သီချင်း ၈၉
ယေဟောဝါ၏လှိုက်လှဲသော မေတ္တာရပ်ခံချက်– “ငါ့သား၊ ပညာရှိလော့”
၁။ သင်တို့နှလုံး ငါ့အားပေးကြ
ပျိုရွယ်သူများ၊
ငါ့ကို ရှုတ်ချ ကဲ့ရဲ့သူအား
မြင်သာစေပါ။
လူငယ့်ဘဝ၊ ဆည်းကပ်ဝတ်
ပေးဆက် ရက်ရောလှ၊
ငါ့အတွက် သက်ရှင်ကြောင်း
တစ်လောကလုံး မြင်အောင်ပြ။
(ထပ်ကျော့ပိုဒ်)
ချစ်စွာသောသား၊ မြတ်နိုးသောသမီးငယ်၊
ငါ့စိတ်ရွှင်ရန် ပညာရှိလေ။
မှန်စိတ်ရင်းဖြင့် ငါ့အားဝတ်ပြုကြောင်း၊
ဂုဏ်တင်ချီးမွမ်း ရွေးချယ်မှုပေ။
၂။ အကြွင်းမဲ့ပေးဆက်ရာတွင်
ဝမ်းမြောက်ပျော်ရွှင်ပါ၊
တိုက်မိ၍လဲသွားလျှင်
သင့်အားငါထူမမှာ။
စိတ်ပျက်စေသင့်အား မတည်ကြည်၊
စွန့်သွားကြလည်း
သင့်အား ငါစဉ်မြတ်နိုးကြောင်း
သိမှတ်အားယူလေ။
(ထပ်ကျော့ပိုဒ်)
ချစ်စွာသောသား၊ မြတ်နိုးသောသမီးငယ်၊
ငါ့စိတ်ရွှင်ရန် ပညာရှိလေ။
မှန်စိတ်ရင်းဖြင့် ငါ့အားဝတ်ပြုကြောင်း၊
ဂုဏ်တင်ချီးမွမ်း ရွေးချယ်မှုပေ။
(တရား. ၆:၅; ဒေ. ၁၁:၉; ဟေရှာ. ၄၁:၁၃ တို့ကိုလည်းကြည့်ပါ။)