ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၃၄–၃၇
ယေဟောဝါကို ကိုးစားပြီး ကောင်းသောအကျင့်ကိုကျင့်ပါ
“မတရားသဖြင့်ပြုသောသူတို့ကို မငြူစူနှင့်”
လူဆိုးတွေ ခဏတာကောင်းစားနေတာကို မနာလိုဖြစ်ပြီး ယေဟောဝါရဲ့အမှုဆောင်ခြင်းကနေ ဝေးကွာသွားတာမျိုး မဖြစ်ဖို့လို၊ ဘုရားရေးရာပန်းတိုင်တွေနဲ့ ကောင်းချီးတွေကို အာရုံစိုက်ပါ
‘ယေဟောဝါကို ကိုးစားပြီး ကောင်းသောအကျင့်ကိုကျင့်ပါ’
သံသယတွေ၊ စိုးရိမ်စရာတွေပျောက်သွားအောင် ယေဟောဝါ ကူညီပေးမယ်ဆိုတာ ယုံကြည်ဖို့လို၊ ဆက်သစ္စာရှိနိုင်အောင် ထောက်ကူပေးမှာဖြစ်
သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေပါ
“ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့”
ယေဟောဝါဘုရားအကြောင်း ပိုသိလာအောင် ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်နိုင်ဖို့ ဇယားကောင်းကောင်းဆွဲပါ
“ကိုယ့်အမှုအရာကို ထာဝရဘုရား၌အပ်လော့”
အခက်အခဲတွေ ကိုင်တွယ်ဖြေရှင်းရာမှာ ယေဟောဝါဘုရား ကူညီပေးမယ်ဆိုတာ အပြည့်အဝယုံကြည်စိတ်ချဖို့လို
ဆန့်ကျင်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ အထင်အမြင်လွဲမှားမှုတွေကြုံရတဲ့အခါ အမူအကျင့်ကောင်း ဆက်တင်ပြပါ
“ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ကိုယ်တော်ကို ငံ့လင့်လော့”
ရွှင်လန်းမှုကို ပျောက်ဆုံးသွားစေနိုင်တဲ့၊ ဘုရားနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို ပျက်စီးသွားစေနိုင်တဲ့ မဆင်မခြင်လုပ်ရပ်များကို ရှောင်ပါ
‘စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံရမည်’
နှိမ့်ချမှုရှိပါ၊ ကြုံတွေ့နေရတဲ့ မတရားမှုအားလုံးကို ယေဟောဝါဘုရား ဖယ်ရှားပေးမယ့်အချိန်ထိ စိတ်ရှည်ရှည်စောင့်ပါ
ယုံကြည်သူချင်းတွေကို ဆက်ထောက်မပေးပါ၊ စိတ်ဓာတ်ကျနေသူတွေကို မကြာခင်ရောက်လာတော့မယ့် ကမ္ဘာသစ်အကြောင်းပြောပြပြီး နှစ်သိမ့်ပေးပါ
မေရှိယနိုင်ငံတော်က ကောင်းချီးများစွာ ဆောင်ကြဉ်းပေးမှာဖြစ်