သီချင်း ၁၂၂
မယိမ်းမယိုင် ကြံ့ကြံ့ခံရပ်တည်နေကြ
၁။ မကြုံစဖူး ဒုက္ခ လူမျိုးကြုံရ။
လူများ နောင်ရေးတွေးပြီး စိုးကြောက်နေကြ။
တို့များ မယိမ်းမယိုင် ကြံ့ကြံ့ခံကာ
သစ္စာရှိစွာ မှုဆောင်မှာ။
(ထပ်ကျော့ပိုဒ်)
တို့များ ခိုင်မြဲဖို့ လိုအပ်၊
လောကနဲ့ ကင်းကင်းနေရ၊
အဆုံးထိ တည်မြဲမှ အဆုံးမဲ့အသက်ရမှာ။
၂။ လောကကျော့ကွင်းနဲ့ ဖြားယောင်းမှု များပြား။
မှန်သောအတွေးရှိရင် တွန်းလှန်နိုင်မှာ။
မှန်ရာမြတ်နိုးကာ၊ အဆိုးမုန်းပါက၊
မယိမ်းယိုင်အောင် ကူမမှာ။
(ထပ်ကျော့ပိုဒ်)
တို့များ ခိုင်မြဲဖို့ လိုအပ်၊
လောကနဲ့ ကင်းကင်းနေရ၊
အဆုံးထိ တည်မြဲမှ အဆုံးမဲ့အသက်ရမှာ။
၃။ ဘုရားကို နှလုံးသားနဲ့ ကိုးကွယ်ပါ။
မှုတော်မှာ ပါဝင်၊ တစ်ထောင့်တစ်နေရာ။
သတင်းကောင်း ဟောခြင်းမှာ စွဲမြဲနေပါ။
နောက်ဆုံးနေ့များ ကုန်တော့မှာ။
(ထပ်ကျော့ပိုဒ်)
တို့များ ခိုင်မြဲဖို့ လိုအပ်၊
လောကနဲ့ ကင်းကင်းနေရ၊
အဆုံးထိ တည်မြဲမှ အဆုံးမဲ့အသက်ရမှာ။