ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၄၇ စာ. ၁၁၈-စာ. ၁၁၉ ပိုဒ်. ၆
  • မိန်းမငယ်လေး အသက်ပြန်ရှင်လာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိန်းမငယ်လေး အသက်ပြန်ရှင်လာ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျက်ရည်ကျရခြင်းမှ ပီတိသောမနဿဖြစ်ခြင်းသို့
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရှု လူသေတွေကို ပြန်ရှင်အောင်လုပ်ပေးတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • တို့တစ်တွေ သေခြင်းကနေ ပြန်နိုးလာနိုင်တယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေရှု အံ့ဩစရာတွေ လုပ်ပြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၄၇ စာ. ၁၁၈-စာ. ၁၁၉ ပိုဒ်. ၆
ယာအိရုရဲ့သမီးကို ယေရှု အသက်ပြန်ရှင်စေ

အခန်း ၄၇

မိန်းကလေး အသက်ပြန်ရှင်လာ

မဿဲ ၉:၁၈၊ ၂၃-၂၆ မာကု ၅:၂၂-၂၄၊ ၃၅-၄၃ လုကာ ၈:၄၀-၄၂၊ ၄၉-၅၆

  • ယာအိရုရဲ့ သမီးကို ယေရှု အသက်ပြန်ရှင်စေ

ယေရှုကြောင့် သွေးသွန်နာစွဲတဲ့ အမျိုးသမီး ရောဂါပျောက်သွားတာကို ယာအိရု မြင်လိုက်ရတယ်။ ဒါကြောင့် သူ့သမီးလေးကိုလည်း ယေရှုကုပေးနိုင်မှန်း သိတယ်။ ဒါပေမဲ့ ‘အခုလောက်ဆိုရင် သမီးလေး သေနေလောက်ပြီ’ လို့တွေးနေမိတယ်။ (မဿဲ ၉:၁၈) အဲဒီမိန်းကလေး ပြန်နေကောင်းလာနိုင်ပါ့မလား။

ယေရှုက ရောဂါပျောက်သွားတဲ့ အမျိုးသမီးနဲ့ စကားပြောနေတုန်း ယာအိရုအိမ်ကနေ လူတချို့ ရောက်လာပြီး “သမီးလေး ဆုံးသွားပါပြီ။ ဆရာ့ကို ဒုက္ခမပေးပါနဲ့တော့” လို့ပြောတယ်။—မာကု ၅:၃၅။

သတင်းဆိုးကြီးပါပဲ။ သူ့ရဲ့တစ်ဦးတည်းသော သမီးလေး ဆုံးသွားရှာပြီ။ ယာအိရုဟာ သူ့အသိုင်းအဝိုင်းမှာ ရိုသေလေးစားခံရသူ၊ သြဇာအာဏာရှိသူ ဖြစ်ပေမဲ့ အခုတော့ ဘာမှ မတတ်နိုင်တော့ဘူး။ ဒါပေမဲ့ ဒီသတင်းကိုကြားတော့ ယေရှုက ယာအိရုဘက်လှည့်ပြီး “ဘာမှ မစိုးရိမ်ပါနဲ့။ ယုံကြည်ခြင်းသာ ရှိပါ” လို့ ပြောလိုက်တယ်။—မာကု ၅:၃၆။

ယာအိရုသမီးရဲ့အလောင်းဘေးမှာ ဝမ်းနည်းတကြီး ငိုကြွေးနေသူတွေ

ဒီနောက် ယေရှုက ယာအိရုအိမ်ကို လိုက်သွားတယ်။ အဲဒီကို ရောက်တဲ့အခါ လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေတာ၊ ရင်ဘတ်ထုပြီး အော်ငိုနေကြတာကို တွေ့ရတယ်။ ဒါနဲ့ အိမ်ထဲ၀င်ပြီး “ဒီမိန်းကလေး သေတာမှ မဟုတ်ဘဲ။ အိပ်ပျော်နေတာ” လို့ပြောလိုက်တယ်။ (မာကု ၅:၃၉) ယုံနိုင်စရာမရှိတဲ့ စကားပါပဲ။ ဒါကိုကြားတော့ လူတွေ လှောင်ရယ်ကြပါလေရော။ မိန်းကလေး တကယ်သေသွားပြီဆိုတာ သူတို့ သိတာကိုး။ ဒါပေမဲ့ အိပ်မောကျနေတဲ့သူ နိုးထလာနိုင်သလို သေနေတဲ့သူ အသက် ပြန်ရှင်လာနိုင်တယ်ဆိုတာ သက်သေပြဖို့ ယေရှုက ဘုရားပေး တန်ခိုးကို အသုံးပြုပါလိမ့်မယ်။

ယေရှုက မိန်းကလေးရဲ့ မိဘနှစ်ပါးနဲ့ ပေတရု၊ ယာကုပ်၊ ယောဟန်ကလွဲလို့ အားလုံးကို အပြင်ထွက်ခိုင်းလိုက်တယ်။ ပြီးတော့ သူတို့ငါးယောက်နဲ့အတူ မိန်းကလေးရှိတဲ့ အခန်းထဲ ဝင်လာတယ်။ ဒီနောက် မိန်းကလေးရဲ့လက်ကို ကိုင်ပြီး “‘တလိသ ကုမိ’ လို့ပြောတယ်။ ‘မိန်းကလေး၊ ကျွန်တော်ပြောမယ်၊ “ထပါ”’ လို့အဓိပ္ပာယ်ရတယ်။” (မာကု ၅:၄၁) မိန်းကလေးလည်း ချက်ချင်းထပြီး လမ်းလျှောက်တော့တယ်။ ဒါကိုမြင်တော့ ယာအိရုနဲ့ သူ့ဇနီး ဘယ်လောက် ဝမ်းသာသွားမလဲဆိုတာ စဉ်းစားကြည့်ပါ။ မိန်းကလေး တကယ်အသက်ရှင်ပြီဆိုတာ ထပ်ဆင့် သက်သေပြတဲ့အနေနဲ့ ယေရှုက မိန်းကလေးကို စားစရာတစ်ခုခုကျွေးဖို့ မှာတယ်။

ခါတိုင်းလိုပဲ ဒီတစ်ခေါက်မှာလည်း ယေရှုက သူလုပ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောနဲ့လို့ မိဘတွေကို မှာတယ်။ ဒါပေမဲ့ ဝမ်းသာနေတဲ့ မိဘတွေနဲ့ တခြားသူတွေကြောင့် ဒီသတင်းဟာ “အဲဒီဒေသတစ်ခုလုံး ပျံ့သွားတယ်။” (မဿဲ ၉:၂၆) ချစ်ရတဲ့သူတစ်ယောက် သေရာကနေ အသက်ပြန်ရှင်လာတာကို မြင်တွေ့ရမယ်ဆိုရင် သင်လည်း ၀မ်းသာအားရ ပြောပြမှာပဲ မဟုတ်လား။ ဒီမှတ်တမ်းက သေတဲ့သူ ပြန်ရှင်လာအောင် ယေရှုလုပ်ပေးတဲ့ ဒုတိယမှတ်တမ်းဖြစ်တယ်။

  • ယာအိရု ဘာသတင်း ကြားလိုက်ရသလဲ။ သူ့ကို ယေရှု ဘယ်လို အားပေးသလဲ။

  • ယာအိရုရဲ့အိမ်ကို ယေရှုရောက်တဲ့အခါ ဘာတွေ ဖြစ်နေသလဲ။

  • မိန်းကလေး သေတာမဟုတ်ဘဲ အိပ်ပျော်နေတာလို့ ယေရှု ဘာကြောင့် ပြောသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ