ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မဿဲ ၁၂-၁၃
ဂျုံပင်နဲ့ ပေါင်းပင် ပုံဥပမာ
ယေရှုက ဂျုံပင်နဲ့ ပေါင်းပင် ပုံဥပမာကို သုံးပြီး အေဒီ ၃၃ မှာစတင်တဲ့ ဘိသိက်ခံခရစ်ယာန်၊ ဂျုံပင်အတန်းအစားကို လူသားတွေထဲကနေ ဘယ်လိုနည်းနဲ့ ဘယ်အချိန်မှာ စုသိမ်းမယ်ဆိုတာ ရှင်းပြခဲ့တယ်။
“လူတစ်ယောက် လယ်မှာ ကောင်းတဲ့မျိုးစေ့ ကြဲ”
မျိုးကြဲသူ– ယေရှုခရစ်
ကောင်းတဲ့မျိုးစေ့ကိုကြဲ– ယေရှုရဲ့တပည့်တွေ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရ
လယ်– လူ့လောက
“လူတွေ အိပ်ပျော်နေချိန်မှာ ရန်သူရောက်လာ . . . ပေါင်းမျိုးစေ့ကြဲပြီး ထွက်သွား”
ရန်သူ– မာရ်နတ်
လူတွေအိပ်ပျော်နေချိန်– တမန်တော်တွေ သေဆုံးသွားချိန်
“ရိတ်သိမ်းချိန်အထိ နှစ်မျိုးစလုံး ပေါက်ပါစေ”
ဂျုံပင်– ဘိသိက်ခံ ခရစ်ယာန်တွေ
ပေါင်းပင်– ခရစ်ယာန် အတုအယောင်တွေ
“ပေါင်းပင်တွေကို အရင်နုတ် . . . ပြီးမှ ဂျုံပင်တွေကိုရိတ်”
ကျွန်တွေ/ရိတ်သိမ်းသူတွေ– ကောင်းကင်တမန်တွေ
ပေါင်းပင်တွေကို စည်းထား– ခရစ်ယာန် အတုအယောင်တွေကို ဘိသိက်ခံ ခရစ်ယာန်တွေနဲ့ ခွဲခြား
ကျီထဲစုသိမ်း– ဘိသိက်ခံခရစ်ယာန်တွေကို အသင်းတော်ထဲ စုသိမ်း
ရိတ်သိမ်းခြင်းစတင်ချိန်မှာ ဘယ်အရာက ခရစ်ယာန်စစ်တွေကို အတုအယောင်တွေနဲ့ ခွဲခြားစေသလဲ။
ဒီပုံဥပမာကို နားလည်ခြင်းက ဘယ်လို အကျိုးဖြစ်စေသလဲ။