ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၅၂–၅၉
“ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့”
ဒါဝိဒ်ဟာ ဘဝမှာ ဆင်းရဲဒုက္ခမျိုးစုံ တွေ့ကြုံဖူးသူဖြစ်ပါတယ်။ ဆာလံ ၅၅ ကိုစပ်ဆိုချိန်မှာ သူခံစားနေရတဲ့အရာတွေကတော့ . . .
စော်ကားပြောဆိုခံရခြင်း
နှိပ်စက်ညှဉ်းပန်းခံရခြင်း
အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်
မိသားစုပြဿနာ
ဖျားနာမှု
သစ္စာဖောက်ခံရခြင်း
ပြဿနာတွေက လုံးဝမဖြေရှင်းနိုင်ပုံပေါက်ပေမဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ဒါဝိဒ်တွေ့ထားတယ်။ သူ့လိုပဲ ဆင်းရဲဒုက္ခမျိုးစုံခံစားနေရသူတွေကို “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထား” ဖို့ စွမ်းအားတော်လမ်းညွှန်မှုနဲ့ အကြံပေးထားပါတယ်။
ဒီကျမ်းချက်တွေကို အခုအချိန်မှာ ဘယ်လိုကျင့်သုံးနိုင်မလဲ။
၁ ပြဿနာတစ်ခုခု၊ စိုးရိမ်ပူပန်စရာတစ်ခုခု ကြုံလာပြီဆိုရင် ယေဟောဝါဘုရားဆီ ရင်ဖွင့်ဆုတောင်းပါ
၂ ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ပေးလာတဲ့ ထောက်မမှု၊ လမ်းညွှန်မှုကို ရှာဖွေပါ
၃ အခြေအနေတွေကောင်းလာဖို့ ကျမ်းစာမူတွေနဲ့အညီ ကိုယ့်ဘက်က လုပ်နိုင်တာကို လုပ်ဆောင်ပါ