ခရစ်ယာန်အသက်တာလမ်းစဉ်
စင်ကြယ်တဲ့ ဝတ်ပြုရေးကို ဘာကြောင့် တန်ဖိုးထားသလဲ
စိတ်အာရုံထဲမှာ ယေဇကျေလမြင်တဲ့ ဗိမာန်တော်ကြောင့် စစ်ကြယ်တဲ့ ဝတ်ပြုရေး ပြန်လည်တည်ထောင်မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိလာလို့ ပြည်နှင်ခံဂျူးတွေ အားတက်ခဲ့တယ်။ ဒီနောက်ဆုံးကာလမှာ စင်ကြယ်တဲ့ ဝတ်ပြုရေးဟာ “တောင်တန်းတကာရဲ့ထိပ်မှာ အခိုင်အမာ တည်နေ” ပြီ။ အဲဒီတောင်ပေါ် တဖွဲဖွဲ တက်သွားသူတွေထဲမှာ ကျွန်တော်တို့လည်း ပါဝင်တယ်။ (ဟေရှာ. ၂:၂) ယေဟောဝါကို သိခွင့်၊ ကိုးကွယ်ခွင့်ကို တန်ဖိုးထားကြောင်း တင်ပြနေသလား။
စင်ကြယ်တဲ့ ဝတ်ပြုရေးကြောင့်ရတဲ့ ကောင်းချီးများ–
ဘဝရဲ့ အရေးကြီးမေးခွန်းတွေကို ဖြေဆိုပေးတဲ့၊ အသက်ရှင်ဖို့ လက်တွေ့ကျ စံနှုန်းတွေသိစေတဲ့၊ မျှော်လင့်ချက်ရှိစေတဲ့ ပုံဆောင်အစာ အလျှံပယ်ရ။—ဟေရှာ. ၄၈:၁၇၊ ၁၈။ ၆၅:၁၃။ ရော. ၁၅:၄
ချစ်စရာကောင်းတဲ့ ကမ္ဘာချီညီအစ်ကို အသင်းအပင်း ရထား။—ဆာ. ၁၃၃:၁။ ယော. ၁၃:၃၅
စိတ်ကျေနပ်မှုပေးတဲ့ အလုပ်မှာ ဘုရားနဲ့ တွဲလုပ်ခွင့်ရ။—တ. ၂၀:၃၅။ ၁ ကော. ၃:၉
ဒုက္ခခံနေရချိန်မှာ “ဘုရားသခင့် ငြိမ်သက်ခြင်း” ကြောင့် ခွန်အားရှိ။—ဖိ. ၄:၆၊ ၇
အမှားအမှန်သိစိတ် ကြည်လင်။—၂ တိ. ၁:၃
“ဘုရားနဲ့ ခင်မင်ရင်းနှီးခွင့်ရ။”—ဆာ. ၂၅:၁၄
စင်ကြယ်တဲ့ ဝတ်ပြုရေးကို တန်ဖိုးထားကြောင်း ဘယ်နည်းတွေနဲ့ ငါ တင်ပြနိုင်သလဲ။