ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၁/၁ စာ. ၁၆-၁၇
  • ကောင်းကင်တမန်တွေက ကျွန်ုပ်တို့ကို အကျိုးပြုနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်တမန်တွေက ကျွန်ုပ်တို့ကို အကျိုးပြုနိုင်ပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၁/၁ စာ. ၁၆-၁၇

ယေရှုဆီက ကျွန်ုပ်တို့သင်ယူရရှိရာ

ကောင်းကင်တမန်တွေက ကျွန်ုပ်တို့ကို အကျိုးပြုနိုင်ပုံ

ယေရှုဟာ “ဤလောကမတည်မီ” ကတည်းက ဘုရားသခင်နဲ့အတူ ကောင်းကင်မှာ နေထိုင်ခဲ့တယ်။ (ယောဟန် ၁၇:၅) ဒါကြောင့် အောက်ပါမေးခွန်းတွေကို ယေရှု ကောင်းစွာ ဖြေဆိုနိုင်ပါတယ်။

ကျွန်ုပ်တို့ကို ကောင်းကင်တမန်တွေ စိတ်ဝင်စားသလား

▪ လူသားတွေကို ကောင်းကင်တမန်တွေ အရမ်းစိတ်ဝင်စားတယ်ဆိုတာ ယေရှုဆီကနေ သိရှိနိုင်ပါတယ်။ “နောင်တရသော အပြစ်သားတစ်ဦးအတွက် ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် ဝမ်းမြောက်ကြသည်” လို့ယေရှု ပြောခဲ့တယ်။—လုကာ ၁၅:၁၀။

ဘုရားသခင့်ကျေးကျွန်တွေ ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ဆက်ရှိနေအောင် ကူညီပေးဖို့ ကောင်းကင်တမန်တွေကို တာဝန်ပေးထားတယ်လို့ ယေရှုပြောပြတယ်။ ဒါကြောင့် တခြားသူတွေ ဘုရားသခင်နဲ့ ဆက်ဆံရေးပြတ်သွားအောင် မလုပ်မိဖို့ တပည့်တွေကို ယေရှု ဒီလိုသတိပေးခဲ့တယ်– “ဤသူငယ်တစ်ယောက်ကို မထီမဲ့မြင် မပြုမိစေကြနှင့်။ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံရှိ ငါ့အဖ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။” (မဿဲ ၁၈:၁၀) အဲလိုယေရှု သတိပေးတာက မိမိရဲ့နောက်လိုက်တစ်ဦးချင်းစီကို ကာကွယ်ပေးဖို့ တာဝန်ပေးထားတဲ့ ကိုယ်စောင့်ကောင်းကင်တမန်ရှိတယ်လို့ ပြောနေတာမဟုတ်ပါဘူး။ အဲဒီအစား ဘုရားသခင်နဲ့ အနီးကပ်အမှုဆောင်နေတဲ့ ကောင်းကင်တမန်တွေဟာ ခရစ်ယာန်အသင်းတော်ရှိ ညီအစ်ကိုညီအစ်မတွေကို စိတ်၀င်စားနေတယ်လို့ ပြောနေတာပါ။

ကျွန်ုပ်တို့ကို နတ်ဆိုးမင်းစာတန် ဘယ်လိုအန္တရာယ်ပေးနိုင်သလဲ

▪ ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို လူတွေမသင်ယူနိုင်အောင် စာတန်ကြိုးစားနေတယ်လို့ နောက်လိုက်တွေကို ယေရှု သတိပေးခဲ့တယ်။ “မည်သူမဆို နိုင်ငံတော်နှင့်ဆိုင်သော တရားစကားတော်ကို ကြား၍ ဆိုလိုရင်းကို နားမလည်သည်ရှိသော် ဆိုးညစ်သူသည် လာ၍ စိတ်နှလုံး၌ကြဲသော မျိုးစေ့ကို နှုတ်ယူလေ၏” လို့ယေရှုကဆိုတယ်။—မဿဲ ၁၃:၁၉။

လယ်ထဲမှာ ဂျုံစပါးစေ့တွေ ကြဲသွားတဲ့ လူတစ်ယောက်အကြောင်း ယေရှု ပုံဥပမာတစ်ခုပေးတဲ့အခါ စာတန်ရဲ့လှည့်စားနည်းတစ်နည်းကို ဖော်ထုတ်ခဲ့တယ်။ အဲဒီပုံဥပမာထဲက လူသားဟာ ယေရှုကို ပုံဆောင်ပြီး ဂျုံစပါးက ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်ကြမယ့် ခရစ်ယာန်စစ်တွေကို ပုံဆောင်တယ်။ ဒါပေမဲ့ ရန်သူတစ်ဦးရောက်လာပြီး “ဂျုံစပါးစေ့ကြားတွင် ပေါင်းမျိုးစေ့ကို ကြဲ” သွားတယ်လို့ ယေရှုပြောပြတယ်။ ပေါင်းမျိုးစေ့တွေက ခရစ်ယာန်အတုအယောင်တွေကို ပုံဆောင်တယ်။ ‘မျိုးကြဲသောရန်သူသည် စာတန်ဖြစ်၏။’ (မဿဲ ၁၃:၂၅၊ ၃၉) ပေါင်းမျိုးစေ့ အပင်ပေါက်လာတဲ့အခါ ဂျုံစပါးအပင်ပေါက်နဲ့တူသလိုပဲ ခရစ်ယာန်အတုအယောင်တွေကလည်း ခရစ်ယာန်စစ်တွေနဲ့ တူသယောင်ရှိနိုင်ပါတယ်။ မှားယွင်းတဲ့ အယူဝါဒတွေသင်ပေးနေတဲ့ ဘာသာတရားတွေက ဘုရားသခင်ရဲ့စကားကို နားမထောင်ဖို့ လူတွေကို လှည့်စားနေတယ်။ စာတန်ဟာ မှားယွင်းတဲ့ဝတ်ပြုရေးတွေကို အသုံးပြုပြီး လူတွေ ဘုရားသခင်နဲ့ဆက်ဆံရေး ပြတ်တောက်သွားအောင် ပြုလုပ်နေတယ်။

နတ်ဆိုးမင်းစာတန်ရဲ့ အန္တရာယ်ကို ဘယ်လိုတားဆီးနိုင်မလဲ

▪ ယေရှုက စာတန်ကို “ဤလောကကို အစိုးရသောမင်း” လို့ခေါ်ခဲ့တယ်။ (ယောဟန် ၁၄:၃၀) စာတန်ရဲ့ရန်ကနေ ကာကွယ်နိုင်တဲ့နည်းကို ဘုရားသခင်ဆီ ဆုတောင်းခဲ့တဲ့ ယေရှုရဲ့ဆုတောင်းချက်ထဲမှာ ဖော်ပြထားတယ်။ တပည့်တွေနဲ့ပတ်သက်ပြီး ကောင်းကင်ခမည်းတော်ထံ ယေရှု ဒီလိုဆုတောင်းတယ်– ‘ဆိုးညစ်သူ၏လက်မှ စောင့်ရှောက်တော်မူပါရန် တောင်းလျှောက်ပါ၏။ ကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့်မသက်ဆိုင်ကြပါ။ အမှန်တရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏စကားတော်သည် အမှန်တရားဖြစ်ပါ၏။’ (ယောဟန် ၁၇:၁၅-၁၇) ကျမ်းစာအသိပညာက စာတန်အုပ်ချုပ်နေတဲ့ ဒီလောကရဲ့သြဇာလွှမ်းမိုးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

ယနေ့လည်း ကောင်းကင်တမန်တွေ အကျိုးပြုနိုင်သလား

▪ ‘ဤလောကစနစ်နိဂုံးပိုင်းတွင် ကောင်းကင်တမန်တို့သည် ထွက်လာပြီးလျှင် ဖြောင့်မတ်သူတို့အလယ်မှ ဆိုးညစ်သူတို့ကို ခွဲထုတ်’ လိမ့်မယ်လို့ ယေရှုပြောခဲ့တယ်။ (မဿဲ ၁၃:၄၉) ကနေ့ ကျွန်ုပ်တို့ဟာ “ဤလောကစနစ်နိဂုံးပိုင်း” မှာအသက်ရှင်နေရပြီး သန်းပေါင်းများစွာကလည်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လက်ခံနေကြပါတယ်။—မဿဲ ၂၄:၃၊ ၁၄။

ဒါပေမဲ့ ကျမ်းစာစလေ့လာသူတိုင်း ဘုရားသခင့်နှစ်သက်လက်ခံမှုကို ရရှိမှာမဟုတ်ပါဘူး။ ကောင်းကင်တမန်တွေက ဘုရားသခင့်ကျေးကျွန်တွေရဲ့ လုပ်ငန်းကို ညွှန်ကြားနေပါတယ်။ ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ချစ်တဲ့သူတွေဟာ ကျမ်းစာအကြောင်းသိရှိပြီး လက်တွေ့မကျင့်တဲ့သူတွေထဲကနေ သီးခြားခွဲထုတ်ခံနေရတယ်။ ဘုရားသခင့်နှစ်သက်လက်ခံမှုကို ရရှိတဲ့သူတွေအကြောင်း ယေရှု ဒီလိုမိန့်ဆိုတယ်– ‘ဖြောင့်မှန်ကောင်းမွန်သော စိတ်နှလုံးနှင့် စကားတော်ကို စွဲမြဲစွာနာယူ၍ ခံနိုင်ရည်ဖြင့် အသီးသီးသောသူကို ဆိုလို၏။’—လုကာ ၈:၁၅။

ထပ်ဆင့်သိလိုလျှင် ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၁၀ တွင်ဖတ်ကြည့်ပါ။

[စာမျက်နှာ ၁၆ ပါရုပ်ပုံ]

စိတ်ရင်းမှန်တဲ့သူတွေ ခရစ်ယာန်အသင်းတော်ထဲ ဝင်ရောက်လာဖို့ ကောင်းကင်တမန်တွေ ကူညီပေးနေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ