သီချင်း ၅၇
လူအမျိုးမျိုးကို ဟောပြောခြင်း
၁။ တို့တုပလို၊ ဘုရားအရည်အသွေးကို၊
ကိုယ်တော် မျက်နှာမလိုက်တတ်မှန်း တို့သိ။
လူအမျိုးမျိုး ကယ်တင်ခံရစေလို၊
ထံတော်ချဉ်းဖို့ လူတိုင်းကို လှမ်းကြိုနေ။
(ထပ်ကျော့ပိုဒ်)
နေရာထက် လူအဓိကပဲ၊
ရုပ်သွင်ထက် စိတ်အဓိကပဲ။
အားလုံးကို မျှဝေ၊ ဘုရား သတင်းကောင်း။
စိတ်ဝင်စား ဂရုစိုက်တော့၊
နေရာတိုင်း တို့လိုက်ဟောပြော။
“လူအမျိုးမျိုး ဘုရားမိတ်ဆွေ ဖြစ်နိုင်။”
၂။ ဘယ်နားမှာ တွေ့တွေ့ ကိစ္စမရှိပါ။
ဘယ်ရုပ်ဆင်းဖြစ်ဖြစ် အရေးမကြီးလှပါ။
တကယ်အရေးကြီးတာကတော့ စိတ်နှလုံး။
စိတ်နှလုံးထဲထိ ယေဟောဝါ မြင်နိုင်။
(ထပ်ကျော့ပိုဒ်)
နေရာထက် လူအဓိကပဲ၊
ရုပ်သွင်ထက် စိတ်အဓိကပဲ။
အားလုံးကို မျှဝေ၊ ဘုရား သတင်းကောင်း။
စိတ်ဝင်စား ဂရုစိုက်တော့၊
နေရာတိုင်း တို့လိုက်ဟောပြော။
“လူအမျိုးမျိုး ဘုရားမိတ်ဆွေ ဖြစ်နိုင်။”
၃။ ယေဟောဝါ လက်ခံဆီးကြိုသူများက
ဒီလောကနဲ့ သူ့လမ်းစဉ် စွန့်လွှတ်သူ
တို့သိထားတဲ့အရာတွေ ဝေမျှဖို့၊
လူအမျိုးမျိုးကို တို့လိုက်ဟောပြောစို့။
(ထပ်ကျော့ပိုဒ်)
နေရာထက် လူအဓိကပဲ၊
ရုပ်သွင်ထက် စိတ်အဓိကပဲ။
အားလုံးကို မျှဝေ၊ ဘုရား သတင်းကောင်း။
စိတ်ဝင်စား ဂရုစိုက်တော့၊
နေရာတိုင်း တို့လိုက်ဟောပြော။
“လူအမျိုးမျိုး ဘုရားမိတ်ဆွေ ဖြစ်နိုင်။”
(ယော. ၁၂:၃၂။ တ. ၁၀:၃၄။ ၁ တိ. ၄:၁၀။ တိ. ၂:၁၁ တို့ကိုလည်း ကြည့်ပါ။)