ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • th သင်ခန်းစာ ၃ စာ. ၆
  • မေးခွန်းများကို အသုံးပြုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းများကို အသုံးပြုခြင်း
  • ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေးခွန်းများကို ထိရောက်စွာအသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ကျမ်းချက်တွေကို ဆီလျော်စွာ မိတ်ဆက်ပေးခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • စိတ်နှလုံးကို ထိမိဖို့ ကြိုးစားခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
နောက်ထပ် ကြည့်ပါ
ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
th သင်ခန်းစာ ၃ စာ. ၆

သင်ခန်းစာ ၃

မေးခွန်းများကို အသုံးပြုခြင်း

ညွှန်းထားတဲ့ကျမ်းချက်

မဿဲ ၁၆:၁၃-၁၆

အကျဉ်းချုပ်– စိတ်ဝင်စားမှုကို နှိုးဆွပြီး ဆက်စိတ်ဝင်စားနေစေဖို့၊ နားထောင်နေသူတွေနဲ့ ကျိုးကြောင်းဆင်ခြင်ဖို့၊ အရေးကြီးတဲ့အချက်တွေကို အလေးပေးဖို့ မေးခွန်းတွေကို လိမ္မာပါးနပ်စွာမေးပါ။

လုပ်ဆောင်နိုင်ပုံ–

  • စိတ်ဝင်စားမှုကို နှိုးဆွပေးပြီး ဆက်စိတ်ဝင်စားနေစေဖို့ ကြိုးစားပါ။ အဖြေမလိုတဲ့ မေးခွန်းတွေက နားထောင်နေသူတွေကို စဉ်းစားစေတယ်၊ ဒါမှမဟုတ် အဖြေသိချင်စိတ် ဖြစ်ပေါ်စေတယ်။

  • အကြောင်းအရာကို ကျိုးကြောင်းဆင်ခြင်ပါ။ မှန်ကန်တဲ့ကောက်ချက် ချစေနိုင်တဲ့ မေးခွန်းတွေ အဆင့်ဆင့်မေးပါ။ ဒီနည်းအားဖြင့် အကြောင်းအရာတစ်ခုကို ယုတ္တိရှိရှိ ကျိုးကြောင်းဆင်ခြင်နိုင်အောင် နားထောင်နေသူတွေကို ကူညီပေးပါ။

  • အရေးကြီးတဲ့အချက်တွေကို အလေးပေး ဖော်ပြပါ။ အဓိကအချက်တစ်ချက်ကို အစပြု ပြောဆိုဖို့ စိတ်ဝင်စားစရာ မေးခွန်းတစ်ခု မေးပါ။ အရေးကြီးတဲ့အချက်ကို ဆွေးနွေးပြီးတဲ့အခါ၊ ဒါမှမဟုတ် ဟောပြောချက်ကို နိဂုံးချုပ်တဲ့အခါ ပြန်လည်သုံးသပ်တဲ့ မေးခွန်းတွေ မေးပါ။

    လေ့ကျင့်ရမယ့်အချက်

    ကျမ်းချက်တစ်ချက် ဖတ်ပြီးတဲ့အခါ ဖတ်သွားတဲ့ကျမ်းချက်(တွေ) ရဲ့ အဓိကအချက်ကို အလေးပေးဖော်ပြဖို့ မေးခွန်းတွေ မေးပါ။

အမှုဆောင်လုပ်ငန်းမှာ

အကြောင်းအရာနဲ့ပတ်သက်ပြီး နားထောင်နေသူရဲ့ အမြင်ကို မေးပါ။ သူ့အဖြေကို အာရုံစိုက် နားထောင်ပါ။ မေးခွန်းတွေကို ဘယ်အချိန်မှာ၊ ဘယ်လို မေးရမယ်ဆိုတာ သိနိုင်ဖို့ ပိုင်းခြားသိမြင်မှု ရှိပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ