ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • th သင်ခန်းစာ ၁ စာ. ၄
  • ထိရောက်တဲ့နိဒါန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထိရောက်တဲ့နိဒါန်း
  • ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထိရောက်သောနိဒါန်းများ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • စိတ်ဝင်စားမှု နှိုးဆွသောနိဒါန်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
th သင်ခန်းစာ ၁ စာ. ၄

သင်ခန်းစာ ၁

ထိရောက်တဲ့နိဒါန်း

ညွှန်းထားတဲ့ကျမ်းချက်

တမန်တော် ၁၇:၂၂

အကျဉ်းချုပ်– စိတ်ဝင်စားမှုကို နှိုးဆွပေးတဲ့၊ ပြောမယ့်အကြောင်းအရာကို သိမြင်စေတဲ့ နိဒါန်း ဖြစ်သင့်တယ်။ အဲဒီအကြောင်းအရာကို ဘာကြောင့် စိတ်ဝင်စားသင့်တယ်ဆိုတာ နားထောင်နေသူတွေကို သိမြင်စေပါ။

လုပ်ဆောင်နိုင်ပုံ–

  • စိတ်ဝင်စားမှုကို နှိုးဆွပါ။ နားထောင်နေသူတွေ စိတ်ဝင်စားမယ့် မေးခွန်းတစ်ခု၊ အကြောင်းအရာတစ်ခု၊ ဖြစ်ရပ်မှန်တစ်ခု၊ သတင်းတစ်ပုဒ်ကို ရွေးပြောပါ။

    လေ့ကျင့်ရမယ့်အချက်

    နားထောင်နေသူတွေ စိတ်ဝင်စားတဲ့အရာ၊ စိုးရိမ်ပူပန်တဲ့အရာတွေကို ကြိုတင်စဉ်းစားထားပါ။ နိဒါန်းကို အလိုက်သင့် ပြုပြင်ပါ။

  • အကြောင်းအရာကို သတ်သတ်မှတ်မှတ် ဖော်ပြပါ။ သင်ပြောမယ့်အကြောင်းနဲ့ ရည်ရွယ်ချက်ကို နားထောင်နေသူတွေ ရှင်းရှင်းလင်းလင်း သိမြင်နိုင်တဲ့ နိဒါန်းဖြစ်စေပါ။

  • အကြောင်းအရာက ဘာကြောင့် အရေးကြီးတယ်ဆိုတာ သိမြင်စေပါ။ နားထောင်နေသူတွေရဲ့ လိုအပ်ရာတွေနဲ့အညီ ပြောဆိုပါ။ ပြောနေတဲ့အကြောင်းအရာက သူတို့အတွက် အကျိုးရှိကြောင်း ရှင်းရှင်းလင်းလင်း နားလည်စေသင့်တယ်။

    လေ့ကျင့်ရမယ့်အချက်

    ဟောပြောချက်ပြင်ဆင်တဲ့အခါ ‘ငါ့အသင်းတော်က ညီအစ်ကို/မတွေ ဘာတွေ ရင်ဆိုင်နေရသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ ပြီးတဲ့နောက် သူတို့ရဲ့ လိုအပ်ရာတွေနဲ့ ကိုက်ညီတဲ့ နိဒါန်းဖြစ်စေပါ။

အမှုဆောင်လုပ်ငန်းမှာ

လူတစ်ယောက်ရဲ့ စိတ်ဝင်စားရာကို သိမြင်ဖို့ သူလုပ်နေတဲ့အရာ ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်ကို အကဲခတ်ပါ။ အဲဒီအရာတွေနဲ့ သက်ဆိုင်တဲ့ မေးခွန်းတစ်ခုမေးပြီး ဒါမှမဟုတ် အဲဒီအကြောင်းကို ပြောပြီး စကားစပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ