေးတော်မမူ၊ သို့သော် သတိပေး။ ၂ပ ၃:၉
နိုးကြားနေခြင်းနှင့် စိုးရိမ်ပူပန်ခြင်းအတွက် ဆုလာဘ်။ လု ၂၁:၃၄-၃၆
၁၃။ နိုင်ငံတော်
က။ လူသားတို့အတွက် ဘုရားသခင့်နိုင်ငံတော် လုပ်ပေးမည့်အရာများ
ဘုရားသခင့်အလိုတော်ကို ပြည့်စုံစေမည်။ မ ၆:၉၊ ၁၀; ဆ ၄၅:၆; ဗ ၄:၁၁
ရှင်ဘုရင်နှင့် ဥပဒေများရှိသည့် အစိုးရတစ်ခုဖြစ်။ ရှာ ၉:၆၊ ၇; ၂:၃; ဆ ၇၂:၁၊ ၈
ဆိုးသွမ်းမှုကိုဖျက်ဆီးပြီး တစ်ကမ္ဘာလုံးကို အုပ်ချုပ်သွားမည်။ ဒံ ၂:၄၄; ဆ ၇၂:၈
လူသားတို့ ပုံမှန်ပြန်ဖြစ်ရန်နှင့် ပရဒိသု ပြန်ထူထောင်ရန် အနှစ် ၁,၀၀၀ အုပ်စိုးမည်။ ဗ ၂၁:၂-၄; ၂၀:၆
ခ။ ခရစ်တော်၏ရန်သူများ လှုပ်ရှားနေဆဲမှာပင် လုပ်ငန်းများစတင်
ခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် ကြာမြင့်စွာစောင့်ခဲ့ရ။ ဆ ၁၁၀:၁; ဗြဲ ၁၀:၁၂၊ ၁၃
အာဏာရယူပြီးနောက်တွင် စာတန်ကိုစစ်ခင်း။ ဆ ၁၁၀:၂; ဗ ၁၂:၇-၉; လု ၁၀:၁၈
ထိုအချိန်တွင် နိုင်ငံတော်တည်ထောင်ခဲ့၊ ကမ္ဘာ့အမင်္ဂလာများ လိုက်ပါလာ။ ဗ ၁၂:၁၀၊ ၁၂
ယခု ဒုက္ခများရင်ဆိုင်နေရခြင်းက နိုင်ငံတော်ဘက်ရပ်တည်ရန် အချိန်တန်ပြီ ဖြစ်ကြောင်းပြ။ ဗ ၁၁:၁၅-၁၈
ဂ။ ‘နှလုံးထဲ၌’ မဟုတ်၊ လူတို့၏ကြိုးပမ်းအားထုတ်မှုဖြင့် တည်ထောင်သည်မဟုတ်
နိုင်ငံတော်သည် ကမ္ဘာပေါ်၌မဟုတ်၊ ကောင်းကင်၌ဖြစ်။ ၂တိ ၄:၁၈; ၁က ၁၅:၅၀; ဆ ၁၁:၄
‘နှလုံးထဲ၌’ မဟုတ်၊ ယေရှုသည် ဖာရိရှဲများကို စကားပြောနေခြင်းဖြစ်။ လု ၁၇:၂၀၊ ၂၁
ဤလောကနှင့်မသက်ဆိုင်။ ယဟ ၁၈:၃၆; လု ၄:၅-၈; ဒံ ၂:၄၄
အစိုးရများ၊ ကမ္ဘာ့စံနှုန်းများ အစားထိုးခံရအံ့။ ဒံ ၂:၄၄
၁၄။ နျူမာ၊ နတ်ဆိုးပညာလိုက်စားခြင်း
က။ သန့်ရှင်းသောစွမ်းအားတော် (နျူမာ) ဟူသည်
ဘုရား၏လှုပ်ရှားသောစွမ်းအားဖြစ်၊ ပုဂ္ဂိုလ်တစ်ဦးမဟုတ်။ တ ၂:၂၊ ၃၊ ၃၃; ယဟ ၁၄:၁၇
ဖန်ဆင်းခြင်း၊ ကျမ်းစာရေးသားမှုကိုလမ်းညွှန်ခြင်း စသည်တို့၌ အသုံးပြု။ က ၁:၂; ယဇ ၁၁:၅
ခရစ်တော်ခန္ဓာကိုယ်အဖွဲ့ဝင်များကို သားအဖြစ်သတ်မှတ်ပေး၊ ဘိသိက်ပေး။ ယဟ ၃:၅-၈; ၂က ၁: ၂၁၊ ၂၂
ယနေ့ဘုရားသခင့်လူမျိုးတော်ကို ခွန်အားပေး၊ ဦးဆောင်။ ဂ ၅:၁၆၊ ၁၈
ခ။ နျူမာသည် အသက်စွမ်းအားဖြစ်
အသက်အတွက် အဓိကအခြေခံဖြစ်၊ အသက်ရှူခြင်းဖြင့် ၎င်းကိုထောက်ပံ့ထား။ ယာ ၂:၂၆; ယဘ ၂၇:၃
အသက်စွမ်းအားကို ချုပ်ကိုင်နိုင်စွမ်းသည် ဘုရားသခင်၌သာရှိ။ ဇာ ၁၂:၁; ဒေ ၈:၈
လူနှင့် တိရစ္ဆာန်တို့၏ အသက်စွမ်းအားကို ဘုရားသခင်ပိုင်။ ဒေ ၃:၁၉-၂၁
ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နှင့် နျူမာကို ဘုရားသခင်ထံပြန်အပ်။ လု ၂၃:၄၆
ဂ။ နတ်ဆိုးပညာလိုက်စားခြင်းသည် နတ်ဆိုးတို့၏အလုပ်ဖြစ်သောကြောင့် ရှောင်ရမည်
ဘုရားသခင့်တရားစကားတော်က တားမြစ်ထား။ ရှာ ၈:၁၉၊ ၂၀; ဝ ၁၉:၃၁; ၂၀:၆၊ ၂၇
ဗေဒင်ဟောခြင်းသည် နတ်ဆိုးပညာဖြစ်၊ ၎င်းကိုရှုတ်ချထား။ တ ၁၆:၁၆-၁၈
ဖျက်ဆီးခြင်းသို့ပို့ဆောင်။ ဂ ၅:၁၉-၂၁; ဗ ၂၁:၈; ၂၂:၁၅
နက္ခတ်ဗေဒင်ကို တားမြစ်ထား။ တရ ၁၈:၁၀-၁၂; ယေ ၁၀:၂
၁၅။ နှစ်ခြင်း
က။ ခရစ်ယာန် သတ်မှတ်ပြဋ္ဌာန်းချက်တစ်ရပ်
ယေရှု စံနမူနာပြခဲ့။ မ ၃:၁၃-၁၅; ဗြဲ ၁၀:၇
ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ခြင်း သို့မဟုတ် ဆက်ကပ်အပ်နှံခြင်း အထိမ်းအမှတ်ဖြစ်။ မ ၁၆:၂၄; ၁ပ ၃:၂၁
သိနားလည်တတ်သည့် အရွယ်ရောက်သူများအတွက်သာဖြစ်။ မ ၂၈:၁၉၊ ၂၀; တ ၂:၄၁
ရေတွင်နှစ်လိုက်ခြင်းသည် နည်းမှန်ဖြစ်။ တ ၈:၃၈၊ ၃၉; ယဟ ၃:၂၃
ခ။ အပြစ်များကို ဆေးကြောခြင်းမဟုတ်
ယေရှုသည် အပြစ်များဆေးကြောရန် နှစ်ခြင်းခံသည်မဟုတ်။ ၁ပ ၂:၂၂; ၃:၁၈
ယေရှု၏အသွေးသာ အပြစ်များကိုဆေးကြော။ ၁ယ ၁:၇
၁၆။ ပစီးခီး
က။ ပစီးခီးဟူသည်မှာ
လူသည် ပစီးခီးဖြစ်။ က ၂:၇; ၁က ၁၅:၄၅; ယရ ၁၁:၁၁; တ ၂၇:၃၇
တိရစ္ဆာန်များကိုလည်း ပစီးခီးဟုခေါ်ထား။ တလ ၃၁:၂၈; ဗ ၁၆:၃; ဝ ၂၄:၁၈
ပစီးခီး၌ သွေးရှိ၊ အစာစားတတ်၊ သေတတ်။ ယေ ၂:၃၄; ဝ ၇:၁၈; ယဇ ၁၈:၄
လူ၌ အသက်ရှိသည်ကို ပစီးခီးရှိသည်ဟု ဆိုလေ့ရှိ။ မာ ၈:၃၆; ယဟ ၁၀:၁၅
ခ။ ပစီးခီး နှင့် နျူမာ ကွာခြားချက်
လူ သို့မဟုတ် သတ္တဝါတစ်ဦးအဖြစ် ရှင်သန်နေသည့်အသက်သည် ပစီးခီးဖြစ်။ ယဟ ၁၀:၁၅; ဝ ၁၇:၁၁
ပစီးခီးများကို သက်ဝင်လှုပ်ရှားစေသော အသက်စွမ်းအားကို “နျူမာ” ဟုခေါ်။ ဆ ၁၄၆:၄; ၁၀၄:၂၉
လူတစ်ဦးသေလျှင် အသက်စွမ်းအားကို ထိန်းချုပ်ပိုင်ခွင့်သည် ဘုရားထံပြန်ရောက်သွား။ ဒေ ၁၂:၇
ဘုရားသခင်သာလျှင် အသက်စွမ်းအားကို လှုပ်ရှားဆောင်ရွက်စေနိုင်။ ယဇ ၃၇:၁၂-၁၄
၁၇။ ပရောဖက်အတုအယောင်
က။ ပရောဖက်အတုအယောင်များအကြောင်း ကြိုပြောထား၊ တမန်တော်များလက်ထက်၌ရှိခဲ့
ပရောဖက်အတုအယောင်များကို ခွဲခြားသိနိုင်သည့်နည်း။ တရ ၁၈:၂၀-၂၂; လု ၆:၂၆
ကြိုပြောထား၊ ၎င်းတို့၏အသီးအပွင့်ဖြင့် သိနိုင်။ မ ၂၄:၂၃-၂၆; ၇:၁၅-၂၃
၁၈။ ဖန်ဆင်းခြင်း
က။ မှန်ကန်သော သိပ္ပံပညာနှင့်ကိုက်ညီ၊ ဆင့်ကဲအယူ မှားကြောင်းပြ
သိပ္ပံပညာသည် ဖန်ဆင်းခြင်းအစီအစဉ်နှင့်ကိုက်ညီ။ က ၁:၁၁၊ ၁၂၊ ၂၁၊ ၂၄၊ ၂၅
ဘုရားသခင်ပြဋ္ဌာန်းသည့် ‘အမျိုးအစား’ ဆိုင်ရာနိယာမသည် မှန်ကန်။ က ၁:၁၁၊ ၁၂; ယာ ၃:၁၂
ခ။ ဖန်ဆင်းရာနေ့များသည် ၂၄ နာရီနေ့များမဟုတ်
“နေ့” ဟူသည် အချိန်ကာလ အပိုင်းအခြားကို ဆိုလိုနိုင်။ က ၂:၄
ဘုရားသခင့်အတွက် နေ့ရက်သည် ရှည်လျားသောကာလဖြစ်နိုင်။ ဆ ၉၀:၄; ၂ပ ၃:၈
၁၉။ ဘာသာတရား
က။ မှန်သောဘာသာ တစ်ခုတည်းရှိ
မျှော်လင့်ခြင်းတစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ နှစ်ခြင်းတစ်ပါး။ ဧ ၄:၅၊ ၁၃
တပည့်ဖြစ်စေရန် တာဝန်ပေးအပ်ခံရ။ မ ၂၈:၁၉; တ ၈:၁၂; ၁၄:၂၁
အသီးအားဖြင့် ခွဲခြားသိနိုင်။ မ ၇:၁၉၊ ၂၀; လု ၆:၄၃၊ ၄၄; ယဟ ၁၅:၈
အချင်းချင်းမေတ္တာရှိ၊ သဘောတူညီမှုရှိ။ ယဟ ၁၃:၃၅; ၁က ၁:၁၀; ၁ယ ၄:၂၀
ခ။ မှားယွင်းသောအယူဝါဒများ အသေအချာရှုတ်ချခံရ
မှားယွင်းသောအယူဝါဒများကို ယေရှု ရှုတ်ချခဲ့။ မ ၂၃:၁၅၊ ၂၃၊ ၂၄; ၁၅:၄-၉
ဉာဏ်အလင်းဖုံးကွယ်ခံရသူများကို ကာကွယ်ရန် ထိုသို့လုပ်ခဲ့။ မ ၁၅:၁၄
ထိုသူတို့ ယေရှု၏တပည့်များဖြစ်လာရန် အမှန်တရားက လွှတ်ပေးခဲ့။ ယဟ ၈:၃၁၊ ၃၂
ဂ။ မိမိ၏ဘာသာ မှားကြောင်းထင်ရှားလျှင် ဘာသာပြောင်းဖို့လိုအပ်
အမှန်တရားသည် လွတ်စေနိုင်၊ များစွာသောဘာသာတို့ မှားကြောင်းထောက်ပြနိုင်။ ယဟ ၈:၃၁၊ ၃၂
အစ္စရေးလူမျိုးနှင့် အခြားလူမျိုးတို့သည် ယခင် ဝတ်ပြုရေးကို စွန့်ခဲ့ကြ။ ယရ ၂၄:၁၅; ၄ရ ၅:၁၇
ရှေးခရစ်ယာန်တို့သည် အမြင်သဘောထားများ ပြောင်းခဲ့ကြ။ ဂ ၁:၁၃၊ ၁၄; တ ၃:၁၇၊ ၁၉
ပေါလုသည် သူ၏ဘာသာကိုပြောင်းခဲ့။ တ ၂၆:၄-၆
တစ်လောကလုံးလှည့်ဖြားခံရ၊ စိတ်သဘောကို ပြောင်းလဲရမည်။ ဗ ၁၂:၉; ရ ၁၂:၂
ဃ။ “ဘာသာအားလုံးတွင် ကောင်းသည့်အချက်ရှိ” ပုံရသော်လည်း ယင်းက ဘုရားသခင့် မျက်နှာသာကို မရစေနိုင်
ကိုးကွယ်မှုစံနှုန်းကို ဘုရားသခင်သတ်မှတ်။ ယဟ ၄:၂၃၊ ၂၄; ယာ ၁:၂၇
ဘုရားသခင် အလိုရှိသည်အတိုင်း မဟုတ်လျှင် မကောင်း။ ရ ၁၀:၂၊ ၃
“ကောင်းသောအလုပ်များ” ငြင်းပယ်ခံရနိုင်။ မ ၇:၂၁-၂၃
အသီးအားဖြင့် ခွဲခြားသိနိုင်။ မ ၇:၂၀
၂၀။ ဘိုးဘေးကိုးကွယ်မှု
က။ ဘိုးဘေးကိုးကွယ်မှုသည် အချည်းနှီးသာ
ဘိုးဘေးတို့သည် သေဆုံးပြီဖြစ်၍ သိစိတ်မရှိတော့။ ဒေ ၉:၅၊ ၁၀
ကနဦးဘိုးဘေးတို့သည် ကိုးကွယ်ခံရဖို့မထိုက်။ ရ ၅:၁၂၊ ၁၄; ၁တိ ၂:၁၄
ယင်းသို့သောကိုးကွယ်မှုကို ဘုရားသခင်မြစ်တား။ ထွ ၃၄:၁၄; မ ၄:၁၀
ခ။ လူတို့ကို လေးစားဂုဏ်တင်နိုင်သော်လည်း ဘုရားသခင်ကိုသာ ကိုးကွယ်ရ
လူကြီးတို့ကို လူငယ်တို့ရိုသေလေးစားသင့်။ ၁တိ ၅:၁၊ ၂၊ ၁၇; ဧ ၆:၁-၃
သို့သော် ဘုရားသခင် တစ်ပါးတည်းသာ ကိုးကွယ်ရာ။ တ ၁၀:၂၅၊ ၂၆; ဗ ၂၂:၈၊ ၉
၂၁။ မာရိကိုးကွယ်မှု
က။ မာရိသည် ယေရှု၏မိခင်ဖြစ်၊ “ဘုရားသခင်၏မိခင်” မဟုတ်
ဘုရားသခင်သည် အစမရှိ။ ဆ ၉၀:၂; ၁တိ ၁:၁၇
မာရိသည် ဘုရားသခင့်သားတော်၏ မြေကြီးဘဝမိခင်ဖြစ်။ လု ၁:၃၅
ခ။ မာရိသည် “အစဉ်အမြဲ အပျိုကညာ” မဟုတ်
ယောသပ်နှင့် ထိမ်းမြားခဲ့။ မ ၁:၁၉၊ ၂၀၊ ၂၄၊ ၂၅
ယေရှုအပြင် အခြားသားသမီးများလည်းရှိခဲ့။ မ ၁၃:၅၅၊ ၅၆; လု ၈:၁၉-၂၁
ထိုစဉ်က သူတို့သည် ယေရှု၏ “ဝိညာဏညီများ” မဟုတ်ခဲ့။ ယဟ ၇:၃၊ ၅
၂၂။ မာရ်နတ်၊ နတ်ဆိုးများ
က။ မာရ်နတ်သည် နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးဖြစ်
လူတစ်ဦး၏အတွင်းမှ အဆိုးတရားမဟုတ်၊ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးဖြစ်။ ၂တိ ၂:၂၆
မာရ်နတ်သည် ကောင်းကင်တမန်များကဲ့သို့ပင် ပုဂ္ဂိုလ်တစ်ဦးဖြစ်။ မ ၄:၁၊ ၁၁; ယဘ ၁:၆
မှားယွင်းသောဆန္ဒဖြင့် မိမိကိုယ်ကို မာရ်နတ်ဖြစ်စေခဲ့။ ယာ ၁:၁၃-၁၅
ခ။ မာရ်နတ်သည် ဤလောက၏ မမြင်နိုင်သောမင်းဖြစ်
ဘုရားတစ်ဆူအဖြစ် လောကကြီးကိုချုပ်ကိုင်ထား။ ၂က ၄:၄; ၁ယ ၅:၁၉; ဗ ၁၂:၉
အရေးကိစ္စရှင်းပြီးသည့်အထိ ချမ်းသာပေးထား။ ထွ ၉:၁၆; ယဟ ၁၂:၃၁
တွင်းနက်ထဲချပစ်မည်၊ ၎င်းနောက် ဖျက်ဆီးပစ်မည်။ ဗ ၂၀:၂၊ ၃၊ ၁၀
ဂ။ နတ်ဆိုးတို့သည် ပုန်ကန်သော ကောင်းကင်တမန်များဖြစ်
ရေလွှမ်းမိုးခြင်းမတိုင်မီက စာတန်နှင့်ပူးပေါင်းခဲ့ကြ။ က ၆:၁၊ ၂; ၁ပ ၃:၁၉၊ ၂၀
သိက္ခာမရှိတော့၊ အလင်းတရားဟူသရွေ့မှ ဖြတ်တောက်ခံရ။ ၂ပ ၂:၄; ယု ၆
ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်၊ လူတို့ကို ဖိနှိပ်ချုပ်ချယ်။ လု ၈:၂၇-၂၉; ဗ ၁၆:၁၃၊ ၁၄
စာတန်နှင့်အတူ ဖျက်ဆီးခံရကြမည်။ မ ၂၅:၄၁; လု ၈:၃၁; ဗ ၂၀:၂၊ ၃၊ ၁၀
၂၃။ ယေရှု
က။ ယေရှုသည် ဘုရားသခင့်သားတော်နှင့် ဘိသိက်ခံမင်းဖြစ်
ဘုရားသခင့်သားဦးဖြစ်၊ အခြားအရာခပ်သိမ်းကို ဖန်ဆင်းရန် အသုံးတော်ခံခဲ့။ ဗ ၃:၁၄; ကော ၁:၁၅-၁၇
မိန်းမမှမွေးသော လူတစ်ဦးဖြစ်ခဲ့၊ ကောင်းကင်တမန်ထက်နိမ့်။ ဂ ၄:၄; ဗြဲ ၂:၉
ကောင်းကင်သို့ ပြန်ရောက်ရန် ကြိုတင်စီမံထားမှုနှင့် ဘုရားသခင့်စွမ်းအားတော်ဖြင့် မွေးဖွားခံရ။ မ ၃:၁၆၊ ၁၇
လူသားမတိုင်မီဘဝကထက် ရာထူးပိုချီးမြှင့်ခံရ။ ဖိ ၂:၉၊ ၁၀
ခ။ ကယ်တင်ခြင်းရရန် ယေရှုခရစ်ကို မုချယုံကြည်ရမည်
ခရစ်တော်သည် အာဗြဟံ၏ ကတိထားရာ အမျိုးအနွယ်ဖြစ်။ က ၂၂:၁၈; ဂ ၃:၁၆
ယေရှုသည် တစ်ပါးတည်းသော ယဇ်ပုရောဟိတ်မင်းကြီးဖြစ်၊ ရွေးနုတ်ဖိုးဖြစ်။ ၁ယ ၂:၁၊ ၂; ဗြဲ ၇:၂၅၊ ၂၆; မ ၂၀:၂၈
ဘုရားသခင်နှင့် ခရစ်တော်တို့ကိုသိကျွမ်းပြီး နာခံလျှင် အသက်ရမည်။ ယဟ ၁၇:၃; တ ၄:၁၂
ဂ။ ယေရှုကိုယုံကြည်ရုံနှင့် မလုံလောက်
ယုံကြည်ခြင်းသည် အလုပ်နှင့်ဒွန်တွဲနေရမည်။ ယာ ၂:၁၇-၂၆; ၁:၂၂-၂၅
ယေရှု၏အမိန့်များကို နာခံရမည်၊ ကိုယ်တော်လုပ်ခဲ့သည့်အလုပ်ကို လုပ်ရမည်။ ယဟ ၁၄:၁၂၊ ၁၅; ၁ယ ၂:၃
သခင်၏နာမကို အသုံးပြုသူတိုင်း နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်။ မ ၇:၂၁-၂၃
၂၄။ ယေဟောဝါ၊ ဘုရားသခင်
က။ ဘုရားသခင့် နာမတော်
“ဘုရားသခင်” ဟူသည် ယေဘုယျ စကားရပ်ဖြစ်၊ ဘုရားသခင်၌ ကိုယ်ပိုင်နာမရှိ။ ၁က ၈:၅၊ ၆
ကိုယ်တော်၏နာမတော် ရိုသေလေးမြတ်ဖို့ ကျွန်ုပ်တို့ဆုတောင်း။ မ ၆:၉၊ ၁၀
ယေဟောဝါဟူသည် ဘုရားသခင့်နာမဖြစ်။ ဆ ၈၃:၁၈; ထွ ၆:၂၊ ၃; ၃:၁၅; ရှာ ၄၂:၈
ယုဒသန်ကျမ်းတွင် ယေ ၃၃:၂ ၌နာမတော်ကိုတွေ့ရ။ ဆ ၈၃:၁၈; ရှာ ၁၂:၂; ၂၆:၄
ယေရှုသည် ဘုရားသခင့်နာမတော်ကို ကြေညာခဲ့။ ယဟ ၁၇:၆၊ ၂၆; ၅:၄၃; ၁၂:၁၂၊ ၁၃၊ ၂၈
ခ။ ဘုရားသခင်၏ တည်ရှိခြင်း
ဘုရားသခင်ကိုမြင်ပြီး ဆက်အသက်ရှင်ရန် မဖြစ်နိုင်။ ထွ ၃၃:၂၀; ယဟ ၁:၁၈; ၁ယ ၄:၁၂
ဘုရားသခင်ကိုယုံကြည်ဖို့ တွေ့မြင်ရန်မလို။ ဗြဲ ၁၁:၁; ရ ၈:၂၄၊ ၂၅; ၁၀:၁၇
မြင်တွေ့ရသော လက်ရာတော်များဖြင့် ဘုရားသခင် ကိုသိနိုင်။ ရ ၁:၂၀; ဆ ၁၉:၁၊ ၂
ပရောဖက်ပြုချက်ပြည့်စုံခြင်းက ဘုရားသခင်ရှိကြောင်း သက်သေထူ။ ရှာ ၄၆:၈-၁၁
ဂ။ ဘုရားသခင့် ဂုဏ်တော်များ
ဘုရားသခင်သည် မေတ္တာဖြစ်။ ၁ယ ၄:၈၊ ၁၆; ထွ ၃၄:၆; ၂က ၁၃:၁၁; မိ ၇:၁၈
ဉာဏ်ပညာတော်ကို မည်သူမျှ မယှဉ်နိုင်။ ယဘ ၁၂:၁၃; ရ ၁၁:၃၃; ၁က ၂:၇
တရားတော်မူ၊ တရားမျှတခြင်းကိုကျင့်သုံး။ တရ ၃၂:၄; ဆ ၃၇:၂၈
အနန္တတန်ခိုးရှင်ဖြစ်၊ အလုံးစုံသောတန်ခိုးနှင့်ပြည့်စုံ။ ယဘ ၃၇:၂၃; ဗ ၇:၁၂; ၄:၁၁
ဃ။ လူအားလုံး ဘုရားသခင်တစ်ဆူတည်းကို ဝတ်ပြုနေကြသည်မဟုတ်
ကောင်းသည်ထင်ရသောလမ်းစဉ်တိုင်း မှန်သည်မဟုတ်။ သု ၁၆:၂၅; မ ၇:၂၁
လမ်းနှစ်လမ်းရှိ၊ တစ်လမ်းတည်းသာ အသက်သို့ပို့ဆောင်။ မ ၇:၁၃၊ ၁၄; တရ ၃၀:၁၉
ဘုရားအများရှိသော်လည်း မှန်သောဘုရားသခင်တစ်ဆူတည်းရှိ။ ၁က ၈:၅၊ ၆; ဆ ၈၂:၁
အသက်ရဖို့အတွက် မှန်သောဘုရားသခင်ကို မုချသိဖို့လို။ ယဟ ၁၇:၃; ၁ယ ၅:၂၀
၂၅။ ယေဟောဝါသက်သေများ
က။ ယေဟောဝါသက်သေများ၏ မူလဇာစ်မြစ်
ယေဟောဝါသည် မိမိ၏သက်သေများကို ရွေးချယ်သတ်မှတ်။ ရှာ ၄၃:၁၀-၁၂; ယေ ၁၅:၁၆
သစ္စာရှိသက်သေခံများသည် အာဗေလမှစတင်ခဲ့။ ဗြဲ ၁၁:၄၊ ၃၉; ၁၂:၁
ယေရှုသည် သစ္စာရှိ၍ ဟုတ်မှန်သောသက်သေခံဖြစ်။ ယဟ ၁၈:၃၇; ဗ ၁:၅; ၃:၁၄
၂၆။ ယုံကြည်ကိုးကွယ်မှုရောနှောခြင်း
က။ အခြားဘာသာများနှင့်ပူးပေါင်းခြင်းသည် ဘုရားလမ်းစဉ်မဟုတ်
လမ်းတစ်လမ်းတည်းရှိ၊ ကျဉ်းမြောင်းပြီး တွေ့သူနည်း။ ဧ ၄:၄-၆; မ ၇:၁၃၊ ၁၄
မှားသောအယူဝါဒတို့သည် ညစ်ညမ်းစေတတ်ကြောင်း သတိပေးထား။ မ ၁၆:၆၊ ၁၂; ဂ ၅:၉
သီးခြားနေရန်ပညတ်ထား။ ၂တိ ၃:၅; ၂က ၆:၁၄-၁၇; ဗ ၁၈:၄
ခ။ “ဘာသာတရားတိုင်းကောင်း” သည်ဟူသောအယူ မမှန်
အချို့စိတ်အားထက်သန်ကြသော်လည်း ဘုရားစိတ်တော်နှင့်မကိုက်ညီ။ ရ ၁၀:၂၊ ၃
မကောင်းမှုက ကျန်သောကောင်းသည့်အပိုင်းကိုပါ ဖျက်ဆီး။ ၁က ၅:၆; မ ၇:၁၅-၁၇
ဆရာအတုအယောင်တို့သည် ပျက်စီးခြင်းကိုဖြစ်စေ။ ၂ပ ၂:၁; မ ၁၂:၃၀; ၁၅:၁၄
သန့်ရှင်းသော ကိုးကွယ်မှုတွင် အကြွင်းမဲ့ဆည်းကပ်မှုရှိရ။ တရ ၆:၅၊ ၁၄၊ ၁၅
၂၇။ ရောဂါကုသခြင်း၊ ဘာသာစကားအမျိုးမျိုးပြောခြင်း
က။ ဝိညာဏကုသခြင်းသည် တည်မြဲသောအကျိုးများဖြစ်စေ
ဝိညာဏဖျားနာမှုသည် ပျက်စီးစေတတ်။ ရှာ ၁:၄-၆; ၆:၁၀; ဟော ၄:၆
ဝိညာဏကုသခြင်းသည် အဓိကလုပ်ငန်းတာဝန်ဖြစ်။ ယဟ ၆:၆၃; လု ၄:၁၈
အပြစ်ကိုပယ်ရှား၊ ပျော်ရွှင်မှုနှင့်အသက်ကိုပေးစွမ်း။ ယာ ၅:၁၉၊ ၂၀; ဗ ၇:၁၄-၁၇
ခ။ ဘုရားသခင့်နိုင်ငံတော်သည် တည်မြဲသော ကာယကျန်းမာမှုကို ဖြစ်စေအံ့
ယေရှုသည် လူနာများကိုကုသပေးပြီး နိုင်ငံတော်ကောင်းချီးများအကြောင်းဟောခဲ့။ မ ၄:၂၃
နိုင်ငံတော်သည် တည်မြဲသော ရောဂါပျောက်ကင်းမှုနည်းလမ်းဖြစ်ကြောင်း ကတိပြုထား။ မ ၆:၁၀; ရှာ ၉:၇
သေခြင်းကိုပင် ပပျောက်စေအံ့။ ၁က ၁၅:၂၅၊ ၂၆; ဗ ၂၁:၄; ၂၀:၁၄
ဂ။ မျက်မှောက်ခေတ် ယုံကြည်ခြင်းကုထုံးကို ဘုရားသခင် သဘောကျသည့် အထောက်အထားမရှိ
တပည့်တော်တို့သည် မိမိတို့ကိုယ်ကို အံ့သြဖွယ်နည်းနှင့် မကုသခဲ့ကြ။ ၂က ၁၂:၇-၉; ၁တိ ၅:၂၃
တမန်တော်များလက်ထက်အပြီးတွင် အံ့သြဖွယ်ဆုကျေးဇူးများ ပြီးဆုံးသွားခဲ့။ ၁က ၁၃:၈-၁၁
ရောဂါကုနိုင်ခြင်းသည် ဘုရားမျက်နှာသာရသည့် သေချာသောအထောက်အထားမဟုတ်။ မ ၇:၂၂၊ ၂၃; ၂သ ၂:၉-၁၁
ဃ။ ဘာသာစကား အမျိုးမျိုးပြောခြင်းသည် ယာယီအစီအစဉ်သာဖြစ်
လက္ခဏာသက်သေဖြစ်၊ သာ၍မြတ်သောဆုကျေးဇူးကို ရှာဖို့လို။ ၁က ၁၄:၂၂; ၁၂:၃၀၊ ၃၁
စွမ်းအားတော်၏ အံ့သြဖွယ်ဆုကျေးဇူးများ ပြီးဆုံးမည်ဟုကြိုပြောထား။ ၁က ၁၃:၈-၁၀
အံ့ဖွယ်လုပ်ရပ်များသည် ဘုရားမျက်နှာသာရသည့် သေချာသောအထောက်အထားမဟုတ်။ မ ၇:၂၂၊ ၂၃; ၂၄:၂၄
၂၈။ ရုပ်တုဆင်းတုများ
က။ ရုပ်တုဆင်းတုများ၊ ရုပ်ပွားများကို ဝတ်ပြုကိုးကွယ်ရေး၌ အသုံးပြုခြင်းသည် ဘုရားသခင်ကို ရှုတ်ချရာကျ
ဘုရားသခင်၏ရုပ်တုကို မည်သို့မျှ မပြုလုပ်နိုင်။ ၁ယ ၄:၁၂; ရှာ ၄၀:၁၈; ၄၆:၅; တ ၁၇:၂၉
ရုပ်တုကိုရှောင်ရန် ခရစ်ယာန်တို့အား သတိပေးထား။ ၁က ၁၀:၁၄; ၁ယ ၅:၂၁
ဘုရားကို စွမ်းအားတော်၏ လမ်းပြမှုနှင့်လည်းကောင်း၊ အမှန်တရားနှင့်လည်းကောင်း ကိုးကွယ်ရ။ ယဟ ၄:၂၄
ခ။ ရုပ်တုကိုးကွယ်ခြင်းသည် အစ္စရေးလူမျိုးအတွက် ပျက်စီးဆုံးရှုံးမှုကြီး ဖြစ်စေခဲ့
ရုပ်တုကိုးကွယ်ခြင်းမပြုရန် ဂျူးလူမျိုးကို တားမြစ်ထား။ ထွ ၂၀:၄၊ ၅
နားမကြားနိုင်၊ စကားမပြောနိုင်၊ ထုလုပ်သူတို့သည် ရုပ်တုများနှင့်တူ။ ဆ ၁၁၅:၄-၈
ကျော့ကွင်း၊ ပျက်စီးခြင်းကို ဖြစ်စေခဲ့။ ဆ ၁၀၆:၃၆၊ ၄၀-၄၂; ယေ ၂၂:၈၊ ၉
ဂ။ “တစ်ဆင့်ခံ” ဝတ်ပြုကိုးကွယ်ခြင်း ခွင့်ပြုချက်မရှိ
ဘုရားသခင်သည် မိမိအား “တစ်ဆင့်ခံ” ကိုးကွယ်ခြင်းကို လက်မခံ။ ရှာ ၄၂:၈
ဘုရားတစ်ပါးတည်းသာ “ပတ္ထနာစကားကိုနားထောင်။” ဆ ၆၅:၁၊ ၂
၂၉။ ရွေးနုတ်ဖိုး
က။ ယေရှု၏ လူ့အသက်ကို ‘အားလုံးအတွက်ရွေးနုတ်ဖိုး’ အဖြစ်ပေးခဲ့
ယေရှုသည် မိမိအသက်ကို ရွေးနုတ်ဖိုးအဖြစ် ပေးခဲ့။ မ ၂၀:၂၈
သွန်းသောအသွေး၏တန်ဖိုးသည် အပြစ်လွှတ်ခြင်းအတွက် အဖိုးအခဖြစ်။ ဗြဲ ၉:၁၄၊ ၂၂
တစ်ခါတည်းပူဇော်ခြင်းဖြင့် အခါခပ်သိမ်းအတွက်လုံလောက်။ ရ ၆:၁၀; ဗြဲ ၉:၂၆
အကျိုးအာနိသင်သည် အလိုအလျောက်ရသည်မဟုတ်၊ အသိအမှတ်ပြုရမည်။ ယဟ ၃:၁၆
ခ။ ညီမျှသောအဖိုးအခဖြစ်
အာဒံသည် စုံလင်စွာဖန်ဆင်းခံရ။ တရ ၃၂:၄; ဒေ ၇:၂၉; က ၁:၃၁
အပြစ်ပြုခြင်းကြောင့် မိမိကိုယ်တိုင်နှင့် သားသမီးတို့၏ စုံလင်မှုဆုံးရှုံး။ ရ ၅:၁၂၊ ၁၈
သားသမီးတို့သည် အကူအညီမဲ့ဖြစ်နေ၊ အာဒံနှင့်အတိအကျ ညီမျှသောလူလိုအပ်။ ဆ ၄၉:၇; တရ ၁၉:၂၁
ယေရှု၏ စုံလင်သောလူ့အသက်သည် ရွေးနုတ်ဖိုးဖြစ်။ ၁တိ ၂:၅၊ ၆; ၁ပ ၁:၁၈၊ ၁၉
၃၀။ ရှင်ပြန်ထမြောက်ခြင်း
က။ လူသေတို့အတွက် မျှော်လင့်ချက်
သင်္ချိုင်းများတွင်ရှိသူအားလုံး ထမြောက်မည်။ ယဟ ၅:၂၈၊ ၂၉
ယေရှု၏ရှင်ပြန်ထမြောက်ခြင်းက အာမခံချက်ဖြစ်။ ၁က ၁၅:၂၀-၂၂; တ ၁၇:၃၁
စွမ်းအားတော်ကိုပြစ်မှားသူတို့ ထမြောက်မည်မဟုတ်။ မ ၁၂:၃၁၊ ၃၂
ယုံကြည်ခြင်းပြသသူတို့ ထမြောက်မည်ဟု ကတိပေးထား။ ယဟ ၁၁:၂၅
ခ။ ကောင်းကင် သို့မဟုတ် မြေကြီးပေါ် အသက်တာသို့ ရှင်ပြန်ထမြောက်ကြမည်
အာဒံကြောင့် လူအားလုံးသေကြ၊ ယေရှုကြောင့် အသက်ရကြ။ ၁က ၁၅:၂၀-၂၂; ရ ၅:၁၉
ရှင်ပြန်ထမြောက်သူတို့၏ သဘာဝချင်းမတူ။ ၁က ၁၅:၄၀၊ ၄၂၊ ၄၄
ယေရှုနှင့်အတူရှိသူတို့သည် ယေရှုကဲ့သို့ဖြစ်မည်။ ၁က ၁၅:၄၉; ဖိ ၃:၂၀၊ ၂၁
မအုပ်ချုပ်သူများသည် မြေကြီးပေါ်နေကြမည်။ ဗ ၂၀:၄ခ၊ ၅၊ ၁၃; ၂၁:၃၊ ၄
၃၁။ လက်ဝါးကပ်တိုင်
က။ ယေရှုသည် ကွပ်မျက်ရာသစ်တိုင်တွင် အရှက်တကွဲနှင့် ချိတ်ဆွဲခံရ
ယေရှုသည် ကွပ်မျက်ရာသစ်တိုင် တစ်တိုင်ပေါ်တွင် ချိတ်ဆွဲခံရ။ တ ၅:၃၀; ၁၀:၃၉; ဂ ၃:၁၃
ခရစ်ယာန်တို့သည် အရှက်ခွဲခံရသည့်အနေနှင့် သစ်တိုင်ကိုထမ်းရမည်။ မ ၁၀:၃၈; လု ၉:၂၃
ခ။ ၎င်းကို မကိုးကွယ်သင့်
ယေရှုအသေခံရာ သစ်တိုင်ကို ဝင့်ဝါပြသခြင်းသည် ကိုယ်တော်အား ရှုတ်ချခြင်းဖြစ်။ ဗြဲ ၆:၆; မ ၂၇:၄၁၊ ၄၂
လက်ဝါးကပ်တိုင်ကို ဝတ်ပြုရေးတွင် အသုံးပြုခြင်းသည် ရုပ်တုကိုးကွယ်ခြင်းဖြစ်။ ထွ ၂၀:၄၊ ၅; ယေ ၁၀:၃-၅
ယေရှုသည် နာမ်ဝိညာဉ်ဖြစ်၊ သစ်တိုင်ပေါ်၌ မရှိတော့။ ၁တိ ၃:၁၆; ၁ပ ၃:၁၈
၃၂။ သတိရအောက်မေ့ပွဲ၊ မားစ် (မစ္ဆား) ပွဲ
က။ သခင့်ညစာစားပွဲ အထိမ်းအမှတ်
တစ်နှစ်တစ်ခါ ပသခါပွဲနေ့တွင်ကျင်းပ။ လု ၂၂:၁၊ ၁၇-၂၀; ထွ ၁၂:၁၄
ခရစ်တော်၏ ယဇ်သကာအဖြစ် အသေခံခြင်းကို အထိမ်းအမှတ်အဖြစ်ကျင်းပ။ ၁က ၁၁:၂၆; မ ၂၆:၂၈
ကောင်းကင်မျှော်လင့်ချက်ရှိသူတို့ ပါဝင်စားသုံး။ လု ၂၂:၂၉၊ ၃၀; ၁၂:၃၂၊ ၃၇
လူတစ်ဦး ထိုသို့သောမျှော်လင့်ချက်ရှိကြောင်းသိနိုင်ပုံ။ ရ ၈:၁၅-၁၇
ခ။ မားစ် (မစ္ဆား) ပွဲ ကျမ်းစာနှင့်မညီ
သွေးသွန်းခြင်းရှိမှ အပြစ်လွှတ်ခြင်းရှိ။ ဗြဲ ၉:၂၂
ခရစ်တော်သည် ပဋိညာဉ်သစ်၏ တစ်ပါးတည်းသော ဖျန်ဖြေစေ့စပ်သူဖြစ်။ ၁တိ ၂:၅၊ ၆; ယဟ ၁၄:၆
ခရစ်တော်သည် ကောင်းကင်တွင်ရှိ၊ ဘုန်းကြီးကခေါ်မချနိုင်။ တ ၃:၂၀၊ ၂၁
ခရစ်တော်၏ပူဇော်သကာကို ထပ်ခါထပ်ခါ ပူဇော်ဖို့မလို။ ဗြဲ ၉:၂၄-၂၆; ၁၀:၁၁-၁၄
၃၃။ သေခြင်းတရား
က။ သေရခြင်းအကြောင်းရင်း
လူသားတို့သည် စုံလင်သောအစရှိခဲ့၊ ထာဝရအသက်ရှင်ခြင်း မျှော်လင့်ချက်ရှိခဲ့။ က ၁:၂၈၊ ၃၁
မနာခံမှုကြောင့် သေဒဏ်စီရင်ခံရ။ က ၂:၁၆၊ ၁၇; ၃:၁၇၊ ၁၉
အပြစ်နှင့်သေခြင်းသည် အာဒံ၏သားသမီးအားလုံးထံ ကူးစက်။ ရ ၅:၁၂
ခ။ လူသေတို့၏အခြေအနေ
အာဒံသည် ပစီးခီး အဖြစ်ဖန်ဆင်းခံရ၊ ပစီးခီး ပေးအပ်ခြင်းခံရသည်မဟုတ်။ က ၂:၇; ၁က ၁၅:၄၅
ပစီးခီး ဖြစ်သောလူသည် သေရ။ ယဇ ၁၈:၄; ရှာ ၅၃:၁၂; ယဘ ၁၁:၂၀
လူသေတို့သည် သိစိတ်မရှိ၊ ဘာကိုမျှမသိ။ ဒေ ၉:၅၊ ၁၀; ဆ ၁၄၆:၃၊ ၄
လူသေတို့သည် ရှင်ပြန်ထမြောက်ခြင်းကိုစောင့်မျှော်လျက် အိပ်ပျော်နေကြ။ ယဟ ၁၁:၁၁-၁၄၊ ၂၃-၂၆; တ ၇:၆၀
ဂ။ လူသေတို့နှင့် စကားမပြောနိုင်ပါ
လူသေတို့သည် ဘုရားသခင်ထံ၌ နာမ်ဝိညာဉ်များအဖြစ် အသက်ရှင်မနေကြ။ ဆ ၁၁၅:၁၇; ရှာ ၃၈:၁၈
လူသေတို့နှင့် စကားပြောရန်ကြိုးစားခြင်း မပြုဖို့ သတိပေးထား။ ရှာ ၈:၁၉; ဝ ၁၉:၃၁
နတ်ဝင်သည်များနှင့် ဗေဒင်ဆရာများကို ရှုတ်ချထား။ တရ ၁၈:၁၀-၁၂; ဂ ၅:၁၉-၂၁
၃၄။ သက်သေခံခြင်း
က။ ခရစ်ယာန်အားလုံး သက်သေခံရမည်၊ သတင်းကောင်းပြောရမည်
စိတ်တော်နှင့်တွေ့ရန် လူရှေ့သူရှေ့ ယေရှုကိုဝန်ခံရမည်။ မ ၁၀:၃၂
တရားတော်ကို ကျင့်သူဖြစ်ရမည်၊ ယုံကြည်ခြင်းကို ပြရမည်။ ယာ ၁:၂၂-၂၄; ၂:၂၄
လူသစ်တို့လည်း သင်ကြားပို့ချသူများ ဖြစ်ရမည်။ မ ၂၈:၁၉၊ ၂၀
လူထုရှေ့ကြေညာခြင်းသည် ကယ်တင်ခြင်းကိုဖြစ်စေနိုင်။ ရ ၁၀:၁၀
ခ။ အကြိမ်ကြိမ်ပြန်သွားရန်၊ အဆက်မပြတ် သက်သေခံနေရန်လို
အဆုံးရောက်မည်အကြောင်း သတိပေးရမည်။ မ ၂၄:၁၄
ယေရမိသည် ဂျေရုဆလင်မြို့ပျက်စီးမည့်အကြောင်းကို နှစ်ပေါင်းများစွာကြေညာခဲ့။ ယေ ၂၅:၃
ရှေးခရစ်ယာန်များကဲ့သို့ မရပ်တမ်း သက်သေခံရမည်။ တ ၄:၁၈-၂၀; ၅:၂၈၊ ၂၉
ဂ။ သွေးပြစ်ကင်းရန် သက်သေခံရမည်
ချဉ်းကပ်လာနေသော အဆုံးအကြောင်း သတိပေးရမည်။ ယဇ ၃၃:၇; မ ၂၄:၁၄
ပျက်ကွက်ပါက သွေးပြစ်မကင်း။ ယဇ ၃၃:၈၊ ၉; ၃:၁၈၊ ၁၉
ပေါလုသည် သမ္မာတရားကို အကုန်အစင် ဟောခဲ့သောကြောင့် သွေးပြစ်ကင်းခဲ့။ တ ၂၀:၂၆၊ ၂၇; ၁က ၉:၁၆
သက်သေခံသောသူကိုကော နားထောင်သောသူကိုပါ ကယ်တင်နိုင်။ ၁တိ ၄:၁၆; ၁က ၉:၂၂
၃၅။ သမ္မာကျမ်းစာ
က။ ဘုရားသခင့်တရားစကားတော်သည် မှုတ်သွင်းခံရ
ဘုရားသခင့်စွမ်းအားတော်လှုံ့ဆော်မှုဖြင့် လူတို့ရေးကြ။ ၂ပ ၁:၂၀၊ ၂၁
ပရောဖက်ပြုချက်ပါဝင်။ ဒံ ၈:၅၊ ၆၊ ၂၀-၂၂; လု ၂၁:၅၊ ၆၊ ၂၀-၂၂; ရှာ ၄၅:၁-၄
ကျမ်းစာတစ်အုပ်လုံးသည် စွမ်းအားတော်လှုံ့ဆော်ခံရပြီး အကျိုးပြု။ ၂တိ ၃:၁၆၊ ၁၇; ရ ၁၅:၄
ခ။ ကျွန်ုပ်တို့ခေတ်အတွက် လက်တွေ့ကျသော လမ်းညွှန်ဖြစ်
ကျမ်းစာမူများကို လျစ်လျူရှုခြင်းသည် အသက်အန္တရာယ်ရှိ။ ရ ၁:၂၈-၃၂
၎င်းကို လူ့အသိပညာနှင့် အစားမထိုးနိုင်။ ၁က ၁:၂၁၊ ၂၅; ၁တိ ၆:၂၀
ခွန်အားအကြီးဆုံးရန်သူကိုခုခံရန် လက်နက်ဖြစ်။ ဧ ၆:၁၁၊ ၁၂၊ ၁၇
လူသားတို့ကို မှန်သောလမ်းညွှန်ပြ။ ဆ ၁၁၉:၁၀၅; ၂ပ ၁:၁၉; သု ၃:၅၊ ၆
ဂ။ လူမျိုးအားလုံးအတွက် ရည်ရွယ်ပြီးရေးခဲ့
ကျမ်းစာရေးခြင်းသည် အရှေ့တိုင်းတွင်စတင်ခဲ့။ ထွ ၁၇:၁၄; ၂၄:၁၂၊ ၁၆; ၃၄:၂၇
ဥရောပသားများအတွက်သာ ဘုရားသခင်စီစဉ်ပေးသည်မဟုတ်။ ရ ၁၀:၁၁-၁၃; ဂ ၃:၂၈
လူအမျိုးမျိုးကို ဘုရားသခင်လက်ခံ။ တ ၁၀:၃၄၊ ၃၅; ရ ၅:၁၈; ဗ ၇:၉၊ ၁၀
၃၆။ သုံးပါးပေါင်းတစ်ဆူ
က။ ခမည်းတော်ဖြစ်သော ဘုရားသခင်သည် စကြဝဠာတွင် အကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်တစ်ပါးတည်းဖြစ်
ဘုရားသခင်သည် ပုဂ္ဂိုလ်သုံးပါးမဟုတ်။ တရ ၆:၄; မလ ၂:၁၀; မာ ၁၀:၁၈; ရ ၃:၂၉၊ ၃၀
သားတော်သည် ဖန်ဆင်းခံရ၊ ယခင်က ဘုရားသာတစ်ပါးတည်းရှိ။ ဗ ၃:၁၄; ကော ၁:၁၅; ရှာ ၄၄:၆
ဘုရားသခင်သည် စကြဝဠာကို အခါခပ်သိမ်း အုပ်စိုးသောအရှင်ဖြစ်။ ဖိ ၂:၅၊ ၆; ဒံ ၄:၃၅
ဘုရားသခင်ကို အရာခပ်သိမ်းထက် ချီးမြှောက်ရမည်။ ဖိ ၂:၁၀၊ ၁၁
ခ။ သားတော်သည် ကမ္ဘာသို့မလာမီနှင့် လာပြီးချိန်များတွင် ခမည်းတော်ထက်နိမ့်
သားတော်သည် ကောင်းကင်တွင် နာခံမှုရှိခဲ့၊ ခမည်းတော်၏ စေလွှတ်ခြင်း ခံရ။ ယဟ ၈:၄၂; ၁၂:၄၉
ကမ္ဘာပေါ်၌လည်း နာခံမှုရှိ၊ ခမည်းတော်သည် သာ၍ကြီးမြတ်။ ယဟ ၁၄:၂၈; ၅:၁၉; ဗြဲ ၅:၈
ကောင်းကင်တွင်ချီးမြှင့်ခံရ၊ သို့တိုင် လက်အောက်ခံနေရဆဲ။ ဖိ ၂:၉; ၁က ၁၅:၂၈; မ ၂၀:၂၃
ယေဟောဝါသည် ခရစ်တော်၏ဦးခေါင်းနှင့် ဘုရားသခင်ဖြစ်။ ၁က ၁၁:၃; ယဟ ၂၀:၁၇; ဗ ၁:၆
ဂ။ ဘုရားသခင်နှင့် ခရစ်တော်တို့၏ တစ်လုံးတစ်ဝတည်းရှိမှု
အစဉ်အမြဲ စိတ်တူသဘောတူရှိ။ ယဟ ၈:၂၈၊ ၂၉; ၁၄:၁၀
လင်နှင့်မယား တစ်သားတစ်ကိုယ်တည်း ရှိသကဲ့သို့ဖြစ်။ ယဟ ၁၀:၃၀; မ ၁၉:၄-၆
ယုံကြည်သူအားလုံးလည်း ထိုသို့စည်းလုံးရ။ ယဟ ၁၇:၂၀-၂၂; ၁က ၁:၁၀
ခရစ်တော်မှတစ်ဆင့် ယေဟောဝါကိုကိုးကွယ်ခြင်း တစ်ခုတည်းသာ ထာဝရတည်ရှိမည်။ ယဟ ၄: ၂၃၊ ၂၄
ဃ။ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်သည် ကိုယ်တော့်လှုပ်ရှားတတ်သော စွမ်းအားဖြစ်
စွမ်းအားဖြစ်၊ ပုဂ္ဂိုလ်မဟုတ်။ မ ၃:၁၆; ယဟ ၂၀:၂၂; တ ၂:၄၊ ၁၇၊ ၃၃
ကောင်းကင်တွင် ဘုရားသခင်၊ ခရစ်တော်တို့နှင့်အတူရှိသော ပုဂ္ဂိုလ်တစ်ပါးမဟုတ်။ တ ၇:၅၅၊ ၅၆; ဗ ၇:၁၀
ဘုရားသခင်သည် မိမိရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန် ၎င်းကိုညွှန်ကြား။ ဆ ၁၀၄:၃၀; ၁က ၁၂:၄-၁၁
ဘုရားသခင်ကိုဝတ်ပြုသူတို့ ၎င်းကိုရရှိ၊ ၎င်း၏လမ်းညွှန်မှုခံရ။ ၁က ၂:၁၂၊ ၁၃; ဂ ၅:၁၆
၃၇။ သွေး
က။ သွေးသွင်းခြင်းသည် သွေး၏မြင့်မြတ်မှုကို ပမာမခန့်ပြုရာရောက်
သွေးသည် မြင့်မြတ်ကြောင်း၊ အသက်ဖြစ်ကြောင်း နောဧမှာကြားခံရ။ က ၉:၄၊ ၁၆
ပညတ်ပဋိညာဉ်က သွေးစားခြင်းကို တားမြစ်။ ဝ ၁၇:၁၄; ၇:၂၆၊ ၂၇
ခရစ်ယာန်တို့ကိုလည်း တားမြစ်ထား။ တ ၁၅:၂၈၊ ၂၉; ၂၁:၂၅
ခ။ အသက်ကယ်ခြင်းကို အကြောင်းပြ၍ ဘုရားသခင့်ပညတ်ကို ချိုးဖောက်ခွင့်မရှိ
နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် သာ၍ကောင်း။ ၁ရ ၁၅:၂၂; မာ ၁၂:၃၃
ဘုရားသခင့်ပညတ်ထက် ကိုယ့်အသက်ကိုဦးစားပေးခြင်းသည် အန္တရာယ်ကြီး။ မာ ၈:၃၅၊ ၃၆
၃၈။ ဟာ-မဂေဒုန် (အာမဂေဒုန်)
က။ ဆိုးသွမ်းမှုကိုအဆုံးသတ်မည့် ဘုရားသခင့်စစ်ပွဲ
လူမျိုးတို့သည် အာမဂေဒုန်သို့ စုဝေးနေကြ။ ဗ ၁၆:၁၄၊ ၁၆
သားတော်နှင့် ကောင်းကင်တမန်တို့ကိုသုံးပြီး ဘုရားသခင်တိုက်ခိုက်။ ၂သ ၁:၆-၉; ဗ ၁၉:၁၁-၁၆
ကျွန်ုပ်တို့ ကပ်ကျော်နိုင်သည့်နည်း။ ဇေ ၂:၂၊ ၃; ဗ ၇:၁၄
ခ။ ဘုရားသခင့်မေတ္တာတော်ကို မချေဖျက်
လောကသည် အလွန့်အလွန်ယိုယွင်းနေ။ ၂တိ ၃:၁-၅
ဘုရားသခင်စိတ်ရှည်၊ သို့သော် တရားမျှတခြင်းကြောင့် အရေးယူရန်လို။ ၂ပ ၃:၉၊ ၁၅; လု ၁၈:၇၊ ၈
ဖြောင့်မတ်သူများ ကြီးပွားချမ်းသာနိုင်ရန် လူဆိုးတို့ကို ဖယ်ရှားရ။ သု ၂၁:၁၈; ဗ ၁၁:၁၈
၃၉။ အခါကြီးရက်ကြီးများ၊ မွေးနေ့များ
က။ မွေးနေ့နှင့် ခရစ္စမတ်ပွဲတို့ကို ရှေးခရစ်ယာန်များ မကျင်းပခဲ့
စစ်မှန်သောကိုးကွယ်ဝတ်ပြုသူ မဟုတ်သူများသာ ကျင်းပကြ။ က ၄၀:၂၀; မ ၁၄:၆
ယေရှုအသေခံရသောနေ့ကို အမှတ်တရကျင်းပရ။ လု ၂၂:၁၉၊ ၂၀; ၁က ၁၁:၂၅၊ ၂၆
ဆူညံမြူးထူးသည့်ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းသည် မမှန်ကန်။ ရ ၁၃:၁၃; ဂ ၅:၂၁; ၁ပ ၄:၃
၄၀။ အတိုက်အခံပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း
က။ ခရစ်ယာန်တို့ အတိုက်အခံပြုခြင်း ရင်ဆိုင်ရသည့်အကြောင်းရင်း
ယေရှုသည် အမုန်းခံရ၊ အတိုက်အခံပြုခြင်း ကြုံရမည်ကြိုပြောခဲ့။ ယဟ ၁၅:၁၈-၂၀; မ ၁၀:၂၂
မှန်ကန်သောမူများကို လိုက်လျှောက်ခြင်းဖြင့် လောကကိုစွဲချက်တင်။ ၁ပ ၄:၁၊ ၄၊ ၁၂၊ ၁၃
ဤလောကစနစ်၏ဘုရား စာတန်သည် နိုင်ငံတော်ကိုဆန့်ကျင်။ ၂က ၄:၄; ၁ပ ၅:၈
ခရစ်ယာန်တို့သည် မကြောက်၊ ဘုရားသခင့် အားပေးထောက်မမှုရ။ ရ ၈:၃၈၊ ၃၉; ယာ ၄:၈
ခ။ ဇနီးသည်အနေဖြင့် မိမိအား ဘုရားသခင်နှင့် ဝေးကွာသွားအောင် ခင်ပွန်းသည်လုပ်သည်ကို ခွင့်မပြုသင့်
ကြိုတင်သတိပေးထား၊ အခြားသူများ သူ့ကိုမဟုတ်မဟတ်ပြောမည်။ မ ၁၀:၃၄-၃၈; တ ၂၈:၂၂
သူမသည် ဘုရားနှင့်ခရစ်တော်ကို အားကိုးရမည်။ ယဟ ၆:၆၈; ၁၇:၃
သူမသစ္စာရှိခြင်းဖြင့် ခင်ပွန်းသည်ကိုပါ ကယ်တင်နိုင်။ ၁က ၇:၁၆; ၁ပ ၃:၁-၆
ခင်ပွန်းသည် ဦးစီးဖြစ်၊ သို့သော် ဝတ်ပြုရေးကို အမိန့်မပေးနိုင်။ ၁က ၁၁:၃; တ ၅:၂၉
ဂ။ ခင်ပွန်းသည်အနေဖြင့် မိမိအား ဘုရားဝတ်မပြုနိုင်အောင် ဇနီးသည်တားဆီးသည်ကို ခွင့်မပြုသင့်
ဇနီးနှင့်မိသားစုကိုချစ်ရမည်၊ သူတို့ကိုလည်း အသက်ရစေလို။ ၁က ၇:၁၆
ဆုံးဖြတ်ချက်ချရန်၊ ထောက်ပံ့ရန် တာဝန်ရှိ။ ၁က ၁၁:၃; ၁တိ ၅:၈
အမှန်တရားအတွက် ရပ်တည်သူများကို ဘုရားသခင်ချစ်။ ယာ ၁:၁၂; ၅:၁၀၊ ၁၁
သင့်မြတ်ရေးအတွက် အမှန်ကိုအလျှော့ပေးခြင်းကို ဘုရားသခင် မနှစ်သက်။ ဗြဲ ၁၀:၃၈
မိသားစုကို စနစ်သစ်တွင် ပျော်ရွှင်မှုသို့ဦးဆောင်ခေါ်။ ဗ ၂၁:၃၊ ၄
၄၁။ အပြစ်တရား
က။ အပြစ်ဟူသည်မှာ
ဘုရားသခင့်ပညတ်၊ ကိုယ်တော့်စုံလင်သောစံနှုန်းကို ချိုးဖောက်ခြင်းဖြစ်။ ၁ယ ၃:၄; ၅:၁၇
လူသည် ဘုရားသခင့်ဖန်ဆင်းရာဖြစ်ရာ ကိုယ်တော့်အပေါ် တာဝန်ရှိ။ ရ ၁၄:၁၂; ၂:၁၂-၁၅
ပညတ်တရားက အပြစ်ကိုဖွင့်ဆိုပြဋ္ဌာန်း၊ အပြစ်ကို လူတို့အားသိစေ။ ဂ ၃:၁၉; ရ ၃:၂၀
အားလုံးအပြစ်သားဖြစ်၊ ဘုရားသခင့် စုံလင်သောစံနှုန်းကို မမီကြ။ ရ ၃:၂၃; ဆ ၅၁:၅
ခ။ အာဒံ၏အပြစ်ကြောင့် အားလုံးဒုက္ခခံရသည့် အကြောင်းရင်း
မစုံလင်မှုနှင့်သေခြင်းကို အားလုံးထံ အာဒံလက်ဆင့်ကမ်းခဲ့။ ရ ၅:၁၂၊ ၁၈
လူသားတို့ကိုသည်းခံခြင်းသည် ဘုရားသခင့်ကရုဏာတော်ဖြစ်။ ဆ ၁၀၃:၈၊ ၁၀၊ ၁၄၊ ၁၇
ယေရှု၏ပူဇော်သကာသည် အပြစ်များအတွက် ကျေရာကျေကြောင်းဖြစ်။ ၁ယ ၂:၂
အပြစ်အပါအဝင် မာရ်နတ်၏အမှုအားလုံးကို ချေဖျက်ပစ်မည်။ ၁ယ ၃:၈
ဂ။ တားမြစ်ထားသောအသီးသည် နာမခံခြင်းဖြစ်၊ လိင်ဆက်ဆံခြင်းမဟုတ်
ဧဝကိုမဖန်ဆင်းမီကပင် ၎င်းအပင်ကိုမြစ်တားခဲ့။ က ၂:၁၇၊ ၁၈
အာဒံနှင့်ဧဝကို သားသမီးများမွေးဖွားရန် မိန့်မှာခဲ့။ က ၁:၂၈
သားသမီးများသည် အပြစ်ပြုခြင်း၏ရလဒ်မဟုတ်၊ ဘုရားသခင့်ကောင်းချီးဖြစ်။ ဆ ၁၂၇:၃-၅
ဧဝသည် အာဒံမရှိစဉ် ပြစ်မှားခဲ့၊ အာဒံအရင် ပြစ်မှားခဲ့။ က ၃:၆; ၁တိ ၂:၁၁-၁၄
အာဒံသည် ဦးစီးအနေနှင့် ဘုရားသခင့်ပညတ်ကို ဆန့်ကျင်ပုန်ကန်ခဲ့။ ရ ၅:၁၂၊ ၁၉
ဃ။ သန့်ရှင်းသောစွမ်းအားတော်ကို ပြစ်မှားခြင်းဟူသည်မှာ (မ ၁၂:၃၂; မာ ၃:၂၈၊ ၂၉)
အမွေခံရသောအပြစ်မျိုးမဟုတ်။ ရ ၅:၈၊ ၁၂၊ ၁၈; ၁ယ ၅:၁၇
လူတစ်ဦးသည် စွမ်းအားတော်ကို ဝမ်းနည်းမိစေနိုင်သော်လည်း ပြန်ကောင်းလာနိုင်။ ဧ ၄:၃၀; ယာ ၅:၁၉၊ ၂၀
အပြစ်ကို တမင်တကာ လုပ်ကျင့်ရှိခြင်းသည် သေခြင်းကိုဖြစ်စေနိုင်။ ၁ယ ၃:၆-၉
ထိုသို့သောသူတို့ကို ဘုရားသခင် တရားစီရင်၊ စွမ်းအားတော်ကို ရုပ်သိမ်း။ ဗြဲ ၆:၄-၈
ထိုသို့နောင်တမရသောသူတို့အတွက် ဆုမတောင်းရ။ ၁ယ ၅:၁၆၊ ၁၇
၄၂။ အမှုတော်ဆောင်
က။ ခရစ်ယာန်အားလုံး အမှုတော်ဆောင်ဖြစ်ရမည်
ယေရှုသည် ဘုရားသခင်၏ အမှုတော်ဆောင်ဖြစ်။ ရ ၁၅:၈၊ ၉; မ ၂၀:၂၈
ခရစ်ယာန်များသည် ကိုယ်တော့်စံနမူနာကို လိုက်လျှောက်။ ၁ပ ၂:၂၁; ၁က ၁၁:၁
ဓမ္မအမှုပြီးမြောက်စေရန် ဟောပြောရမည်။ ၂တိ ၄:၂၊ ၅; ၁က ၉:၁၆
ခ။ အမှုတော်ဆောင်အတွက် အရည်အချင်းများ
ဘုရားသခင့် စွမ်းအားတော်နှင့် တရားစကားတော် အသိပညာ။ ၂တိ ၂:၁၅; ရှာ ၆၁:၁-၃
ဟောပြောခြင်းတွင် ခရစ်တော်၏ပုံစံကို လိုက်လျှောက်။ ၁ပ ၂:၂၁; ၂တိ ၄:၂၊ ၅
ဘုရားသခင်သည် စွမ်းအားတော်နှင့် အဖွဲ့အစည်းအားဖြင့် လေ့ကျင့်ပေး။ ယဟ ၁၄:၂၆; ၂က ၃:၁-၃
၄၃။ အသက်
က။ နာခံသောလူသားများအတွက် ထာဝရအသက် အာမခံထား
မုသားမသုံးသောဘုရားသခင်က အသက်ပေးမည်ဟု ကတိပြုထား။ တိ ၁:၂; ယဟ ၁၀:၂၇၊ ၂၈
ယုံကြည်ကြောင်းပြသသူတို့အတွက် ထာဝရအသက် အာမခံထား။ ယဟ ၁၁:၂၅၊ ၂၆
သေခြင်းတရားကို ဖျက်ဆီးပစ်မည်။ ၁က ၁၅:၂၆; ဗ ၂၁:၄; ၂၀:၁၄; ရှာ ၂၅:၈
ခ။ ကောင်းကင်အသက်တာကို ခရစ်တော်၏ခန္ဓာတွင် ပါဝင်သူတို့အတွက်သာ ကန့်သတ်ထား
ပါဝင်မည့်သူများကို ဘုရားသခင် နှစ်သက်သလိုရွေးချယ်။ မ ၂၀:၂၃; ၁က ၁၂:၁၈
ကမ္ဘာမှ ၁၄၄,၀၀၀ ကိုသာ ခေါ်ယူ။ ဗ ၁၄:၁၊ ၄; ၇:၂-၄; ၅:၉၊ ၁၀
ကောင်းကင်နိုင်ငံတော်တွင် နှစ်ခြင်းဆရာယောဟန်ပင် မပါ။ မ ၁၁:၁၁
ဂ။ မြေကြီးအသက်တာကို ဦးရေအကန့်အသတ်မရှိသော “အခြားသိုးများ” အတွက် ကတိပြုထား
ခရစ်တော်နှင့်အတူ ကောင်းကင်တွင်နေရမည့်ဦးရေ ကန့်သတ်ထား။ ဗ ၁၄:၁၊ ၄; ၇:၂-၄
“အခြားသိုးများ” သည် ခရစ်တော်၏ ညီတော်များမဟုတ်။ ယဟ ၁၀:၁၆; မ ၂၅:၃၂၊ ၄၀
ကပ်ကျော်ပြီးကမ္ဘာပေါ်နေထိုင်ရန် များစွာသောသူတို့ ယခုစုသိမ်းခံနေရ။ ဗ ၇:၉၊ ၁၅-၁၇
အခြားသူတို့ မြေကြီးအသက်တာအတွက် ပြန်ရှင်လာကြမည်။ ဗ ၂၀:၁၂; ၂၁:၄
၄၄။ ဥပုသ်
က။ ခရစ်ယာန်တို့သည် ဥပုသ်စောင့်ရန် တာဝန်မရှိ
ယေရှု၏သေခြင်းဖြင့် ပညတ်တရားပယ်ဖျက်ခံရ။ ဧ ၂:၁၅
ခရစ်ယာန်တို့သည် ဥပုသ်စောင့်ရန် တာဝန်မရှိ။ ကော ၂:၁၆၊ ၁၇; ရ ၁၄:၅၊ ၁၀
ဥပုသ်အစရှိသည်တို့ကို စောင့်သည့်အတွက် ဆုံးမခံရ။ ဂ ၄:၉-၁၁; ရ ၁၀:၂-၄
ဘုရားသခင့် ငြိမ်ဝပ်ခြင်းချမ်းသာသို့ ယုံကြည်ခြင်းနှင့် နာခံခြင်းဖြင့်ဝင်ရ။ ဗြဲ ၄:၉-၁၁
ခ။ ရှေးအစ္စရေးလူတို့သာ ဥပုသ်စောင့်ရန် တောင်းဆိုခံရ
အီဂျစ်ပြည်မှ ထွက်မြောက်လာပြီးနောက်မှ ပထမဦးဆုံး ဥပုသ်စောင့်ရ။ ထွ ၁၆:၂၆၊ ၂၇၊ ၂၉၊ ၃၀
သီးသန့်သင်္ကေတအဖြစ် ဇာတိအစ္စရေးလူမျိုးအတွက်သာ။ ထွ ၃၁:၁၆၊ ၁၇; ဆ ၁၄၇:၁၉၊ ၂၀
ပညတ်တရားတွင် ဥပုသ်နှစ်စောင့်ရန်လည်း တောင်းဆိုထား။ ထွ ၂၃:၁၀၊ ၁၁; ဝ ၂၅:၃၊ ၄
ဥပုသ်သည် ခရစ်ယာန်တို့အတွက် လိုအပ်သောအရာမဟုတ်။ ရ ၁၄:၅၊ ၁၀; ဂ ၄:၉-၁၁
ဂ။ ဘုရားသခင့် နားနေခြင်းဥပုသ် (ဖန်ဆင်းရာ “သီတင်းပတ်” ၏သတ္တမနေ့)
မြေကြီးဆိုင်ရာဖန်ဆင်းခြင်းအဆုံးတွင် စတင်ခဲ့။ က ၂:၂၊ ၃; ဗြဲ ၄:၃-၅
ယေရှု မြေကြီးပေါ်ရှိစဉ်အချိန်ကိုပင် ကျော်လွန်၍တည်ရှိခဲ့။ ဗြဲ ၄:၆-၈; ဆ ၉၅:၇-၉၊ ၁၁
ခရစ်ယာန်တို့သည် ကိုယ်ကျိုးရှာအလုပ်များမှ အနားယူကြ။ ဗြဲ ၄:၉၊ ၁၀
နိုင်ငံတော်က မြေကြီးဆိုင်ရာ လုပ်စရာများကို လုပ်ဆောင်ပြီးစီးသည့်အခါ ၎င်းဥပုသ်ကုန်ဆုံးအံ့။ ၁က ၁၅:၂၄၊ ၂၈