ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၁၉
‘ယေဟောဝါရဲ့ တရားတော်အတိုင်း လိုက်လျှောက်ပါ’
ယေဟောဝါရဲ့ တရားတော်အတိုင်း လိုက်လျှောက်တယ်ဆိုတာ ကိုယ်တော်ရဲ့လမ်းညွှန်မှုကို ခံယူပြီး အဲဒီအတိုင်း လိုလိုလားလား နေထိုင်ခြင်းဖြစ်တယ်။ ဆာလံဆရာလိုပဲ ယေဟောဝါရဲ့ တရားတော်အတိုင်း လိုက်လျှောက်ပြီး ကိုယ်တော့်ကို ယုံကြည်ကိုးစားတဲ့ သစ္စာရှိသူတွေရဲ့ ပုံနမူနာအကြောင်း ကျမ်းစာမှာဖော်ပြထားတယ်။
ဘုရားရဲ့တရားတော်အတိုင်း လိုက်လျှောက်မှသာ စစ်မှန်တဲ့ပျော်ရွှင်မှုရနိုင်
ယောရှုဟာ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေကို အပြည့်အဝ ယုံကြည်စိတ်ချခဲ့တယ်။ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုရဖို့ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားရမယ်ဆိုတာ သူသိခဲ့တယ်
ဘုရားစကားတော်က ဘဝအခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ရဲစွမ်းသတ္တိပေး
ယေရမိဟာ ခက်ခဲတဲ့အခြေအနေတွေကြားမှာ ရဲစွမ်းသတ္တိရှိကြောင်း၊ ယေဟောဝါအပေါ် ယုံကြည်ကိုးစားကြောင်း ပြသခဲ့တယ်။ ဘဝကို ရိုးရိုးရှင်းရှင်းနေထိုင်ပြီး တာဝန်ကို ကျေပွန်အောင် ကြိုးစားလုပ်ဆောင်ခဲ့တယ်
ဘုရားစကားတော်မှာပါတဲ့ တိကျမှန်ကန်တဲ့ အသိပညာက ယုံကြည်စိတ်ချမှုရှိရှိ ဟောပြောစေ
ပေါလုက သတင်းကောင်းအကြောင်း လူတိုင်းကို မကြောက်မရွံ့ဟောခဲ့တယ်။ ဘုရင်ခံဖေတ္တုမင်းကို ရဲစွမ်းသတ္တိရှိရှိ ဟောပြောနေချိန်မှာ ယေဟောဝါ ကူညီပေးမယ်ဆိုတာ အပြည့်အဝယုံကြည်စိတ်ချခဲ့တယ်
တခြားသူတွေကို သက်သေခံတဲ့အခါ ယုံကြည်စိတ်ချမှုရှိကြောင်း ငါပိုပြီးပြသရမယ့်နေရာတွေက–
ကျောင်းမှာ
အလုပ်မှာ
မိသားစုမှာ
အခြား